လီဗာပူး ဂိုးသမား အက်ဒရီယန်ဟာ လာမယ့် ကြာသပတေးနေ့ မနက် အစောပိုင်း ယှဉ်ပြိုင် ကစားမယ့် လီဗာပူး အဲဗာတန် မာဆေးဆိုဒ် ဒါဘီပွဲမှာ ပါဝင် ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ နံပါတ် တစ် ဂိုးသမား အယ်လစ်ဆန်ဟာ ဘရိုက်တန်နဲ့ပွဲမှာ အနီကတ် ထိခဲ့တာကြောင့် တစ်ပွဲ ပယ်ခံထားရပြီး အက်ဒရီယန်ရဲ့ အလှည့် ကျရောက်လာခဲ့ပါပြီ။

စပိန်သား ဂိုးသမားကြီး အက်ဒရီယန်က ၎င်းဟာ အဲဗာတန်နဲ့ ပွဲအတွက် အာရုံစိုက် ပြင်ဆင်နေပြီ ဖြစ်တယ်လို့ တွစ်တာကနေ ပရိသတ်တွေအား နှုတ်ဆက် အသိပေးမှု ပြုလုပ်ခဲ့ပါတယ်။

အက်ဒရီယန်က လီဗာပူးရဲ့ အဆောက်အဦထဲက ချန်ပီယံ ဒီဇိုင်းနဲ့ နံရံရှေ့က ဖြတ်လျှောက်နေတဲ့ ပုံကို တင်ခဲ့ပြီး စာ အနေနဲ့ ” ဘာလဲ သိကြသလား? အဲဗာတန် ပွဲအတွက် အာရုံစိုက် ပြင်ဆင်နေပြီ။ လုပ်လိုက်ကြစို့။” လို့ စိတ်အားတက်ကြွစွာ ရေးထားခဲ့တာပါ။ အက်ဒရီယန်ရဲ့ ပို့စ်အောက်မှာ ၎င်းကို အကောင်းဆုံး လုပ်နိုင်ဖို့ ဆုတောင်းမှုတွေ အားပေးမှုတွေ ပြုလုပ်နေကြပါတယ်။

၎င်းဟာ ဘရိုက်တန်နဲ့ ပွဲမှာလည်း အယ်လစ်ဆန် ထုတ်ပယ်ခံရပြီးနောက် ပွဲပြီးခါနီး ဆယ်မိနစ်ခန့် ဝင်ရောက် ကစားခဲ့ရပါသေးတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ဘရိုက်နဲ့ ပွဲအပြီးမှာ ဂိုးသမား အက်ဒရီယန်ကို ချီးကျူးခဲ့ပြီး အေးခဲနေတဲ့ ရာသီဥတုထဲ အေးနေတဲ့ လက်နဲ့ ရုတ်တရက် ဝင်ရောက်ခဲ့သော်လည်း ကာကွယ်မှုကောင်းတွေ ပြုလုပ်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

တကယ်တော့ အက်ဒရီယန်ဟာ ဒီရာသီ လီဗာပူးရဲ့ တစ်ပွဲတည်းသော ပေးဂိုး မရှိ ပရီးမီးယားလိဂ်ပွဲ ဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့ နိုင်တဲ့ပွဲမှာ ပါဝင် ဂိုးဖမ်းခဲ့သူပါ။ ဒီရာသီ အစောပိုင်းပွဲတွေမှာ အယ်လစ်ဆန် ဒဏ်ရာ ရနေတာကြောင့် အက်ဒရီယန် ဝင်ရောက် တာဝန်ယူခဲ့ပြီး ဘောလုံး ဖြန့်ဝေမှုပိုင်းမှာ ဘရာဇီးသားကို မမှီသော်လည်း ဂိုး ကာကွယ်မှုပိုင်းမှာ ကောင်းစွာ စွမ်းဆောင် ပေးခဲ့ပါတယ်။

