ဂန်းနားတွေဟာ မန်နေဂျာအမ်မရီ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ယာယီမန်နေဂျာယွန်းဘတ်နဲ့ စတင်ခဲ့တဲ့ ပထမဆုံးပွဲမှာ အကောင်းဆုံး စတင်ခဲ့ပေမယ့်လဲ ကာရိုးရုဒ်မှာ တိုက်စစ်မှူး အူဘာမီးယန်းရဲ့ ခြေပသွင်းဂို းနှစ်ဂိုးကြောင့်သာ သရေတစ်မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသရေပွဲကြောင့် အာဆင်နယ်ဟာ ပြိုင်ပွဲစုံ နိုင်ပွဲမရခဲ့တာ ၈ပွဲ ရှိပြီဖြစ်ပြီး အဆင့်လေးနေရာက ချယ်ဆီးနဲ့ ၇ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ ရလဒ်ကို စိတ်ပျက်ခဲ့ပေမယ့်လဲ ယွန်းဘတ်အတွက် ကြာသပတေးနေ့ ဘရိုက်တန်နဲ့ပွဲ မတိုင်ခင် အကောင်းမြင်စရာ များစွာရှိခဲ့ပါတယ်။

” ကျနော်တို့ ပွဲကိုကောင်းကောင်း စတင်ခဲ့ပါတယ်၊ ဒါက ကျနော် ကစားချင်တဲ့ပုံစံပါပဲ။ ကျနော်တို့ လုံးဝ လွှမ်းမိုးထားခဲ့တာပါ၊ ဂိုးတစ်ဂိုး လိုအပ်ခဲ့ပေမယ့် မရယူနိုင်ခဲ့ဘူး။ ဒါပေမယ့် အပြောင်းအလဲကာလမှာ ကျနော်တို့ ဆက်သွားဖို့ လိုအပ်တယ်။ ကျနော်တို့ ပွဲကိုလွှမ်းမိုးထားခဲ့ပေမယ့် သူတို့က လွယ်လွယ် ချိုးဖျက်ခဲ့တယ်။ ဒါကြောင့်ပဲ သူတို့တွေ ၂ဂိုးရရှိခဲ့တာပါ။

ရလဒ်က လက်ခံဖို့ ခက်ခဲပေမယ့်လဲ ကစားသမားတွေဟာ သူတို့ရဲ့စိတ်ဓာတ်ကို ပြသခဲ့တယ်။ သူတို့ဟာ အဝေးကွင်းမှာ နှစ်ကြိမ်တိုင် ဦးဆောင်ခံခဲ့ရပေမယ့် ပြန်လာနိုင်ခဲ့တယ်။ ဒါက ကျနော်တို့မှာ စိတ်အားထက်သန်မှုရှိတယ်ဆိုတာကို ပြသတာပါ။ ဒါကို ဆက်ထိန်းသိမ်းဖို့ လိုပါတယ်” ဆိုပြီး ယွန်းဘတ်က ပြောဆိုခဲ့ပါတယ်။

သောကြာနေ့မှာ အမ်မရီ ထုတ်ပယ်ခံခဲ့ရပြီးနောက် နောဝစ်ချ်နဲ့ပွဲအတွက် ပြင်ဆင်ဖို့ ယွန်းဘတ်မှာ နှစ်ရက်ပဲ အချိန်ရခဲ့တာပါ။ ပြင်ဆင်ချိန် နည်းပေမယ့်လဲ အသင်းအနေနဲ့ ကောင်းကောင်းလုပ်ပြနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ယွန်းဘတ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

ယာယီမန်နေဂျာကြီးက ” ပွဲအစပိုင်းမှာ ကစားသမားတွေ တက်ကြွနေခဲ့တဲ့အချိန် ကျနော်တို့ လေ့ကျင့်ရေးမှာ လုပ်ခဲ့တဲ့ အရာများစွာကို ကစားပွဲထဲ လုပ်ပြနိုင်တာကို မြင်တွေ့ခဲ့ရတယ်။ ဒါက ကျေနပ်စရာ ကောင်းခဲ့ပါတယ်၊ ကျနော်တို့ တကယ်ကောင်းမွန်တဲ့ အခိုက်အတန့် အချို့ ရရှိခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနေ်ာတို့က ဂိုးတွေသွင်းပြီး ဦးဆောင်ဖို့ လိုအပ်ခဲ့တာပါ။

