အာဆင်နယ်အသင်းရဲ့ ဆိုးဝါးနေတဲ့ ခံစစ်ကို ဖြေရှင်းရန် အတွက် လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အာဆင်နယ်နည်းပြ ယွန်းဘတ်အား နောဝစ်နဲ့ ပွဲအပြီးမှာ သုံးသပ် အကြံပေးစကား ဆိုခဲ့ပါတယ်။ ယွန်းဘတ်ရဲ့ ပွဲဦးထွက် ကတော့ နောဝစ်ကို ၂ဂိုးစီနဲ့ သရေကျသွားခဲ့တာ ဖြစ်ပြီး နည်းပြ အနေနဲ့ ဖြေရှင်းစရာတွေ ရှိနေသေးတာ မြင်ခဲ့ရပါတယ်။

အာဆင်နယ် ခံစစ်ရဲ့ ယိုယွင်းမှုက ယခင်နည်းပြ အမ်မရီကိုလည်း ကြီးစွာ ထိခိုက်ခဲ့တာပါ။ နောဝစ်နဲ့ ပွဲမှာ အာဆင်နယ် ဗဟိုခံစစ်က လူးဝစ်နဲ့ မူစတာဖီအတွဲ ရုန်းကန်ေ်နခဲ့ပါတယ်။ ယွန်းဘတ်ရဲ့ လူစာရင်း ရွေးချယ်မှုကိုလည်း မေးခွန်းထုတ်မှုတွေ ရှိခဲ့ပြီး ထိုပွမြှာ နစ်ကိုးလပ်စ် ပီပီက အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။

” အာဆင်နယ်ကို ကြည့်ရတာက မန်နေဂျာ အပြောင်းအလဲ အတွက် မေးခွန်း ထုတ်ရမှာ မဟုတ်သေးဘူး။ မန်နေဂျာ အသစ် ရောက်လာ လည်း ဖြေရှင်းရဦးမှာတွေ ရှိနေတယ်။ ယွန်းဘတ်ရဲ့ လူစာရင်းကို မြင်တော့ ကျနော် နည်းနည်း အံ့အားသင့်မိခဲ့တယ်။ သူက ကစားသမား တွေကို အပြောင်းအလဲ သိပ်မလုပ်ခဲ့သလို ပိုကောင်းလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒေးဗစ်လူးဝစ်နဲ့ မူစတာဖီ၊ ကွင်းလယ်မှာဆို ဇာခါ။ ”

” အသင်းကို ရှေ့ဆက်သွားဖို့ဆို လက်ရှိ ကစားသမားတွေထဲက ဘယ်လို အသုံးချမလဲဆိုတာ ရှာဖွေဖို့ လိုပါတယ်။ ချမ်ဘာစ်က အစွန် ခံစစ်သမား မဟုတ်ပါဘူး။ သူကစားနေတာ ရုန်းကန်နေတယ်ပဲ မြင်ရတယ်။ သူ့ကို ဗဟိုခံစစ်မှာ ထားရမှာပါ။ လူးဝစ်၊ မူစတာဖီနဲ့ အလုပ် မဖြစ်ဘူး ဆိုတာ သိကြမယ်ထင်တယ်။ ဘယ်လာရင်ကို ညာခံစစ်မှာ ထည့်လို့ရတယ်။ ”

” နောက်ပြီး ပိုက်ဆံ သုံးခေါ်ထားရတဲ့ ပီပီ ရှိသေးတယ်။ ကျနော်က (နည်းစနစ် ဒါရိုက်တာ) အီဒူးကို ယွန်းဘတ်ကို ဘယ်ကစားသမား သုံးတာ မြင်ချင်တယ် ပြောဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ” လို့ ကာရေဂါက ရှင်းလင်း ပြောဆိုကာ အကြံပြုခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၆ ပွဲ လုံး နိုင်ပွဲ ပျောက်နေပြီး အဆင့် ၈ နေရာမှာ ရှိနေပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ဂန်းနားတွေက ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။