Zawgyi

လီဗာပူး ဂိုးသမား အက္ဒရီယန္ဟာ လာမယ့္ ၾကာသပေတးေန႔ မနက္ အေစာပိုင္း ယွဥ္ျပိဳင္ ကစားမယ့္ လီဗာပူး အဲဗာတန္ မာေဆးဆိုဒ္ ဒါဘီပြဲမွာ ပါ၀င္ ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးရဲ႕ နံပါတ္ တစ္ ဂိုးသမား အယ္လစ္ဆန္ဟာ ဘရိုုက္တန္နဲ႕ပြဲမွာ အနီကတ္ ထိခဲ့တာေၾကာင့္ တစ္ပြဲ ပယ္ခံထားရျပီး အက္ဒရီယန္ရဲ႕ အလွည့္ က်ေရာက္လာခဲ့ပါျပီ။

စပိန္သား ဂိုးသမားၾကီး အက္ဒရီယန္က ၄င္းဟာ အဲဗာတန္နဲ႕ ပြဲအတြက္ အာရံုစိုက္ ျပင္ဆင္ေနျပီ ျဖစ္တယ္လို႕ တြစ္တာကေန ပရိသတ္ေတြအား နႈတ္ဆက္ အသိေပးမႈ ျပဳလုပ္ခဲ့ပါတယ္။

အက္ဒရီယန္က လီဗာပူးရဲ႕ အေဆာက္အဦထဲက ခ်န္ပီယံ ဒီဇိုင္းနဲ႕ နံရံေရွ႕က ျဖတ္ေလွ်ာက္ေနတဲ့ ပံုကို တင္ခဲ့ျပီး စာ အေနနဲ႕ ” ဘာလဲ သိၾကသလား? အဲဗာတန္ ပြဲအတြက္ အာရံုစိုက္ ျပင္ဆင္ေနျပီ။ လုပ္လိုက္ၾကစို႔။” လို႔ စိတ္အားတက္ၾကြစြာ ေရးထားခဲ့တာပါ။ အက္ဒရီယန္ရဲ႕ ပို႔စ္ေအာက္မွာ ၄င္းကို အေကာင္းဆံုး လုပ္နုိင္ဖို႔ ဆုေတာင္းမႈေတြ အားေပးမႈေတြ ျပဳလုပ္ေနၾကပါတယ္။

၄င္းဟာ ဘရိုက္တန္နဲ႕ ပြဲမွာလည္း အယ္လစ္ဆန္ ထုတ္ပယ္ခံရျပီးေနာက္ ပြဲျပီးခါနီး ဆယ္မိနစ္ခန္႔ ၀င္ေရာက္ ကစားခဲ့ရပါေသးတယ္။ လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္က ဘရိုက္နဲ႕ ပြြဲအျပီးမွာ ဂိုးသမား အက္ဒရီယန္ကို ခ်ီးက်ဴးခဲ့ျပီး ေအးခဲေနတဲ့ ရာသီဥတုထဲ ေအးေနတဲ့ လက္နဲ႕ ရုတ္တရက္ ၀င္ေရာက္ခဲ့ေသာ္လည္း ကာကြယ္မႈေကာင္းေတြ ျပဳလုပ္ခဲ့တယ္လို႔ အသိအမွတ္ျပဳခဲ့ပါတယ္။

တကယ္ေတာ့ အက္ဒရီယန္ဟာ ဒီရာသီ လီဗာပူးရဲ႕ တစ္ပြဲတည္းေသာ ေပးဂိုး မရွိ ပရီးမီးယားလိဂ္ပြဲ ျဖစ္တဲ့ ရွက္ဖီးယူနိုက္တက္ကို ၁-၀ နဲ႕ နိုင္တဲ့ပြဲမွာ ပါ၀င္ ဂိုးဖမ္းခဲ့သူပါ။ ဒီရာသီ အေစာပိုင္းပြဲေတြမွာ အယ္လစ္ဆန္ ဒဏ္ရာ ရေနတာေၾကာင့္ အက္ဒရီယန္ ၀င္ေရာက္ တာ၀န္ယူခဲ့ျပီး ေဘာလံုး ျဖန္႔ေ၀မႈပိုင္းမွာ ဘရာဇီးသားကို မမွီေသာ္လည္း ဂိုး ကာကြယ္မႈပိုင္းမွာ ေကာင္းစြာ စြမ္းေဆာင္ ေပးခဲ့ပါတယ္။