လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ လီဗာပူးအတွက် ခေါင်းတိုက် ဂိုး နှစ် ဂိုး သွင်းယူခဲ့ပြီး ထို နှစ်ဂိုးလုံး အတွက် လီဗာပူး လူငယ် ထရန့် အလက်ဇန်းဒါး အာနိုးက ဂိုး ဖန်တီး ထောက်ပံ့မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး လူငယ်လေးက ကောင်းမွန်တိကျတဲ့ ဖြတ်တင်ဘော နှစ်လုံးနဲ့ ဗန်ဒိုက် သွင်းဂိုးတွေ အတွက် ကူညီခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ရခဲ့တဲ့ ပထမဂိုးက ဖရီးကစ်မှ တစ်ဆင့် အလက်ဇန်းဒါး အာနိုးက လှလှပပ တင်ပေးလိုက်တာ ဖြစ်ပြီး ဒုတိယဂိုးကတော့ ထောင့်ကန်ဘောကနေ ဧရိယာထဲ ကန်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်ကို နိုင်လိုက်တာကြောင့် လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ပထမနေရာမှာ အမှတ် ၈ မှတ် ဖြတ်ပြီး ဆက်လက် ရပ်တည်ခဲ့ပါတယ်။

အလက်ဇန်းဒါး အာနိုးကတော့ သူ့ရဲ့ ဂိုးထောက်ပံ့မှု နှစ်ကြိမ်အတွက် ဗန်ဒိုက် ဒင်နာလိုက်ကျွေးဖို့ တောင်းဆိုမှာ ဖြစ်ကြောင်း တွစ်တာကနေ အရွှန်းဖောက်ခဲ့ပါတယ်။ ၎င်းက ပွဲချိန် မိနစ် ၄၀ က ဖြတ်တင်ဘော ကန်ခဲ့ပုံနဲ့ အတူ ” ဗန်ဒိုက်က ဒင်နာ အကြွေးတင်ပြီ” လို့ ရေးသားထားခဲ့တာပါ။

” ကျနော်တို့မှာ ကစားသမားကောင်းတွေ ရှိထားတယ်။ တကယ်လို့သာ ဘောလုံးကို ကောင်းကောင်း ပေးပို့နိုင်ရင် သူတို့ ဂိုးသွင်းဖို့ အခွင့်အရေး ကောင်း ရမှာ ဖြစ်တယ်။ ဂိုး မသွင်းနိုင်တောင်း ဆက်လက်ပြီး တိုက်ပွဲက ဝင်သွားမှာပါ။ ”

” အသင်းဖော်ကောင်းတွေ ပိုင်ဆိုင်ထားပြီး သူတို့ က ခေါင်းတိုက်လည်း ကောင်းတော့ အချိန်ကိုက် ပြေးလွှားမှုတွေ ပေးပို့မှုကောင်းတွေပဲ လုပ်ဖို့ လိုတယ်။ သူတို့လည်း အခွင့်အရေး ကောင်းတွေ ရခဲ့ပြီး ကျနေ်ာတို့ကတော့ နှစ်ကြိမ် အသုံးချနိုင်ခဲ့တယ်။ ” လို့ ထရန့်က ပွဲအပြီးမှာ ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းဟာ သူတို့ အလိုရှိသလောက် အစွမ်းပြ မကစားနိုင်ဘူးလို့တော့ ထရန့်က ဝန်ခံခဲ့ပြီး ရလဒ်ကောင်းတွေ ဆက်တိုက် ရနေတာကတော့ တကယ် ကောင်းမွန်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Zawgyi

လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္ဟာ ဘရိုက္တန္နဲ႕ ပြဲမွာ လီဗာပူးအတြက္ ေခါင္းတိုက္ ဂိုး နွစ္ ဂိုး သြင္းယူခဲ့ျပီး ထို နွစ္ဂိုးလံုး အတြက္ လီဗာပူး လူငယ္ ထရန္႔ အလက္ဇန္းဒါး အာနုိးက ဂိုး ဖန္တီး ေထာက္ပံ့မႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူး လူငယ္ေလးက ေကာင္းမြန္တိက်တဲ့ ျဖတ္တင္ေဘာ နွစ္လံုးနဲ႕ ဗန္ဒိုက္ သြင္းဂိုးေတြ အတြက္ ကူညီခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ရခဲ့တဲ့ ပထမဂိုးက ဖရီးကစ္မွ တစ္ဆင့္ အလက္ဇန္းဒါး အာနုိးက လွလွပပ တင္ေပးလိုက္တာ ျဖစ္ျပီး ဒုတိယဂိုးကေတာ့ ေထာင့္ကန္ေဘာကေန ဧရိယာထဲ ကန္တင္ေပးခဲ့တာ ျဖစ္ပါတယ္။ ဘရိုက္တန္ကို နိုင္လိုက္တာေၾကာင့္ လီဗာပူးအသင္းဟာ အမွတ္ေပးဇယား ပထမေနရာမွာ အမွတ္ ၈ မွတ္ ျဖတ္ျပီး ဆက္လက္ ရပ္တည္ခဲ့ပါတယ္။

အလက္ဇန္းဒါး အာနုိးကေတာ့ သူ႔ရဲ႕ ဂိုးေထာက္ပံ့မႈ နွစ္ၾကိမ္အတြက္ ဗန္ဒိုက္ ဒင္နာလိုက္ေကၽြးဖို႔ ေတာင္းဆိုမွာ ျဖစ္ေၾကာင္း တြစ္တာကေန အရႊန္းေဖာက္ခဲ့ပါတယ္။ ၄င္းက ပြဲခ်ိန္ မိနစ္ ၄၀ က ျဖတ္တင္ေဘာ ကန္ခဲ့ပံုနဲ႕ အတူ ” ဗန္ဒိုက္က ဒင္နာ အေၾကြးတင္ျပီ” လုိ႔ ေရးသားထားခဲ့တာပါ။

” က်ေနာ္တို႔မွာ ကစားသမားေကာငး္ေတြ ရွိထားတယ္။ တကယ္လို႔သာ ေဘာလံုးကို ေကာင္းေကာင္း ေပးပို႔နိုင္ရင္ သူတို႔ ဂိုးသြင္းဖို႔ အခြင့္အေရး ေကာင္း ရမွာ ျဖစ္တယ္။ ဂိုး မသြင္းနုိင္ေတာင္း ဆက္လက္ျပီး တိုက္ပြဲက ၀င္သြားမွာပါ။ ”

” အသင္းေဖာ္ေကာင္းေတြ ပိုင္ဆိိုင္ထားျပီး သူတို႕ က ေခါင္းတိုက္လည္း ေကာင္းေတာ့ အခ်ိန္ကိုက္ ေျပးလႊားမႈေတြ ေပးပို႔မႈေကာင္းေတြပဲ လုပ္ဖို႔ လိုတယ္။ သူတို႔လည္း အခြင့္အေရး ေကာင္းေတြ ရခဲ့ျပီး က်ေန္ာတို႔ကေတာ့ နွစ္ၾကိမ္ အသံုးခ်နိုင္ခဲ့တယ္။ ” လို႔ ထရန္႕က ပြဲအျပီးမွာ ေျဖၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးအသင္းဟာ သူတို႔ အလိုရွိသေလာက္ အစြမ္းျပ မကစားနုိင္ဘူးလို႔ေတာ့ ထရန္႔က ၀န္ခံခဲ့ျပီး ရလဒ္ေကာင္းေတြ ဆက္တိုက္ ရေနတာကေတာ့ တကယ္ ေကာင္းမြန္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။