လီဗာပူးလက်ထောက်နည်းပြ ပပ်လင်ဒါးက ကလပ်အသင်းရဲ့ လေ့ကျင့်ရေးမှာ အရေးပါတဲ့ အစီအစဉ်တစ်ခုကို ဝါရင့် ကွင်းလယ်လူ ဂျိမ်းမီလ်နာက ဦးဆောင်ကာ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ လင်ဒါးဟာ ၂၀၁၈ ဇွန်လမှာ လီဗာပူးနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီး မဲဝုဒ်က လေ့ကျင့်ရေးဆိုင်ရာ တိုးတက်မှုကို တာဝန်ယူသူလည်း ဖြစ်ပါတယ်။

နယ်သာလန်ဖွား နည်းပြဟာ အသင်းကွင်းလယ်လူ ဂျိမ်းမီလ်နာထံက အတွေးကို ဆင့်ပွားပြီး ပြင်းထန်တဲ့ rondo ကစားနည်းကို လီဗာပူးအသင်းအတွက် ပြင်ဆင်ခဲ့ပါတယ်။ Rondo ကစားနည်းက ကစားသမား အစုအဖွဲ့တွေ ဘောလုံးကို ဘယ်လို ထိန်းသိမ်းနိုင်မလဲနဲ့ ပိုင်ဆိုင်မှုကို ဘယ်လို ရယူမလဲဆိုတာအတွက် ကြိးစားလေ့ရှိပြီး လူကြိုက်များတဲ့ အခြေခံ ကစားနည်းဖြစ်တယ်။

လီဗာပူးကလည်း ဖိအားပေးမှုရဲ့ အသက်ဖြစ်တဲ့ ဘောလုံးကို ပြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတာအတွက် လေ့ကျင့်မှုမှာ အဆိုပါ နည်းစနစ်ကို ၅ ယောက် ၂ ယောက် ကစားစေတဲ့ ပုံစံနဲ့ ထည့်တွင်းလေ့ရှိပါတယ်။ လီဗာပူးကတော့ ဘောလုံးကို ထိန်းသိမ်းဖို့၊ အမြန် ရွေ့လျားဖို့၊ ဘောလုံးကို အမြန်ပြန်လုဖို့နဲ့ စိတ်ဓါတ်ပြင်းပြင်းကစားဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေအတွက် လေ့ကျင့်ရတာဖြစ်ပါတယ်။

လင်ဒါးက ပြောရာမှာ ” လေ့ကျင့်ရေးမှာ အသင်းသား ၅ ယောက် ၂ ယောက်ကို လေ့ကျင့်စေတာက ဥပမာကောင်းပါ။ ဒါကို ကျနေ်ာတို့က Milly’s rondo လို့ ခေါ်ပါတယ်။ ဂျိမ်းမီလ်နာထံကနေ ဆင့်ပွားလာတဲ့ နည်းဖြစ်တယ်။ သူက ဘောလုံးပေးမှု အနည်းငယ်အတွင်း ဘောလုံးကို ဖြတ်လုရာမှာ ကျွမ်းကျင်သူဖြစ်ပါတယ်။ ဒီတော့ ဒီစနစ်ကို နောက်တစ်ဆင့်မြင့်ဖို့ သူက တကယ်ကို အာရုံစိုက်နိုင်ခဲ့တယ်။

မီလ်နာလို လူတိုင်း ဒီနည်းစနစ်ကို မီလ်နာလို စိတ်ဓါတ်ပြင်းထန်စါာနဲ့ လုပ်အောင် ဘယ်လို လုပ်မလဲဆိုတာကို ကျနော် စဉ်းစားခဲ့တယ်။ အဲ့သည်တော့ အလယ်က လူနှစ်ယောက်ကို လူ ၅ ယောက်ရဲ့ ပထမဆုံး ပေးမှု ၆ ချက်အတွင်း ဘောလုံးကို ရအောင်ယူနိုင်ရင် မက်လုံးပိုပေးဖို့ ကျနေ်ာ စီစဉ်ခဲ့တယ်။ ဒီတော့ ဒါက မီလ်နာထံက ဆင့်ပွားလာတဲ့ စနစ်ပါ။ အားလုံးကလည်း သဘောတွေ့ကျတယ် ” လို့ ဆိုပါတယ်။

