ယာဂင်ကလော့ပ်က သူနဲ့ လီဗာပူးအသင်းသားတွေဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ ယှဉ်ပြိုင်နေခြင်းမှာ ပင်ပန်းနေပြီလို့ ခံစားနေရခြင်းမှာ မမှန်ပါဘူးလို့ ထုတ်ပြောပြောဆိုလိုက်ပါတယ်။

အန်ဖီးကွင်းမှာ ဘရိုက်တန်ကို ဖိအားများစွာနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့နောက် မန်နေဂျာကလော့ပ်ကတော့ ပွဲတွေကို သက်သောင့်သက်သာနဲ့ အနိုင်ရဖို့ကို ပိုမိုမျှော်လင့်တာကို ဝန်ခံခဲ့တယ်။ လီဗာပူးဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ဒုတိယနေရာက လက်စတာကို ၈ မှတ်၊ တတိယနေရာက မန်စီးတီးကို ၁၁ မှတ်၊ စတုတ္ထနေရာက ချယ်ဆီးကို ၁၄ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူအတွက် အရေးကြီးဆုံး စိန်ခေါ်မှုက ဒီလကနေ စတင်မှာဖြစ်ပြီး ၂၆ ရက်အတွင်း ၉ ပွဲ ကစားရဖို့ရှိရာမှာ ပထမဆုံးအဖြစ်တော့ မာဆေးဆိုဒ်ဒါဘီပွဲကို အဲဗာတန်နဲ့ စတင်ရမှာဖြစ်တယ်။ လီဗာပူးက ပွဲပမ်းမှုတွေရှိနေပြီး အသင်းသားတွေက အင်အား ကုန်ခမ်းနေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ကလော့ပ်က ပြတ်သားစွာ ငြင်းဆန်ပါတယ်။

“ ပြန်လည်အားဖြည့်ခြင်းတွေကို စိတ်ထဲမှာ ထားထားရပါမယ်။ ပြန်လည် အားဖြည့်မှုတွေ လုပ်ရမယ်။ အေးခဲလှတဲ့ ရာသီဥတုမှာ ပြင်းထန်လှတဲ့ပွဲတွေကို ကစားရမှာဖြစ်တယ်။ ကျနော်ကတော့ ပင်ပန်းတယ်လို့ မခံစားရပါဘူး။ ပွဲတွေပြီးရင် ခြေကုန်လက်ပမ်းကျမှုက ပုံမှန် အနေအထားမှာပဲ ရှိနေပါတယ်။

ဒီလို အနားယူနေရတဲ့ အခြေအနေမှာ ကိုယ်ရဲ့ လန်းဆန်းမှုတွေကို ထုတ်သုံးနိုင်ရမယ် ပြီးရင် ပွဲတွေမှာ ကျနေ်ာတို့ လုပ်ခဲ့သလိုပဲ တိုက်ခိုက်နိုင်ရမယ်။ ကောင်လေးတွေရဲ့ လန်းဆန်းနေမှုအတွက် မှန်ကန်တဲ့ အစားအသောက်တွေကော ကုသမှုတွေကော ကျနေ်ာတို့ အစွမ်းကုန် လုပ်ပေးနေပြီး အဲဗာတန်နဲ့ပွဲကို ယှဉ်ပြိုင်ကစားပါမယ်။ စနေနေ့မှာလည်း ဆက်ပြီး ယှဉ်ပြိုင်ဖို့ လုံလောက်ပါတယ်။ ” လို့ ကလော့်က ပြောပါတယ်။

လီဗာပူးဟာ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၇ ပွဲထိ အနိုင်ရပေမယ့် ပွဲတိုင်းမှာ တစ်ဂိုးအသာတွေနဲ့ပဲ အနိုင်ရခဲ့တာပါ။ နောက်ဆုံး ကစားတဲ့ အမှတ်ပေးပွဲ ၃၁ ပွဲဆက်တိုက် အရေးမနိမ့်ထားတဲ့ အပေါ်မှာ ကလော့ပ်ကတော့ အခြားသော မှတ်တမ်းတွေကို မကြည့်အားပဲ ကလပ်အသင်း အနိုင်ရဖို့ပဲ အာရုံစိုက်နေပါတယ်။

