လီဗာပူးခံစစ်မှူးဟောင်း ဝါးနော့က ဘလွန်းဒီအော့ဆုကို ဗန်ဒိုက်က အနိုင်ရခဲ့မယ်ဆိုရင် ထိပ်တန်းကစားသမားတွေက ရီးရဲလ်၊ ဘာကာကိုကျော်ပြီး လီဗာပူးကို ပြောင်းကစားဖို့ ရွေးချယ်ဖို့ဆိုတာ အမှန်ကတယ်ကို ဖြစ်လာလိမ့်မယ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာအကောင်းဆုံး အားပေးသူတွေရှိပြီး ကမ္ဘာအကောင်းဆုံး မန်နေဂျာလည်းရှိတဲ့ အသင်းတစ်သင်းမှာ ကမ္ဘာအကောင်းဆုံးသော ကစားသမားတွေနဲ့ တွဲဘက်ခွင့်ရဖို့ကို ဘယ်လို ထိပ်တန်းကစားသမားကများ ငြင်းဆန်နိုင်မလဲလို့ ဝါးနော့က သူ့ရဲ့အမြင်ကို ဆိုခဲ့တာဖြစ်တယ်။ အထူးသဖြင့် ထိပ်တန်းအသင်းတိုင်း အလိုရှိနေတဲ့ အမ်ဘတ်ပီကို လီဗာပူးက ဆွဲဆောင်နိုင်မယ်လို့ သူက ယုံကြည်နေပါတယ်။

ဝါးနော့က ” ယာဂင်ကလော့ပ်လက်အောက်မှာ လီဗာပူးက လွန်ခဲ့တဲ့ နှစ်နှစ်လောက်အတွင်း အရမ်းကို တိုးတက်လာခဲ့တယ်။ အခုချိန်မှာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေထဲမှာ လီဗာပူးအသင်းသားတွေကိုလည်း အတူတကွ ထည့်တွင်းနေကြပါပြီ။ ရိုးရိုးသားသား ပြောရအောင်ဗျာ။ ဘယ်လို ထိပ်တန်းကစားသမားက လီဗာပူးမှာ ယာဂင်ကလော့ပ်အတွက် မကစားချင်ပဲ ရှိမလဲ။ အားပေးမှုဆိုင်ရာ အသိုင်းအဝိုင်းက သိပ်ကောင်းတယ်၊ မန်နေဂျာကောင်ကလည်းရှိတယ်။

လီဗာပူးက နောက်ဆုံး နှစ်ကြိမ်ဆက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ထားတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ်တက်ထားတာကလည်း ဘားမှ ကြာသေးတာ မဟုတ်ဘူး။ ဒီအခြေအနေမှာ လီဗာပူးကို ပြောင်းရဖို့ဆိုတာ သိပ်ကောင်းတဲ့ အခွင့်အရေးပဲ။ အမ်ဘတ်ပီက လီဗာပူးကို ပြောင်းမလာဆိုတာက ဘယ်သူက သိနိုင်မှာလဲ။ ဘာလို့ကော မပြောင်းချင်ရမှာလဲ။ လီဗာပူးအသင်းက အကောင်းဆုံးသော ကစားသမားတွေနဲ့ တွဲဘက်ကစားခွင့်ကို အမ်ဘတ်ပီက ဘာလို့များ မလိုချင်ရမှာလဲ။

ထိပ်တန်းကစားသမားတွေကို ကျနေ်ာတို့တွေ ခေါ်ယူဖို့ရာ ပြဿနာကြီးတစ်ရပ်က သူတို့ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို ပြောင်းမယ်ဆိုရင် ဘလွန်းဒီအော့ဆု အနိုင်ရနိုင်တာကြောင့်ပါ။ လီဗာပူးမှာကော ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဥရောပကို နှစ်အတန်ကြာ လွှမ်းမိုးနေတဲ့ ပရီးမီးယားလိဂ်အသင်းမှာကော ဘာလို့ မဖြစ်နိုင်ရမှာလဲ။