Rondo ဟာ အခြေခံ ဘောလုံးကစားနည်းဖြစ်ပြီး တစ်ချက်ထိ ကစားရခြင်းဖြစ်ကာ အဖွဲ့နှစ်ဖွဲ့ ကစားရတာဖြစ်တယ်။ တစ်ဖွဲ့က ဘောလုံးကို တစ်ချက်ထိနဲ့ ပေးဖို့ဖြစ်ပြီး တစ်ဖွဲ့က အဆိုပါ ပေးမှုကို ဖြတ်လုပ်ဖို့ ကြိုးစားရခြင်းဖြစ်တယ်။ အင်မတန် လွယ်ကူ ရှင်းလင်းပေမယ့် ၁၀ ယောက် ၂ ယောက်၊ ၇ ယောက် ၂ ယောက်တွေ ကစားတတ်သလို သုံးပုံခြင်းလည်း ကွာခြားဟန်တွေ ရှိပြီး လီဗာပူးကတော့ ၅ ယောက် ၂ ယောက်မှာ ကိုယ်ပိုင်နည်းတစ်ခုနဲ့ ကစားခြင်းဖြစ်ပါတယ်။

” ကျနေ်ာတို့အသင်းမှာ ကောင်တာ ဖိအားပေးမှုက ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာ ကစားသမားတိုင်း နားလည်ကြပါတယ်။ သူတို့ အဲ့တာကို ဦးနှောက်နဲ့ မဟုတ်ပဲ နှလုံးသားနဲ့ကို ခံစားမိကြတယ်။ ဒီလေ့ကျင့်ရေးကို သူတို့ စလုပ်ခဲ့ကြတာက ဘောလုံးကို ထိန်းသိမ်းဖို့နဲ့ ဘောလုံးဆုံးရံှူးရင် ဘာတွေကို ဦးတည်မလဲဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ပါပဲ။

လေ့ကျင့်ရေးမှာ ဘောလုံးရံှူးတာနဲ့ ယာဂင်နဲ့ နည်းပြတွေက အဲ့ဘောလုံးကို မရရအောင် ပြန်လုဖို့ အသံအကျယ်ကြီးတွေနဲ့ အော်ဟစ်ကြပါတယ်။ မန်ချက်စတာနဲ့ပွဲမှာတုန်းကတောင် ယာဂင်က ဘောလုံးကို မရရအောင် ပြန်လုဖို့ အသံအကျယ်ကြီးနဲ့ အော်ခဲ့သေးတာပါ။

အသင်းသားတွေက ဒါက ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်ကြတယ်။ ဒီပါဝါနဲ့ ခံစားချက်က ကျနေ်ာတို့ရဲ့ ကစားပွဲပါပဲ။ ကျနေ်ာတို့ရဲ့ အမှတ်လက္ခဏာက ပြင်းထန်တဲ့ စိတ်ဓါတ်ပါ။ ဘောလုံးတိုင်းကို ပြန်ရဖို့ သူတို့ ကြိုးစားကြတယ်။ ဒါကြောင့် ကျနော် နည်းပြဖြစ်ရတာကို ကြိုက်တာပါ။ လေ့ကျင့်ရေးမှာ အများကြီး ကျနေ်ာတို့ ကြိုးစားရတယ် ဒါအတွက်ပဲ ကျနေ်ာတို့ ရှင်သန်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးလက္ေထာက္နည္းျပ ပပ္လင္ဒါးက ကလပ္အသင္းရဲ႕ ေလ့က်င့္ေရးမွာ အေရးပါတဲ့ အစီအစဥ္တစ္ခုကို ဝါရင့္ ကြင္းလယ္လူ ဂ်ိမ္းမီလ္နာက ဦးေဆာင္ကာ ဖန္တီးခဲ့တယ္လို႔ ဆိုပါတယ္။ လင္ဒါးဟာ ၂၀၁၈ ဇြန္လမွာ လီဗာပူးနဲ႔ ျပန္လည္ ပူးေပါင္းခဲ့ျပီး မဲဝုဒ္က ေလ့က်င့္ေရးဆုိင္ရာ တိုးတက္မႈကို တာဝန္ယူသူလည္း ျဖစ္ပါတယ္။

