အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်ကို ခေါ်ယူဖို့ရာ လာလီဂါမှ ရီးရဲလ်မက်ဒရစ်နဲ့ စီးရီးအေမှ အင်တာမီလန်တို့ဟာ အလေးအနက် စိတ်ဝင်စားလာနေကြပြီး လန်ဒန်ကလပ်မှ ဂါဘွန်တိုက်စစ်သမားရဲ့ အနေအထားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူဖို့ ကွင်းလယ်လူ ရိုဒရီဂွက်စ်ကို အလိုက်ပေးမှုနဲ့အတူ ပေါင် ၇၀ သန်းပေးမယ့် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်းကို စပိန်သတင်းတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မန်နေဂျာ ဇီဒန်းဟာ တိုက်စစ်မှူးကောင်း အလိုရှိနေပြီး ဥရောပလိဂ်တွေမှာ ဂိုးသွင်းနှုန်းမြင့်မားမှုအရ ထိပ်ဆုံးမှာရှိနေတဲ့ အူဘာမီယန်ကို သဘောတွေ့နေတာပါ။

အူဘာကို ခေါ်ယူနိုင်ဖို့ အလိုက်ပေးမယ့် ရိုဒရီဂွက်စ်ဟာ ၂၀၁၄ ခုနှစ် ကမ္ဘာဖလားမှာ တောက်ပတဲ့ခြေစွမ်း ပြသနိုင်တဲ့နောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ကွင်းလယ်လူဟာ စပိန်မြေမှာ အထင်ကြီးလောက်တဲ့ ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဘွန်ဒက်လီဂါကို နှစ်ရာသီ အငှားထွက်ခဲ့ရသူဖြစ်တယ်။ သူဟာ မန်နေဂျာ ဇီဒန်းလက်ထက် မျက်နှာသာပေးခြင်း မခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အင်တာမီလန်ကလည်း ၎င်းတို့အသင်း တိုက်စစ်မှူးဖြစ်သူ မာတီနက်စ်ကို ဘာစီလိုနာထံ လက်လွတ်ရဖို့ များနေတာကြောင့် စီးရီးအေပြိုင်ဆိုင်မှုမှာ အားမလျော့ဖို့ရာ တိုက်စစ်မှူးတစ်ဦး ရှာနေခြင်းကနေ အူဘာမီယန်ကို မျက်စိကျလာတာဖြစ်တယ်။ အင်တာမီလန်ဘက်က တရားဝင် လှုပ်ရှားမှုတွေ မရှိပေမယ့် ကစားသမားကို ခြေရာခံမှုတွေ ရှိနေတယ်လို့ ပြင်သစ်သတင်းတွေက အခိုင်အမာ ဆိုထားတာဖြစ်တယ်။

အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမားလည်းဖြစ်တဲ့ အူဘာမီယန်ဟာ အသက် ၃၀ အရွယ်ကို ရှိနေပြီးဖြစ်ပြီး ဂန်းနားတို့နဲ့ သက်တမ်းတိုးဖို့ မသေချာသေးသူဖြစ်တယ်။ သူ့ရဲ့ စာချုပ်ကိစ္စက ရေရာတဲ့ သတင်းတွေ မကြားရသေးပေမယ့် စပိန်ကလပ်နဲ့ အီတလီကလပ်တွေကလည်း စာချုပ်ကိစ္စကို နားထောင်နေတာဖြစ်ပြီး အခွင့်အရေးရရင် ခေါ်ယူဖို့ကိုပါ စိတ်ဝင်စားနေကြကြောင်း သတင်းထွက်လာတာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္ကို ေခၚယူဖို႔ရာ လာလီဂါမွ ရီးရဲလ္မက္ဒရစ္နဲ႔ စီးရီးေအမွ အင္တာမီလန္တို႔ဟာ အေလးအနက္ စိတ္ဝင္စားလာေနၾကျပီး လန္ဒန္ကလပ္မွ ဂါဘြန္တိုက္စစ္သမားရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနတယ္လုိ႔ သိရပါတယ္။

လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ဟာ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္ကို ေခၚယူဖို႔ ကြင္းလယ္လူ ရိုဒရီဂြက္စ္ကို အလိုက္ေပးမႈနဲ႔အတူ ေပါင္ ၇၀ သန္းေပးမယ့္ ကမ္းလွမ္းမႈကို ျပဳလုပ္ဖို႔ ျပင္ဆင္ေနေၾကာင္းကို စပိန္သတင္းေတြက ေဖာ္ျပထားပါတယ္။ ရီးရဲလ္မန္ေနဂ်ာ ဇီဒန္းဟာ တိုက္စစ္မွဴးေကာင္း အလိုရွိေနျပီး ဥေရာပလိဂ္ေတြမွာ ဂိုးသြင္းႏႈန္းျမင့္မားမႈအရ ထိပ္ဆံုးမွာရွိေနတဲ့ အူဘာမီယန္ကို သေဘာေတြ႔ေနတာပါ။

အူဘာကို ေခၚယူႏိုင္ဖို႔ အလိုက္ေပးမယ့္ ရိုဒရီဂြက္စ္ဟာ ၂၀၁၄ ခုႏွစ္ ကမၻာဖလားမွာ ေတာက္ပတဲ့ေျခစြမ္း ျပသႏုိင္တဲ့ေနာက္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႔ခဲ့ျပီး ကြင္းလယ္လူဟာ စပိန္ေျမမွာ အထင္ၾကီးေလာက္တဲ့ ေျခစြမ္းေကာင္း ျပသႏုိင္ဖို႔ ရုန္းကန္ခဲ့ရသလို ဘြန္ဒက္လီဂါကို ႏွစ္ရာသီ အငွားထြက္ခဲ့ရသူျဖစ္တယ္။ သူဟာ မန္ေနဂ်ာ ဇီဒန္းလက္ထက္ မ်က္ႏွာသာေပးျခင္း မခံရတဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

အင္တာမီလန္ကလည္း ၄င္းတို႔အသင္း တိုက္စစ္မွဴးျဖစ္သူ မာတီနက္္စ္ကို ဘာစီလိုနာထံ လက္လြတ္ရဖို႔ မ်ားေနတာေၾကာင့္ စီးရီးေအျပိဳင္ဆိုင္မႈမွာ အားမေလ်ာ့ဖို႔ရာ တိုက္စစ္မွဴးတစ္ဦး ရွာေနျခင္းကေန အူဘာမီယန္ကို မ်က္စိက်လာတာျဖစ္တယ္။ အင္တာမီလန္ဘက္က တရားဝင္ လႈပ္ရွားမႈေတြ မရွိေပမယ့္ ကစားသမားကို ေျခရာခံမႈေတြ ရွိေနတယ္လုိ႔ ျပင္သစ္သတင္းေတြက အခိုင္အမာ ဆိုထားတာျဖစ္တယ္။

အာဆင္နယ္ရဲ႕ အေကာင္းဆံုး ကစားသမားလည္းျဖစ္တဲ့ အူဘာမီယန္ဟာ အသက္ ၃၀ အရြယ္ကို ရွိေနျပီးျဖစ္ျပီး ဂန္းနားတို႔နဲ႔ သက္တမ္းတိုးဖို႔ မေသခ်ာေသးသူျဖစ္တယ္။ သူ႔ရဲ႕ စာခ်ဳပ္ကိစၥက ေရရာတဲ့ သတင္းေတြ မၾကားရေသးေပမယ့္ စပိန္ကလပ္နဲ႔ အီတလီကလပ္ေတြကလည္း စာခ်ဳပ္ကိစၥကို နားေထာင္ေနတာျဖစ္ျပီး အခြင့္အေရးရရင္ ေခၚယူဖို႔ကိုပါ စိတ္ဝင္စားေနၾကေၾကာင္း သတင္းထြက္လာတာျဖစ္ပါတယ္။