အမ်ဘတ်ပီက ပရီးမီးယားလိဂ်မှာ ကစားလိုတဲ့ ကစားသမားပါ။ သူ့ကို လီဗာပူးမှာ မြင်ရမယ်ဆိုရင် ကျနေ်ာကတော့ သဘောကျမိမှာပဲ။ တကယ် ဖြစ်လာမလား မဖြစ်လာဘူးလားကတော့ ကျနေ်ာလည်း မသေချာဘူး။ ဒါက လီဗာပူးမှပဲ အဖြေပေးနိုင်မယ့် ကိစ္စပဲ။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့လည်း ဆိုင်ပါတယ်။ အဲ့နှစ်သင်းက ချန်ပီယံလိဂ်ကို အနိုင်ရဖို့ မနီးစပ်ဘူးဆိုရင် သူက အခြားအသင်းကို ကြည့်လာမှာပဲလေ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ဝါးေနာ့က ဘလြန္းဒီေအာ့ဆုကို ဗန္ဒိုက္က အႏုိင္ရခဲ့မယ္ဆိုရင္ ထိပ္တန္းကစားသမားေတြက ရီးရဲလ္၊ ဘာကာကိုေက်ာ္ျပီး လီဗာပူးကို ေျပာင္းကစားဖို႔ ေရြးခ်ယ္ဖို႔ဆိုတာ အမွန္ကတယ္ကို ျဖစ္လာလိမ့္မယ္ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ကမၻာအေကာင္းဆံုး အားေပးသူေတြရွိျပီး ကမၻာအေကာင္းဆံုး မန္ေနဂ်ာလည္းရွိတဲ့ အသင္းတစ္သင္းမွာ ကမၻာအေကာင္းဆံုးေသာ ကစားသမားေတြနဲ႔ တြဲဘက္ခြင့္ရဖို႔ကို ဘယ္လို ထိပ္တန္းကစားသမားကမ်ား ျငင္းဆန္ႏုိင္မလဲလို႔ ဝါးေနာ့က သူ႔ရဲ႕အျမင္ကို ဆိုခဲ့တာျဖစ္တယ္။ အထူးသျဖင့္ ထိပ္တန္းအသင္းတိုင္း အလိုရွိေနတဲ့ အမ္ဘတ္ပီကို လီဗာပူးက ဆြဲေဆာင္ႏုိင္မယ္လို႔ သူက ယံုၾကည္ေနပါတယ္။

ဝါးေနာ့က ” ယာဂင္ကေလာ့ပ္လက္ေအာက္မွာ လီဗာပူးက လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္အတြင္း အရမ္းကို တိုးတက္လာခဲ့တယ္။ အခုခ်ိန္မွာ ကမၻာေပၚက အေကာင္းဆံုး ကစားသမားေတြထဲမွာ လီဗာပူးအသင္းသားေတြကိုလည္း အတူတကြ ထည့္တြင္းေနၾကပါျပီ။ ရိုးရိုးသားသား ေျပာရေအာင္ဗ်ာ။ ဘယ္လို ထိပ္တန္းကစားသမားက လီဗာပူးမွာ ယာဂင္ကေလာ့ပ္အတြက္ မကစားခ်င္ပဲ ရွိမလဲ။ အားေပးမႈဆိုင္ရာ အသိုင္းအဝိုင္းက သိပ္ေကာင္းတယ္၊ မန္ေနဂ်ာေကာင္ကလည္းရွိတယ္။

လီဗာပူးက ေနာက္ဆံုး ႏွစ္ၾကိမ္ဆက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ထားတယ္။ ယူရိုပါလိဂ္ဗိုလ္လုပြဲကို တစ္ၾကိမ္တက္ထားတာကလည္း ဘားမွ ၾကာေသးတာ မဟုတ္ဘူး။ ဒီအေျခအေနမွာ လီဗာပူးကို ေျပာင္းရဖို႔ဆိုတာ သိပ္ေကာင္းတဲ့ အခြင့္အေရးပဲ။ အမ္ဘတ္ပီက လီဗာပူးကို ေျပာင္းမလာဆိုတာက ဘယ္သူက သိႏုိင္မွာလဲ။ ဘာလို႔ေကာ မေျပာင္းခ်င္ရမွာလဲ။ လီဗာပူးအသင္းက အေကာင္းဆံုးေသာ ကစားသမားေတြနဲ႔ တြဲဘက္ကစားခြင့္ကို အမ္ဘတ္ပီက ဘာလို႔မ်ား မလိုခ်င္ရမွာလဲ။

ထိပ္တန္းကစားသမားေတြကို က်ေန္ာတို႔ေတြ ေခၚယူဖို႔ရာ ျပႆနာၾကီးတစ္ရပ္က သူတို႔ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာကို ေျပာင္းမယ္ဆိုရင္ ဘလြန္းဒီေအာ့ဆု အႏုိင္ရႏုိင္တာေၾကာင့္ပါ။ လီဗာပူးမွာေကာ ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ။ ဥေရာပကို ႏွစ္အတန္ၾကာ လႊမ္းမိုးေနတဲ့ ပရီးမီးယားလိဂ္အသင္းမွာေကာ ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ။

အမ္ဘတ္ပီက ပရီးမီးယားလိဂ္မွာ ကစားလိုတဲ့ ကစားသမားပါ။ သူ႔ကို လီဗာပူးမွာ ျမင္ရမယ္ဆိုရင္ က်ေန္ာကေတာ့ သေဘာက်မိမွာပဲ။ တကယ္ ျဖစ္လာမလား မျဖစ္လာဘူးလားကေတာ့ က်ေန္ာလည္း မေသခ်ာဘူး။ ဒါက လီဗာပူးမွပဲ အေျဖေပးႏုိင္မယ့္ ကိစၥပဲ။ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔လည္း ဆိုင္ပါတယ္။ အဲ့ႏွစ္သင္းက ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ မနီးစပ္ဘူးဆိုရင္ သူက အျခားအသင္းကို ၾကည့္လာမွာပဲေလ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။