ချယ်ဆီးဟာ ဒီရာသီ လိဂ်မှာ အဝေးကွင်းရလဒ် အကောင်းဆုံးဖြစ်ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ အဲ့လိုမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဖရန့် လမ်းပတ်ရဲ့ လူငယ်အသင်းအနေနဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဖိအားခံစားရနိုင်တယ်လို့ ပူလီဆစ်က ထင်နေတာဖြစ်ပါတယ်။

ချယ်ဆီးဟာ ဒီရာသီ အိမ်ကွင်းပွဲ ၇ ပွဲကစားပြီးချိန်မှာ ၃ ပွဲပဲ အနိုင်ရပြီး ၂ ပွဲသရေ ၂ ပွဲ ရံှူးထားပါတယ်။ ဒါပေမယ့်လို့ အဝေးကွင်းမှာတော့ ရလဒ်ကောင်းတွေ ရယူထားနိုင်ပြီး ၅ ပွဲထိ အနိုင်ရကာ ၂ ပွဲပဲ အရေးနိမ့်ထားတာဖြစ်တယ်။ ချယ်ဆီး အရေးနိမ့်ထားတဲ့ အဝေးကွင်းပွဲ နှစ်ပွဲက ယူနိုက်တက်နဲ့ မန်စီးတီးတိုဖြစ်ကာ ဒီရာသီမှာ လီဗာပူးနောက် အဝေးကွင်းအကောင်းဆုံး အသင်းအဖြစ်လည်း ချယ်ဆီးက မှတ်တမ်းဝင်ပါတယ်။

ပူလီဆစ်က ” ဒီရာသီအိမ်ကွင်းမှာ ကျနော်တို့ ပိုကောင်းအောင် လုပ်ပြဖို့ အလိုရှိခဲ့တာပါ။ ကျနော်တို့ရဲ့ အဝေးကွင်းပုံစံက ကောင်းမွန်ခဲ့ပေမယ့် တစ်ခါတစ်လေ အိမ်ကွင်းမှာ ပိုခက်ခဲခဲ့တယ်။ ရလဒ်ကောင်းအချို့တော့ ရခဲ့ပေမယ့် ကျနော်တို့ဟာ ကျနော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ အကောင်းဆုံးတွေပဲ လုပ်ပြချင်ခဲ့တာပါ။ ဒါကို ရှင်းပြလို့မရပါဘူး။

အိမ်ကွင်းမှာ ကျနော်တို့ လိုအပ်တာထက် ဖိအားအနည်းငယ် ပိုခံစားခဲ့ရတာဖြစ်နိုင်ပါတယ်၊ ဘယ်နေရာမှာ ကစားကစား ကျနော်တို့က ရလဒ်ကောင်းတွေပဲ လိုချင်တာပါ၊အဝေးကွင်းပဲဖြစ်ဖြစ် အိမ်ကွင်းပဲဖြစ်ဖြစ် ကျနော်တို့ဟာ တူညီတဲ့ အားထုတ်မှုနဲ့ အကောင်းဆုံးတွေကို မျှော်လင့်တာပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

အသင်းအတွက် ၁၁ ဂိုးသွင်းယူထားတဲ့ တန်မီအေဗရာဟမ်ဟာ ဗလန်စီယာနဲ့ သရေပွဲအတွင်း ဒဏ်ရာရရှိခဲ့တာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့နေရာမှာ ဂျီရူးက ပွဲထွက်လာခဲ့ပြီး ဝီလီယံနေရာမှာတော့ ပက်ဒရိုက ပွဲထွက်ခဲ့ပါတယ်။ သူတို့နှစ်ဦးက ပထမဆုံးပွဲထွက်မှုမှာ ရုန်းကန်ခဲ့ရပေမယ့်လဲ အသင်းအပေါ်မှာ ယုံကြည်မှုရှိနေဆဲပါလို့ ပူလီဆစ်က ဆိုပါတယ်။

