လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် အက်စတွန်ဗီလာအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် ၈၅ မိနစ်ကျော်ထိ တစ်ဂိုးရံှူးအနေအထား ဖြစ်နေပေမယ့် ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

လီဗာပူးရဲ့ သွင်းဂိုးတွေကတော့ ပွဲချိန် ၈၇ မိနစ်မှာ မာနေးရဲ့ ဖြတ်တင်ဘောကို ရော်ဘတ်ဆန်က ခေါင်းတိုက်ကာ ခြေပဂိုး ယူခဲ့တာဖြစ်ပြီး အနိုင်ဂိုးကတော့ နာကျင်အချိန်ပို ၃ မိနစ်ကျော်မှာ ထရန်ရဲ့ ထောင့်ကန်ဘော ပေးမှုကို မာနေးက ခေါင်းတိုက်ချပြီး သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

ရော်ဘတ်ဆန်က ” ကုန်ခဲ့တဲ့ ၁၈ လအတွင်း ကျနော်တို့ရဲ့ ဒူပေနာပေခံမှုကို ပြသနိုင်ခဲ့တယ်။ ဒီရာသီမှာ ကျနော်တို့ ရှေ့ပဆက်ပြီး သွားနေပါတယ်။ ဒီကနေ့မှာ ကျနော်တို့ဟာ အခွင့်အရေးတွေရှိတယ်ဆိုတာလည်း သိခဲ့ကြတယ်။ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ နိုင်တာထက် ပိုကောင်းတာ မရှိတော့ပါဘူး။

အက်စတွန်ဗီလာက အခုမှ တန်းတက်လာတဲ့ အသင်းဖြစ်ပေမယ့် အဆုံးထိ တွန်းအားပေး တိုက်ခိုက်နိုင်ခဲ့တယ်။ ပွဲတိုင်းမှာ ကျနော်တို့ဟာ ကိုယ်ရဲ့ အကောင်းဆုံးကို စွမ်းဆောင်ပြပြီး အနိုင်ရဖို့ လိုတယ်ဆိုတာလည်း သိထားပါတယ် ” လို့ ပြောဆိုခဲ့တယ်။

လီဗာပူးရဲ့ အနိုင်သွင်းဂိုးရှင် မာနေးကလည်း ” ဒီကနေ့ဟာ ကျနော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်တဲ့ နေ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနိုင်သုံးမှတ်ရဖို့ ထိုက်တန်ပါတယ်။ ထောင့်ကန်ဘောကနေ သိပ်ကောင်းတဲ့ ပေးပို့မှုကို ရခဲ့ပြီး ဂိုးဝင်သွားခဲ့တာကတော့ ကျနော် နည်းနည်းလည်း ကံကောင်းခဲ့တာလည်း ပါပါတယ်။

အက်စတွန်ဗှလာက ကျနော်တို့ကို ခက်ခဲမှုတွေ ပေးတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပွဲတိုင်း ဒီလို ခက်ခဲမှုတွေ ရှိနေတာကြောင့် ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး လိဂ်ပြိုင်ပွဲတစ်ရပ် ဖြစ်နေတာပေါ့ဗျာ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ နောက်အပတ်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး လက်ရှိ ရမှတ် ၆ မှတ် ကွာဟနေမှုကို ပိုများစေဖို့ အာရုံစိုက်သွားတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၁ အျဖစ္ အက္စတြန္ဗီလာအိမ္ကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ခဲ့ျပီး ပြဲခ်ိန္ ၈၅ မိနစ္ေက်ာ္ထိ တစ္ဂိုးရံွဴးအေနအထား ျဖစ္ေနေပမယ့္ ပြဲအျပီးမွာ ၂-၁ နဲ႔ အႏုိင္ရခဲ့ပါတယ္။

လီဗာပူးရဲ႕ သြင္းဂိုးေတြကေတာ့ ပြဲခ်ိန္ ၈၇ မိနစ္မွာ မာေနးရဲ႕ ျဖတ္တင္ေဘာကို ေရာ္ဘတ္ဆန္က ေခါင္းတိုက္ကာ ေျခပဂိုး ယူခဲ့တာျဖစ္ျပီး အႏုိင္ဂိုးကေတာ့ နာက်င္အခ်ိန္ပို ၃ မိနစ္ေက်ာ္မွာ ထရန္ရဲ႕ ေထာင့္ကန္ေဘာ ေပးမႈကို မာေနးက ေခါင္းတိုက္ခ်ျပီး သြင္းယူခဲ့တာပဲျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္က ” ကုန္ခဲ့တဲ့ ၁၈ လအတြင္း က်ေနာ္တို႔ရဲ႕ ဒူေပနာေပခံမႈကို ျပသႏုိင္ခဲ့တယ္။ ဒီရာသီမွာ က်ေနာ္တုိ႔ ေရွ႔ပဆက္ျပီး သြားေနပါတယ္။ ဒီကေန႔မွာ က်ေနာ္တုိ႔ဟာ အခြင့္အေရးေတြရွိတယ္ဆိုတာလည္း သိခဲ့ၾကတယ္။ ေနာက္ဆံုးမိနစ္ သြင္းဂိုးနဲ႔ ႏုိင္တာထက္ ပိုေကာင္းတာ မရွိေတာ့ပါဘူး။

အက္စတြန္ဗီလာက အခုမွ တန္းတက္လာတဲ့ အသင္းျဖစ္ေပမယ့္ အဆံုးထိ တြန္းအားေပး တိုက္ခိုက္ႏုိင္ခဲ့တယ္။ ပြဲတိုင္းမွာ က်ေနာ္တုိ႔ဟာ ကိုယ္ရဲ႕ အေကာင္းဆံုးကို စြမ္းေဆာင္ျပျပီး အႏုိင္ရဖို႔ လိုတယ္ဆိုတာလည္း သိထားပါတယ္ ” လို႔ ေျပာဆိုခဲ့တယ္။

လီဗာပူးရဲ႕ အႏုိင္သြင္းဂိုးရွင္ မာေနးကလည္း ” ဒီကေန႔ဟာ က်ေနာ္တုိ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ ျပသႏုိင္တဲ့ ေန႔ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အႏုိင္သံုးမွတ္ရဖို႔ ထိုက္တန္ပါတယ္။ ေထာင့္ကန္ေဘာကေန သိပ္ေကာင္းတဲ့ ေပးပို႔မႈကို ရခဲ့ျပီး ဂိုးဝင္သြားခဲ့တာကေတာ့ က်ေနာ္ နည္းနည္းလည္း ကံေကာင္းခဲ့တာလည္း ပါပါတယ္။

အက္စတြန္ဗွလာက က်ေနာ္တုိ႔ကို ခက္ခဲမႈေတြ ေပးတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပြဲတိုင္း ဒီလို ခက္ခဲမႈေတြ ရွိေနတာေၾကာင့္ ပရီးမီးယားလိဂ္ဟာ ကမၻာေပၚမွာ အခက္ခဲဆံုး လိဂ္ျပိဳင္ပြဲတစ္ရပ္ ျဖစ္ေနတာေပါ့ဗ်ာ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ေနာက္အပတ္မွာေတာ့ ပရီးမီးယားလိဂ္ျပိဳင္ဘက္ မန္စီးတီးကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး လက္ရွိ ရမွတ္ ၆ မွတ္ ကြာဟေနမႈကို ပိုမ်ားေစဖို႔ အာရံုစိုက္သြားေတာ့မွာပဲ ျဖစ္ပါတယ္။