ချယ်ဆီးအသင်း တိုက်စစ်မှာ အသက် ၂၂နှစ်အရွယ် တန်မီအေဗရာဟမ် က အစွမ်းပြနေပြီး ပရီးမီးယားလိဂ် ၁၀ပွဲမှာ ၈ဂိုး ရရှိထားကာ လက်ရှိထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ မန်ချက်စတာစီးတီး ရဲ့ ဆာဂျီယို အဂွဲရိုးနဲ့ အတူ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဘတ်ရှူဝါရီနဲ့ ဂျီရူးကတော့ ဒီရာသီ လမ်းပတ်ရဲ့ အသင်းအတွက် ပရီးမီးယားလိဂ် မှာ နှစ်ယောက်ပေါင်း ၁၆၄ မိနစ် ကစားထားခဲ့ပါတယ်။

“တန်မီက ပုံမှန်ဂိုးသွင်းနေပြီး ခြေစွမ်းတည်ငြိမ်မှုရနေတဲ့အခါ ဒါက မလွယ်ပါဘူး။ မစ်ချီကလဲ လမ်းကြောင်းမှန်ပေါ် ရောက်လာတယ်။ ဂျီရူးလဲ အတူတူပါပဲ။ ချယ်ဆီးအတွက် အကောင်းဆုံးဖြစ်ဖို့ ကျနော် ရွေးချယ်ရမယ်။ တိုက်စစ်မှူး သုံးယောက် ရှိတဲ့အတွက် ကျနော်က ရွေးချယ်မှုတွေ လုပ်ရမှာပါ။ ”

” မကစားရတဲ့အခါ စိတ်ဓာတ်ကောင်းကောင်း ထားဖို့က ကစားသမားအတွက်ရော အသင်းအတွက်ပါ အရေးကြီးတယ်။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ပတ်သက်ပြီး ကျနော် စောဒက မတက်နိုင်ပါဘူး။ ဒါပေမယ့် ကျနော် မြင်တဲ့အတိုင်း အသင်းကို ရွေးချယ်ရမှာပါ။ သူတို့အားလုံးရဲ့ အရည်အချင်း ကို ကျနော် သိတယ်။ တစ်ရာသီ အတွင်း အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါက အသင်းမှာ မင်းအနေနဲ့ ပရော်ဖက်ရှင်နယ် ပီသဖို့ လိုတဲ့နေရာပါပဲ။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နည်းပြ ဒီဒီယာဒက်ချမ့်နဲ့ ဘယ်လ်ဂျီယမ် နည်းပြ ရော်ဘတ်တို မာတီနက်ကလဲ သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ ဂျီရူးနဲ့ ဘတ်ရှူဝါရီ တို့ကို ကလပ်မှာ ကစားချိန် ပိုပေးစေချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပိုချက်တီနို ကလဲ အာဂျင်တီးနား အသင်းကို နိုဝင်ဘာ နှောင်းပိုင်းမှာ ဘရာဇီး၊ ဥရုဂွေး တို့နဲ့ ပွဲတွေအတွက် လိုဆယ်ဆိုကို ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဝက်ဖို့ဒ် နဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ လမ်းပတ်က နယူးကာဆယ်၊ ဘန်လေတို့နဲ့ ပွဲတွေမှာ မပါဝင်ခဲ့တဲ့ ကွင်းလယ်လူ ကန်တေ အပါအဝင် နိူင်ငံအသင်းတွေအတွက် လူစာရင်းမှာ သူ့ကစားသမားတွေ ပါဝင်နေတာ ကို သဘောကျတယ်လို့ ဆိုပါတယ်။

“ကစားသမားတွေ သူတို့နိုင်ငံအတွက် ကစားပေးနေတာကို ကျနော် သဘောကျတယ်။ ဒါက သူတို့ဟာ ကျနော်တို့ အတွက် ကောင်းကောင်း ကစားလို့ ရွေးချယ်ခံရတာပဲလေ။ အန်ဂိုလို ကန်တေက ကြံ့ခိုင်မှု ပြည့်ဝပြီး ပျော်နေရင် ကျနော်က သူ့ကို အားရဝမ်းသာ လက်ပြနှုတ်ဆက်မှာ ဖြစ်ပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ ပြန်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္း တိုက္စစ္မွာ အသက္ ၂၂ႏွစ္အ႐ြယ္ တန္မီေအဗရာဟမ္ က အစြမ္းျပေနျပီး ပရီးမီးယားလိဂ္ ၁၀ပြဲမွာ ၈ဂိုး ရရွိထားကာ လက္ရွိထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ မန္ခ်က္စတာစီးတီး ရဲ႕ ဆာဂ်ီယို အဂြဲ႐ိုးနဲ႔ အတူ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဘတ္ရႉဝါရီနဲ႔ ဂ်ီ႐ူးကေတာ့ ဒီရာသီ လမ္းပတ္ရဲ႕ အသင္းအတြက္ ပရီးမီးယားလိဂ္ မွာ ႏွစ္ေယာက္ေပါင္း ၁၆၄ မိနစ္ ကစားထားခဲ့ပါတယ္။

