အက်စတွန်ဗီလာကို အနိုင်ရမယ်ဆိုရင် ကလပ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်မှာဖြစ်ပေမယ့်လည်း သရေရလဒ်ပဲ ရယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာဖြစ်ပေမယ့် ဦးဆောင်ဂိုး မသွင်းနိုင်တဲ့ အပေါ် လည်း ဆိုးရှားက ကာကွယ်ပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။

ယူနိုက်တက်ကို အမြဲတမ်းမန်နေဂျာအဖြစ် ကိုင်တွယ်ပြီးနောက်မှာ ဆိုးရှားရဲ့ အနိုင်ရမှု ရာခိုင်းနှုန်ဟာ ၂၇.၃% ပဲရှိပြီး မကြာသေးခင်ကပဲ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်မန်နေဂျာ အမ်မရီရဲ့ အနိုင်ရမှု ရာခိုင်းနှုန်က ၄၉% ဖြစ်တယ်။ ဒါကြောင့် ယူနိုက်တက်ကို ဆိုးရှားရဲ့ ဦးဆောင်မှုအပေါ် မေးခွန်းထုတ်ခံရမှုက ကျယ်ပြန့်လာနေတာဖြစ်ပါတယ်။

” ပွဲတော်တော်များများမှာ ကျနေ်ာတို့ ဦးဆောင်ဂိုး သွင်းပေမယ့် မနိုင်တာတွေ ရှိခဲ့ဖူးပါတယ်။ ၆ ကြိမ် ၇ ကြိမ်လောက် ရှိပြီ။ ကျနေ်ာတို့ ၁-ဝ၊ ၂-၁၊ ၃-၂ စသဖြင့် အရင်အပတ်ကလိုပေါ့။ ကျနေ်ာတို့ အနေနဲ့ ပိုကောင်းကောင်း ကစားပြီး အဲဒီလို ပွဲတွေကိုလည်း နိုင်ပွဲ ရအောင် လုပ်ရမှာပါ။ ”

” ကျနော်တို့က လူငယ်တွေ အများစုနဲ့ အသင်း ဖြစ်တယ်။ လိဂ်မှာ အငယ်ဆုံးတောင် ဖြစ်မလားပဲ။ ဒီတော့ အတွေ့အကြုံဆိုတဲ့ အချက် လိုအပ်နေတယ်။ ဒါပေမယ့် ဒါက မန်ချက်စတာ ယူနိုက်တက် ဖြစ်လို့ ဆင်ခြေတွေ ပေး မရပါဘူး။ ပွဲတွေကို နိုင်ဖို့ လုပ်ရမယ်။ ” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ည ပွဲစဉ်ကို သရေကျလိုက်တာကြောင့် ယူနိုက်တက်ဟာ အဆင့် ၉ နေရာ ရှိနေပြီး အဆင့် ၄ နေရာနဲ့ ၈ မှတ်ကွာသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပွဲကြပ်တွေ အဖြစ် ကလပ်အသင်းမန်နေဂျာဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သီတင်းပတ်အကုန်မှာတော့ အဝေးကွင်းအဖြစ် ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာကို အႏုိင္ရမယ္ဆိုရင္ ကလပ္အသင္းဟာ အမွတ္ေပးဇယား အဆင့္ ၅ ေနရာကို ေရာက္မွာျဖစ္ေပမယ့္လည္း သေရရလဒ္ပဲ ရယူႏုိင္ခဲ့တာပါ။ ဒါ့အျပင္ ယူနိုက္တက္ဟာ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရတာျဖစ္ေပမယ့္ ဦးေဆာင္ဂိုး မသြင္းနုိင္တဲ့ အေပၚ လည္း ဆိုးရွားက ကာကြယ္ေျပာဆိုမႈ ျပဳလုပ္လာခဲ့ပါတယ္။

ယူႏုိက္တက္ကို အျမဲတမ္းမန္ေနဂ်ာအျဖစ္ ကိုင္တြယ္ျပီးေနာက္မွာ ဆိုးရွားရဲ႕ အႏုိင္ရမႈ ရာခိုင္းႏႈန္ဟာ ၂၇.၃% ပဲရွိျပီး မၾကာေသးခင္ကပဲ ရလဒ္ဆိုးေတြေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ အာဆင္နယ္မန္ေနဂ်ာ အမ္မရီရဲ႕ အႏုိင္ရမႈ ရာခိုင္းႏႈန္က ၄၉% ျဖစ္တယ္။ ဒါေၾကာင့္ ယူႏုိက္တက္ကို ဆိုးရွားရဲ႕ ဦးေဆာင္မႈအေပၚ ေမးခြန္းထုတ္ခံရမႈက က်ယ္ျပန္႔လာေနတာျဖစ္ပါတယ္။

” ပြဲေတာ္ေတာ္မ်ားမ်ားမွာ က်ေန္ာတို႔ ဦးေဆာင္ဂိုး သြင္းေပမယ့္ မနုိင္တာေတြ ရွိခဲ့ဖူးပါတယ္။ ၆ ၾကိမ္ ၇ ၾကိမ္ေလာက္ ရွိျပီ။ က်ေန္ာတို႔ ၁-၀၊ ၂-၁၊ ၃-၂ စသျဖင့္ အရင္အပတ္ကလိုေပါ့။ က်ေန္ာတို႔ အေနနဲ႕ ပိုေကာင္းေကာင္း ကစားျပီး အဲဒီလို ပြဲေတြကိုလည္း နုိင္ပြဲ ရေအာင္ လုပ္ရမွာပါ။ ”

” က်ေနာ္တို႔က လူငယ္ေတြ အမ်ားစုနဲ႕ အသင္း ျဖစ္တယ္။ လိဂ္မွာ အငယ္ဆံုးေတာင္ ျဖစ္မလားပဲ။ ဒီေတာ့ အေတြ႔အၾကံဳဆိုတဲ့ အခ်က္ လိုအပ္ေနတယ္။ ဒါေပမယ့္ ဒါက မန္ခ်က္စတာ ယူနိုက္တက္ ျဖစ္လို႔ ဆင္ေျခေတြ ေပး မရပါဘူး။ ပြဲေတြကို နုိင္ဖို႔ လုပ္ရမယ္။ ” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေန႔ည ပြဲစဥ္ကို သေရက်လိုက္တာေၾကာင့္ ယူနိုက္တက္ဟာ အဆင့္ ၉ ေနရာ ရွိေနျပီး အဆင့္ ၄ ေနရာနဲ႕ ၈ မွတ္ကြာသြားျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ပြဲၾကပ္ေတြ အျဖစ္ ကလပ္အသင္းမန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ စပါးကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး သီတင္းပတ္အကုန္မွာေတာ့ အေဝးကြင္းအျဖစ္ ဒါဘီျပိဳင္ဘက္ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။