” ဒီရာသီမှာ အေဗရာဟမ်က ကျနော်တို့အတွက် ကောင်းကောင်း လုပ်ဆောင်ပေးခဲ့တာဖြစ်ပေမယ့် တခြားလူတွေကလဲ ကူညီ ပေးနိုင်ပါတယ်။ ဂျီရူးက ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ပါ၊ သူ့အနေနဲ့ နည်းနည်း ကံမကောင်းခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ လိုအပ်တဲ့ နေရာကို ဝင်ကစားနိုင်တဲ့ သူတွေရှိတယ်။ ပြည့်စုံတဲ့ စုဖွဲ့မှုနဲ့ ကြံ့ခိုင်မှု ပြည့်ဝတဲ့ အသင်းရှိတယ်၊ ဒါကြောင့် ပြဿနာမရှိပါဘူး” လို့ ပူလီဆစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ဒီရာသီ လိဂ္မွာ အေဝးကြင္းရလဒ္ အေကာင္းဆုံးျဖစ္ေပမယ့္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာေတာ့ အဲ့လိုမစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဖရန္႕ လမ္းပတ္ရဲ႕ လူငယ္အသင္းအေနနဲ႔ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ဖိအားခံစားရႏိုင္တယ္လို႔ ပူလီဆစ္က ထင္ေနတာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီ အိမ္ကြင္းပြဲ ၇ ပြဲကစားျပီးခ်ိန္မွာ ၃ ပြဲပဲ အႏုိင္ရျပီး ၂ ပြဲသေရ ၂ ပြဲ ရံွဴးထားပါတယ္။ ဒါေပမယ့္လို႔ အေဝးကြင္းမွာေတာ့ ရလဒ္ေကာင္းေတြ ရယူထားႏုိင္ျပီး ၅ ပြဲထိ အႏုိင္ရကာ ၂ ပြဲပဲ အေရးနိမ့္ထားတာျဖစ္တယ္။ ခ်ယ္ဆီး အေရးနိမ့္ထားတဲ့ အေဝးကြင္းပြဲ ႏွစ္ပြဲက ယူႏုိက္တက္နဲ႔ မန္စီးတီးတိုျဖစ္ကာ ဒီရာသီမွာ လီဗာပူးေနာက္ အေဝးကြင္းအေကာင္းဆံုး အသင္းအျဖစ္လည္း ခ်ယ္ဆီးက မွတ္တမ္းဝင္ပါတယ္။

ပူလီဆစ္က ” ဒီရာသီအိမ္ကြင္းမွာ က်ေနာ္တို႔ ပိုေကာင္းေအာင္ လုပ္ျပဖို႔ အလိုရွိခဲ့တာပါ။ က်ေနာ္တို႔ရဲ႕ အေဝးကြင္းပုံစံက ေကာင္းမြန္ခဲ့ေပမယ့္ တစ္ခါတစ္ေလ အိမ္ကြင္းမွာ ပိုခက္ခဲခဲ့တယ္။ ရလဒ္ေကာင္းအခ်ိဳ႕ေတာ့ ရခဲ့ေပမယ့္ က်ေနာ္တို႔ဟာ က်ေနာ္တို႔ရဲ႕ ပရိသတ္ေတြေရွ႕မွာ အေကာင္းဆုံးေတြပဲ လုပ္ျပခ်င္ခဲ့တာပါ။ ဒါကို ရွင္းျပလို႔မရပါဘူး။

အိမ္ကြင္းမွာ က်ေနာ္တို႔ လိုအပ္တာထက္ ဖိအားအနည္းငယ္ ပိုခံစားခဲ့ရတာျဖစ္ႏိုင္ပါတယ္၊ ဘယ္ေနရာမွာ ကစားကစား က်ေနာ္တို႔က ရလဒ္ေကာင္းေတြပဲ လိုခ်င္တာပါ၊အေဝးကြင္းပဲျဖစ္ျဖစ္ အိမ္ကြင္းပဲျဖစ္ျဖစ္ က်ေနာ္တို႔ဟာ တူညီတဲ့ အားထုတ္မႈနဲ႔ အေကာင္းဆုံးေတြကို ေမွ်ာ္လင့္တာပါပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။

အသင္းအတြက္ ၁၁ ဂိုးသြင္းယူထားတဲ့ တန္မီေအဗရာဟမ္ဟာ ဗလန္စီယာနဲ႔ သေရပြဲအတြင္း ဒဏ္ရာရရွိခဲ့တာေၾကာင့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ သူ႔ေနရာမွာ ဂ်ီ႐ူးက ပြဲထြက္လာခဲ့ၿပီး ဝီလီယံေနရာမွာေတာ့ ပက္ဒ႐ိုက ပြဲထြက္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးက ပထမဆုံးပြဲထြက္မႈမွာ ႐ုန္းကန္ခဲ့ရေပမယ့္လဲ အသင္းအေပၚမွာ ယုံၾကည္မႈရွိေနဆဲပါလို႔ ပူလီဆစ္က ဆိုပါတယ္။

” ဒီရာသီမွာ ေအဗရာဟမ္က က်ေနာ္တို႔အတြက္ ေကာင္းေကာင္း လုပ္ေဆာင္ေပးခဲ့တာျဖစ္ေပမယ့္ တျခားလူေတြကလဲ ကူညီ ေပးႏိုင္ပါတယ္။ ဂ်ီ႐ူးက ႀကီးက်ယ္တဲ့ ကစားသမားတစ္ေယာက္ပါ၊ သူ႔အေနနဲ႔ နည္းနည္း ကံမေကာင္းခဲ့လို႔ ဂိုးမရခဲ့တာျဖစ္ပါတယ္။ က်ေနာ္တို႔မွာ လိုအပ္တဲ့ ေနရာကို ဝင္ကစားႏိုင္တဲ့ သူေတြရွိတယ္။ ျပည့္စုံတဲ့ စုဖြဲ႕မႈနဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝတဲ့ အသင္းရွိတယ္၊ ဒါေၾကာင့္ ျပႆနာမရွိပါဘူး” လို႔ ပူလီဆစ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။