Zawgyi

အာဆင္နယ္အသင္းရဲ႕ ဆိုး၀ါးေနတဲ့ ခံစစ္ကို ေျဖရွင္းရန္ အတြက္ လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက အာဆင္နယ္နည္းျပ ယြန္းဘတ္အား ေနာ၀စ္နဲ႕ ပြဲအျပီးမွာ သံုးသပ္ အၾကံေပးစကား ဆိုခဲ့ပါတယ္။ ယြန္းဘတ္ရဲ႕ ပြဲဦးထြက္ ကေတာ့ ေနာ၀စ္ကို ၂ဂိုးစီနဲ႕ သေရက်သြားခဲ့တာ ျဖစ္ျပီး နည္းျပ အေနနဲ႕ ေျဖရွင္းစရာေတြ ရွိေနေသးတာ ျမင္ခဲ့ရပါတယ္။

အာဆင္နယ္ ခံစစ္ရဲ႕ ယိုယြင္းမႈက ယခင္နည္းျပ အမ္မရီကိုလည္း ၾကီးစြာ ထိခိုက္ခဲ့တာပါ။ ေနာ၀စ္နဲ႕ ပြဲမွာ အာဆင္နယ္ ဗဟိုခံစစ္က လူး၀စ္နဲ႕ မူစတာဖီအတြဲ ရုန္းကန္ေ္နခဲ့ပါတယ္။ ယြန္းဘတ္ရဲ႕ လူစာရင္း ေရြးခ်ယ္မႈကိုလည္း ေမးခြန္းထုတ္မႈေတြ ရွိခဲ့ျပီး ထိုပြျမွာ နစ္ကိုးလပ္စ္ ပီပီက အရန္ခံုမွာသာ ရွိေနခဲ့ပါတယ္။

” အာဆင္နယ္ကို ၾကည့္ရတာက မန္ေနဂ်ာ အေျပာင္းအလဲ အတြက္ ေမးခြန္း ထုတ္ရမွာ မဟုတ္ေသးဘူး။ မန္ေနဂ်ာ အသစ္ ေရာက္လာ လည္း ေျဖရွင္းရဦးမွာေတြ ရွိေနတယ္။ ယြန္းဘတ္ရဲ႕ လူစာရင္းကို ျမင္ေတာ့ က်ေနာ္ နည္းနည္း အံ့အားသင့္မိခဲ့တယ္။ သူက ကစားသမား ေတြကို အေျပာင္းအလဲ သိပ္မလုပ္ခဲ့သလို ပိုေကာင္းလာေအာင္ မလုပ္နုိင္ခဲ့ဘူး။ ေဒးဗစ္လူး၀စ္နဲ႕ မူစတာဖီ၊ ကြင္းလယ္မွာဆို ဇာခါ။ ”

” အသင္းကို ေရွ႕ဆက္သြားဖို႔ဆို လက္ရွိ ကစားသမားေတြထဲက ဘယ္လို အသံုးခ်မလဲဆိုတာ ရွာေဖြဖို႔ လိုပါတယ္။ ခ်မ္ဘာစ္က အစြန္ ခံစစ္သမား မဟုတ္ပါဘူး။ သူကစားေနတာ ရုန္းကန္ေနတယ္ပဲ ျမင္ရတယ္။ သူ႔ကို ဗဟိုခံစစ္မွာ ထားရမွာပါ။ လူး၀စ္၊ မူစတာဖီနဲ႕ အလုပ္ မျဖစ္ဘူး ဆိုတာ သိၾကမယ္ထင္တယ္။ ဘယ္လာရင္ကို ညာခံစစ္မွာ ထည့္လို႔ရတယ္။ ”

” ေနာက္ျပီး ပိုက္ဆံ သံုးေခၚထားရတဲ့ ပီပီ ရွိေသးတယ္။ က်ေနာ္က (နည္းစနစ္ ဒါရိုက္တာ) အီဒူးကို ယြန္းဘတ္ကို ဘယ္ကစားသမား သံုးတာ ျမင္ခ်င္တယ္ ေျပာဖို႔ တိုက္တြန္းေနတာ မဟုတ္ပါဘူး။ ” လို႔ ကာေရဂါက ရွင္းလင္း ေျပာဆိုကာ အၾကံျပဳခဲ့ပါတယ္။

အာဆင္နယ္ဟာ ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၆ ပြဲ လံုး နုိင္ပြဲ ေပ်ာက္ေနျပီး အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။ လာမယ့္ ၾကာသပေတးေန႔မွာေတာ့ ဂန္းနားေတြက ဘရိုက္တန္ကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာပါ။