နိုင်ငံတကာပွဲတွေပြီးကတည်းက ချယ်ဆီးရဲ့ ရလဒ်ပိုင်း ကျဆင်းလာမှုတွေဟာ အသင်းရဲ့ရဲရင့်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ချယ်ဆီး ကစားသမား ခရစ္စတီယန် ပူလီဆစ်က ယုံကြည်နေပါတယ်။

ချယ်ဆီးဟာ နိုဝင်ဘာလအတွင်း နိုင်ငံတကာပွဲတွေမတိုင်ခင် လိဂ်မှာ ၆ ပွဲဆက် အနိုင်ရခဲ့ပေမယ့် နှစ်ပတ်နားပြီးနောက်ပိုင်း ပုံစံကောင်းတွေ ထပ်မံပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ လိဂ်မှာ မန်စီးတီးနဲ့ ဝက်စ်ဟမ်းကိုရှုံးပြီး ချန်ပီယံလိဂ်မှာ ဗလန်စီယာနဲ့ ၂ ဂိုးစီ သရေကျခဲ့တာနဲ့အတူ နောက်လာမယ့် အက်စ်တွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ပွဲတွေမတိုင်ခင် အသင်းရဲ့ ရဲရင့်မှုကိုပြသဖို့ ပူလီဆစ်က တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်က ” ခက်ခဲတဲ့အချိန်တွေက ကိုယ့်ရဲ့ ရဲရင့်မှုကို စမ်းသပ်တာဖြစ်တယ်၊ အရာအားလုံးက အံ့ဩစရာဖြစ်မှာ မဟုတ်ပါဘူး၊ ဒါက အဆိုးဝါးဆုံးအရာ မဟုတ်ဘူးလို့ ကျနော် ပြောရပါလိမ့်မယ်၊ ဒါကြောင့် ကျနော်တို့ ရှေ့ဆက်သွားမယ်၊ ကြားရက်မှာ တစ်ပွဲကစားရမှာဖြစ်လို့ ကျနော်တို့ ရှုံးကြွေးဆပ်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ”

” ဒီပွဲမှာ ကျနော်တို့ ရလဒ်ကောင်းကို အလိုရှိခဲ့ပြီး ကောင်းကောင်းလုပ်ဆောင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းက အနည်းငယ် လွဲချော်နေခဲ့တယ်။ ဒီရာသီမှာ အကောင်းတွေရော အဆိုးတွေပါရှိခဲ့တာပါ။ ကျနော်တို့ ကောင်းကောင်းလုပ်ခဲ့တယ်လို့ လူတွေပြောခဲ့တဲ့ လအနည်းငယ် ရှိခဲ့တယ်။ အခုချိန်မှာ ဆိုးဝါးတဲ့ ရလဒ်အနည်းငယ်နဲ့ ရင်ဆိုင်နေရတယ်။ ဒါကို ကြိုးစားပြောင်းလဲဖို့ပဲ လိုတာပါ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကြားရက်မှာ ချယ်ဆီးဟာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ အမှတ်ပေးဇယားရဲ့ အဆင့် လေးနေရာမှာရှိနေတဲ့ ချယ်ဆီးဟာ တတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်အကွာမှာ ရှိနေသလို အနီးကပ်ပြိုင်ဘက် စပါးကိုလည်း ၆ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။

ZAWGYI

ႏိုင္ငံတကာပြဲေတြၿပီးကတည္းက ခ်ယ္ဆီးရဲ႕ ရလဒ္ပိုင္း က်ဆင္းလာမႈေတြဟာ အသင္းရဲ႕ရဲရင့္မႈအတြက္ စမ္းသပ္မႈတစ္ခု ျဖစ္လိမ့္မယ္လို႔ ခ်ယ္ဆီး ကစားသမား ခရစၥတီယန္ ပူလီဆစ္က ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီးဟာ ႏိုဝင္ဘာလအတြင္း ႏိုင္ငံတကာပြဲေတြမတိုင္ခင္ လိဂ္မွာ ၆ ပြဲဆက္ အႏိုင္ရခဲ့ေပမယ့္ ႏွစ္ပတ္နားၿပီးေနာက္ပိုင္း ပုံစံေကာင္းေတြ ထပ္မံျပသဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ လိဂ္မွာ မန္စီးတီးနဲ႔ ဝက္စ္ဟမ္းကိုရႈံးၿပီး ခ်န္ပီယံလိဂ္မွာ ဗလန္စီယာနဲ႔ ၂ ဂိုးစီ သေရက်ခဲ့တာနဲ႔အတူ ေနာက္လာမယ့္ အက္စ္တြန္ဗီလာ၊ အဲဗာတန္တို႔နဲ႔ ပြဲေတြမတိုင္ခင္ အသင္းရဲ႕ ရဲရင့္မႈကိုျပသဖို႔ ပူလီဆစ္က တိုက္တြန္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

ပူလီဆစ္က ” ခက္ခဲတဲ့အခ်ိန္ေတြက ကိုယ့္ရဲ႕ ရဲရင့္မႈကို စမ္းသပ္တာျဖစ္တယ္၊ အရာအားလုံးက အံ့ဩစရာျဖစ္မွာ မဟုတ္ပါဘူး၊ ဒါက အဆိုးဝါးဆုံးအရာ မဟုတ္ဘူးလို႔ က်ေနာ္ ေျပာရပါလိမ့္မယ္၊ ဒါေၾကာင့္ က်ေနာ္တို႔ ေရွ႕ဆက္သြားမယ္၊ ၾကားရက္မွာ တစ္ပြဲကစားရမွာျဖစ္လို႔ က်ေနာ္တို႔ ရႈံးေႂကြးဆပ္ဖို႔ အခြင့္အေရး ရွိေနပါတယ္။ ”

” ဒီပြဲမွာ က်ေနာ္တို႔ ရလဒ္ေကာင္းကို အလိုရွိခဲ့ၿပီး ေကာင္းေကာင္းလုပ္ေဆာင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းက အနည္းငယ္ လြဲေခ်ာ္ေနခဲ့တယ္။ ဒီရာသီမွာ အေကာင္းေတြေရာ အဆိုးေတြပါရွိခဲ့တာပါ။ က်ေနာ္တို႔ ေကာင္းေကာင္းလုပ္ခဲ့တယ္လို႔ လူေတြေျပာခဲ့တဲ့ လအနည္းငယ္ ရွိခဲ့တယ္။ အခုခ်ိန္မွာ ဆိုးဝါးတဲ့ ရလဒ္အနည္းငယ္နဲ႔ ရင္ဆိုင္ေနရတယ္။ ဒါကို ႀကိဳးစားေျပာင္းလဲဖို႔ပဲ လိုတာပါ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၾကားရက္မွာ ခ်ယ္ဆီးဟာ အက္စတြန္ဗီလာကို အိမ္ကြင္းမွာ ဧည့္ခံရမွာပါ။ အမွတ္ေပးဇယားရဲ႕ အဆင့္ ေလးေနရာမွာရွိေနတဲ့ ခ်ယ္ဆီးဟာ တတိယေနရာက မန္စီးတီးနဲ႔ ၃ မွတ္အကြာမွာ ရွိေနသလို အနီးကပ္ျပိဳင္ဘက္ စပါးကိုလည္း ၆ မွတ္ျဖတ္ထားတာျဖစ္ပါတယ္။