နယ္သာလန္ဖြား နည္းျပဟာ အသင္းကြင္းလယ္လူ ဂ်ိမ္းမီလ္နာထံက အေတြးကို ဆင့္ပြားျပီး ျပင္းထန္တဲ့ rondo ကစားနည္းကို လီဗာပူးအသင္းအတြက္ ျပင္ဆင္ခဲ့ပါတယ္။ Rondo ကစားနည္းက ကစားသမား အစုအဖြဲ႔ေတြ ေဘာလံုးကို ဘယ္လို ထိန္းသိမ္းႏုိင္မလဲနဲ႔ ပိုင္ဆုိင္မႈကို ဘယ္လို ရယူမလဲဆိုတာအတြက္ ၾကိးစားေလ့ရွိျပီး လူၾကိဳက္မ်ားတဲ့ အေျခခံ ကစားနည္းျဖစ္တယ္။

လီဗာပူးကလည္း ဖိအားေပးမႈရဲ႕ အသက္ျဖစ္တဲ့ ေဘာလံုးကို ျပန္ရေအာင္ ဘယ္လိုလုပ္မလဲဆိုတာအတြက္ ေလ့က်င့္မႈမွာ အဆိုပါ နည္းစနစ္ကို ၅ ေယာက္ ၂ ေယာက္ ကစားေစတဲ့ ပံုစံနဲ႔ ထည့္တြင္းေလ့ရွိပါတယ္။ လီဗာပူးကေတာ့ ေဘာလံုးကို ထိန္းသိမ္းဖို႔၊ အျမန္ ေရြ႔လ်ားဖို႔၊ ေဘာလံုးကို အျမန္ျပန္လုဖို႔နဲ႔ စိတ္ဓါတ္ျပင္းျပင္းကစားဖို႔ အစရွိတဲ့ ရည္ရြယ္ခ်က္ေတြအတြက္ ေလ့က်င့္ရတာျဖစ္ပါတယ္။

လင္ဒါးက ေျပာရာမွာ ” ေလ့က်င့္ေရးမွာ အသင္းသား ၅ ေယာက္ ၂ ေယာက္ကို ေလ့က်င့္ေစတာက ဥပမာေကာင္းပါ။ ဒါကို က်ေန္ာတို႔က Milly’s rondo လို႔ ေခၚပါတယ္။ ဂ်ိမ္းမီလ္နာထံကေန ဆင့္ပြားလာတဲ့ နည္းျဖစ္တယ္။ သူက ေဘာလံုးေပးမႈ အနည္းငယ္အတြင္း ေဘာလံုးကို ျဖတ္လုရာမွာ ကၽြမ္းက်င္သူျဖစ္ပါတယ္။ ဒီေတာ့ ဒီစနစ္ကို ေနာက္တစ္ဆင့္ျမင့္ဖို႔ သူက တကယ္ကို အာရံုစိုက္ႏုိင္ခဲ့တယ္။

မီလ္နာလို လူတိုင္း ဒီနည္းစနစ္ကို မီလ္နာလို စိတ္ဓါတ္ျပင္းထန္စါာနဲ႔ လုပ္ေအာင္ ဘယ္လို လုပ္မလဲဆိုတာကို က်ေနာ္ စဥ္းစားခဲ့တယ္။ အဲ့သည္ေတာ့ အလယ္က လူႏွစ္ေယာက္ကို လူ ၅ ေယာက္ရဲ႕ ပထမဆံုး ေပးမႈ ၆ ခ်က္အတြင္း ေဘာလံုးကို ရေအာင္ယူႏုိင္ရင္ မက္လံုးပိုေပးဖို႔ က်ေန္ာ စီစဥ္ခဲ့တယ္။ ဒီေတာ့ ဒါက မီလ္နာထံက ဆင့္ပြားလာတဲ့ စနစ္ပါ။ အားလံုးကလည္း သေဘာေတြ႔က်တယ္ ” လို႔ ဆိုပါတယ္။