“တန္မီက ပုံမွန္ဂိုးသြင္းေနၿပီး ေျခစြမ္းတည္ၿငိမ္မႈရေနတဲ့အခါ ဒါက မလြယ္ပါဘူး။ မစ္ခ်ီကလဲ လမ္းေၾကာင္းမွန္ေပၚ ေရာက္လာတယ္။ ဂ်ီ႐ူးလဲ အတူတူပါပဲ။ ခ်ယ္ဆီးအတြက္ အေကာင္းဆုံးျဖစ္ဖို႔ က်ေနာ္ ေ႐ြးခ်ယ္ရမယ္။ တိုက္စစ္မႉး သုံးေယာက္ ရွိတဲ့အတြက္ က်ေနာ္က ေ႐ြးခ်ယ္မႈေတြ လုပ္ရမွာပါ။ ”

” မကစားရတဲ့အခါ စိတ္ဓာတ္ေကာင္းေကာင္း ထားဖို႔က ကစားသမားအတြက္ေရာ အသင္းအတြက္ပါ အေရးႀကီးတယ္။ သူတို႔ရဲ႕ စိတ္ဓာတ္နဲ႔ ပတ္သက္ၿပီး က်ေနာ္ ေစာဒက မတက္ႏိုင္ပါဘူး။ ဒါေပမယ့္ က်ေနာ္ ျမင္တဲ့အတိုင္း အသင္းကို ေ႐ြးခ်ယ္ရမွာပါ။ သူတို႔အားလုံးရဲ႕ အရည္အခ်င္း ကို က်ေနာ္ သိတယ္။ တစ္ရာသီ အတြင္း အမ်ားႀကီး ေျပာင္းလဲသြားႏိုင္တယ္။ ဒါက အသင္းမွာ မင္းအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ ပီသဖို႔ လိုတဲ့ေနရာပါပဲ။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္နည္းျပ ဒီဒီယာဒက္ခ်မ့္နဲ႔ ဘယ္လ္ဂ်ီယမ္ နည္းျပ ေရာ္ဘတ္တို မာတီနက္ကလဲ သူတို႔ရဲ႕ ကစားသမားေတြျဖစ္တဲ့ ဂ်ီ႐ူးနဲ႔ ဘတ္ရႉဝါရီ တို႔ကို ကလပ္မွာ ကစားခ်ိန္ ပိုေပးေစခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ပိုခ်က္တီႏို ကလဲ အာဂ်င္တီးနား အသင္းကို ႏိုဝင္ဘာ ေႏွာင္းပိုင္းမွာ ဘရာဇီး၊ ဥ႐ုေဂြး တို႔နဲ႔ ပြဲေတြအတြက္ လိုဆယ္ဆိုကို ေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဝက္ဖို႔ဒ္ နဲ႔ ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာေတာ့ လမ္းပတ္က နယူးကာဆယ္၊ ဘန္ေလတို႔နဲ႔ ပြဲေတြမွာ မပါဝင္ခဲ့တဲ့ ကြင္းလယ္လူ ကန္ေတ အပါအဝင္ ႏိူင္ငံအသင္းေတြအတြက္ လူစာရင္းမွာ သူ႔ကစားသမားေတြ ပါဝင္ေနတာ ကို သေဘာက်တယ္လို႔ ဆိုပါတယ္။

“ကစားသမားေတြ သူတို႔ႏိုင္ငံအတြက္ ကစားေပးေနတာကို က်ေနာ္ သေဘာက်တယ္။ ဒါက သူတို႔ဟာ က်ေနာ္တို႔ အတြက္ ေကာင္းေကာင္း ကစားလို႔ ေ႐ြးခ်ယ္ခံရတာပဲေလ။ အန္ဂိုလို ကန္ေတက ႀကံ့ခိုင္မႈ ျပည့္ဝၿပီး ေပ်ာ္ေနရင္ က်ေနာ္က သူ႔ကို အားရဝမ္းသာ လက္ျပႏႈတ္ဆက္မွာ ျဖစ္ၿပီး က်န္းမာေရး ေကာင္းေကာင္းနဲ႔ ျပန္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။ ” လို႔ ​ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။