ပွဲမတိုင်ခင် လေ့ကျင့်ရေးတစ်ကြိမ်ပဲ ရှိခဲ့တာက ခက်ခဲစေခဲ့တယ်။ ဒါပေမယ့် အခုတော့ ပိုပြီးအချိန်ရဖို့ မျှော်လင့်ပါတယ်။ အခု သူတို့တွေ အနားယူနိုင်ပေမယ့် နောက်ပိုင်းမှာ ပိုကြိုးစားဖို့လိုတယ်။ ကြာသပတေးနေ့ကျရင် ပိုကောင်းတဲ့ပွဲတစ်ပွဲ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဂန္းနားေတြဟာ မန္ေနဂ်ာအမ္မရီ ထုတ္ပယ္ခဲ့ၿပီးေနာက္ပိုင္း ယာယီမန္ေနဂ်ာယြန္းဘတ္နဲ႔ စတင္ခဲ့တဲ့ ပထမဆုံးပြဲမွာ အေကာင္းဆုံး စတင္ခဲ့ေပမယ့္လဲ ကာ႐ိုး႐ုဒ္မွာ တိုက္စစ္မွဴး အူဘာမီးယန္းရဲ႕ ေျခပသြင္းဂို းႏွစ္ဂိုးေၾကာင့္သာ သေရတစ္မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီသေရပြဲေၾကာင့္ အာဆင္နယ္ဟာ ၿပိဳင္ပြဲစုံ ႏိုင္ပြဲမရခဲ့တာ ၈ပြဲ ရွိၿပီျဖစ္ၿပီး အဆင့္ေလးေနရာက ခ်ယ္ဆီးနဲ႔ ၇ မွတ္ ကြာဟေနဆဲ ျဖစ္ပါတယ္။ ရလဒ္ကို စိတ္ပ်က္ခဲ့ေပမယ့္လဲ ယြန္းဘတ္အတြက္ ၾကာသပေတးေန႔ ဘ႐ိုက္တန္နဲ႔ပြဲ မတိုင္ခင္ အေကာင္းျမင္စရာ မ်ားစြာရွိခဲ့ပါတယ္။

” က်ေနာ္တို႔ ပြဲကိုေကာင္းေကာင္း စတင္ခဲ့ပါတယ္၊ ဒါက က်ေနာ္ ကစားခ်င္တဲ့ပုံစံပါပဲ။ က်ေနာ္တို႔ လုံးဝ လႊမ္းမိုးထားခဲ့တာပါ၊ ဂိုးတစ္ဂိုး လိုအပ္ခဲ့ေပမယ့္ မရယူႏိုင္ခဲ့ဘူး။ ဒါေပမယ့္ အေျပာင္းအလဲကာလမွာ က်ေနာ္တို႔ ဆက္သြားဖို႔ လိုအပ္တယ္။ က်ေနာ္တို႔ ပြဲကိုလႊမ္းမိုးထားခဲ့ေပမယ့္ သူတို႔က လြယ္လြယ္ ခ်ိဳးဖ်က္ခဲ့တယ္။ ဒါေၾကာင့္ပဲ သူတို႔ေတြ ၂ဂိုးရရွိခဲ့တာပါ။

ရလဒ္က လက္ခံဖို႔ ခက္ခဲေပမယ့္လဲ ကစားသမားေတြဟာ သူတို႔ရဲ႕စိတ္ဓာတ္ကို ျပသခဲ့တယ္။ သူတို႔ဟာ အေဝးကြင္းမွာ ႏွစ္ႀကိမ္တိုင္ ဦးေဆာင္ခံခဲ့ရေပမယ့္ ျပန္လာႏိုင္ခဲ့တယ္။ ဒါက က်ေနာ္တို႔မွာ စိတ္အားထက္သန္မႈရွိတယ္ဆိုတာကို ျပသတာပါ။ ဒါကို ဆက္ထိန္းသိမ္းဖို႔ လိုပါတယ္” ဆိုၿပီး ယြန္းဘတ္က ေျပာဆိုခဲ့ပါတယ္။

ေသာၾကာေန႔မွာ အမ္မရီ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ေနာဝစ္ခ်္နဲ႔ပြဲအတြက္ ျပင္ဆင္ဖို႔ ယြန္းဘတ္မွာ ႏွစ္ရက္ပဲ အခ်ိန္ရခဲ့တာပါ။ ျပင္ဆင္ခ်ိန္ နည္းေပမယ့္လဲ အသင္းအေနနဲ႔ ေကာင္းေကာင္းလုပ္ျပႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ယြန္းဘတ္က ယံုၾကည္ေနတာ ျဖစ္ပါတယ္။

ယာယီမန္ေနဂ်ာၾကီးက ” ပြဲအစပိုင္းမွာ ကစားသမားေတြ တက္ႂကြေနခဲ့တဲ့အခ်ိန္ က်ေနာ္တို႔ ေလ့က်င့္ေရးမွာ လုပ္ခဲ့တဲ့ အရာမ်ားစြာကို ကစားပြဲထဲ လုပ္ျပႏုိင္တာကို ျမင္ေတြ႕ခဲ့ရတယ္။ ဒါက ေက်နပ္စရာ ေကာင္းခဲ့ပါတယ္၊ က်ေနာ္တို႔ တကယ္ေကာင္းမြန္တဲ့ အခိုက္အတန္႔ အခ်ိဳ႕ ရရွိခဲ့တယ္လို႔ ထင္တယ္။ ဒါေပမယ့္ က်ေန္ာတို႔က ဂိုးေတြသြင္းၿပီး ဦးေဆာင္ဖို႔ လိုအပ္ခဲ့တာပါ။

ပြဲမတိုင္ခင္ ေလ့က်င့္ေရးတစ္ႀကိမ္ပဲ ရွိခဲ့တာက ခက္ခဲေစခဲ့တယ္။ ဒါေပမယ့္ အခုေတာ့ ပိုၿပီးအခ်ိန္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ အခု သူတို႔ေတြ အနားယူႏိုင္ေပမယ့္ ေနာက္ပိုင္းမွာ ပိုႀကိဳးစားဖို႔လိုတယ္။ ၾကာသပေတးေန႔က်ရင္ ပိုေကာင္းတဲ့ပြဲတစ္ပြဲ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။