Rondo ဟာ အေျခခံ ေဘာလံုးကစားနည္းျဖစ္ျပီး တစ္ခ်က္ထိ ကစားရျခင္းျဖစ္ကာ အဖြဲ႔ႏွစ္ဖြဲ႔ ကစားရတာျဖစ္တယ္။ တစ္ဖြဲ႔က ေဘာလံုးကို တစ္ခ်က္ထိနဲ႔ ေပးဖို႔ျဖစ္ျပီး တစ္ဖြဲ႔က အဆိုပါ ေပးမႈကို ျဖတ္လုပ္ဖို႔ ၾကိဳးစားရျခင္းျဖစ္တယ္။ အင္မတန္ လြယ္ကူ ရွင္းလင္းေပမယ့္ ၁၀ ေယာက္ ၂ ေယာက္၊ ၇ ေယာက္ ၂ ေယာက္ေတြ ကစားတတ္သလို သံုးပံုျခင္းလည္း ကြာျခားဟန္ေတြ ရွိျပီး လီဗာပူးကေတာ့ ၅ ေယာက္ ၂ ေယာက္မွာ ကိုယ္ပိုင္နည္းတစ္ခုနဲ႔ ကစားျခင္းျဖစ္ပါတယ္။

” က်ေန္ာတုိ႔အသင္းမွာ ေကာင္တာ ဖိအားေပးမႈက ဘယ္ေလာက္ေတာင္ အေရးၾကီးတယ္ဆိုတာ ကစားသမားတိုင္း နားလည္ၾကပါတယ္။ သူတို႔ အဲ့တာကို ဦးေႏွာက္နဲ႔ မဟုတ္ပဲ ႏွလံုးသားနဲ႔ကို ခံစားမိၾကတယ္။ ဒီေလ့က်င့္ေရးကို သူတို႔ စလုပ္ခဲ့ၾကတာက ေဘာလံုးကို ထိန္းသိမ္းဖို႔နဲ႔ ေဘာလံုးဆံုးရံွဴးရင္ ဘာေတြကို ဦးတည္မလဲဆိုတဲ့ ဆံုးျဖတ္ခ်က္အတြက္ပါပဲ။

ေလ့က်င့္ေရးမွာ ေဘာလံုးရံွဴးတာနဲ႔ ယာဂင္နဲ႔ နည္းျပေတြက အဲ့ေဘာလံုးကို မရရေအာင္ ျပန္လုဖို႔ အသံအက်ယ္ၾကီးေတြနဲ႔ ေအာ္ဟစ္ၾကပါတယ္။ မန္ခ်က္စတာနဲ႔ပြဲမွာတုန္းကေတာင္ ယာဂင္က ေဘာလံုးကို မရရေအာင္ ျပန္လုဖို႔ အသံအက်ယ္ၾကီးနဲ႔ ေအာ္ခဲ့ေသးတာပါ။

အသင္းသားေတြက ဒါက ဘယ္ေလာက္အေရးၾကီးတယ္ဆိုတာ နားလည္ၾကတယ္။ ဒီပါဝါနဲ႔ ခံစားခ်က္က က်ေန္ာတို႔ရဲ႕ ကစားပြဲပါပဲ။ က်ေန္ာတို႔ရဲ႕ အမွတ္လကၡဏာက ျပင္းထန္တဲ့ စိတ္ဓါတ္ပါ။ ေဘာလံုးတိုင္းကို ျပန္ရဖို႔ သူတို႔ ၾကိဳးစားၾကတယ္။ ဒါေၾကာင့္ က်ေနာ္ နည္းျပျဖစ္ရတာကို ၾကိဳက္တာပါ။ ေလ့က်င့္ေရးမွာ အမ်ားၾကီး က်ေန္ာတို႔ ၾကိဳးစားရတယ္ ဒါအတြက္ပဲ က်ေန္ာတို႔ ရွင္သန္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။