ကလော့ပ်က “ စံချိန်တွေက ဖြစ်နိုင်ပေမယ့် ကျနေ်ာစိတ်ထဲမှာ အခြား ရလဒ်တွေဆိုတာကို မထည့်ထားပါဘူး။ ကိုယ်က ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို လုပ်နေရတာပါ။ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားလိုပြီး ကောင်လေးတွေ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ခရစ်စမတ် မရောက်သေးပါဘူး။ ကောင်လေးတွေ ခြားနားတဲ့ အနေအထားတွေနဲ့ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပြိုင်ဘက်တွေကို လေးစားစွာနဲ့ ကျနေ်ာတို့ လုပ်သလို ပြင်းထန်စွာ ဆက်ပြီး ကြိုးစားရပါမယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ယာဂင္ကေလာ့ပ္က သူနဲ႔ လီဗာပူးအသင္းသားေတြဟာ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္ဖို႔ ယွဥ္ျပိဳင္ေနျခင္းမွာ ပင္ပန္းေနျပီလို႔ ခံစားေနရျခင္းမွာ မမွန္ပါဘူးလို႔ ထုတ္ေျပာေျပာဆိုလိုက္ပါတယ္။

အန္ဖီးကြင္းမွာ ဘရိုက္တန္ကို ဖိအားမ်ားစြာနဲ႔ ယွဥ္ျပိဳင္ကစားခဲ့ရတဲ့ေနာက္ မန္ေနဂ်ာကေလာ့ပ္ကေတာ့ ပြဲေတြကို သက္ေသာင့္သက္သာနဲ႔ အႏုိင္ရဖို႔ကို ပိုမိုေမွ်ာ္လင့္တာကို ဝန္ခံခဲ့တယ္။ လီဗာပူးဟာ ဘရိုက္တန္ကို အႏုိင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယားမွာ ဒုတိယေနရာက လက္စတာကို ၈ မွတ္၊ တတိယေနရာက မန္စီးတီးကို ၁၁ မွတ္၊ စတုတၳေနရာက ခ်ယ္ဆီးကို ၁၄ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူအတြက္ အေရးၾကီးဆံုး စိန္ေခၚမႈက ဒီလကေန စတင္မွာျဖစ္ျပီး ၂၆ ရက္အတြင္း ၉ ပြဲ ကစားရဖို႔ရွိရာမွာ ပထမဆံုးအျဖစ္ေတာ့ မာေဆးဆိုဒ္ဒါဘီပြဲကို အဲဗာတန္နဲ႔ စတင္ရမွာျဖစ္တယ္။ လီဗာပူးက ပြဲပမ္းမႈေတြရွိေနျပီး အသင္းသားေတြက အင္အား ကုန္ခမ္းေနၾကတယ္ဆိုတဲ့ ေဝဖန္မႈေတြကို ကေလာ့ပ္က ျပတ္သားစြာ ျငင္းဆန္ပါတယ္။

“ ျပန္လည္အားျဖည့္ျခင္းေတြကို စိတ္ထဲမွာ ထားထားရပါမယ္။ ျပန္လည္ အားျဖည့္မႈေတြ လုပ္ရမယ္။ ေအးခဲလွတဲ့ ရာသီဥတုမွာ ျပင္းထန္လွတဲ့ပြဲေတြကို ကစားရမွာျဖစ္တယ္။ က်ေနာ္ကေတာ့ ပင္ပန္းတယ္လို႔ မခံစားရပါဘူး။ ပြဲေတြျပီးရင္ ေျခကုန္လက္ပမ္းက်မႈက ပံုမွန္ အေနအထားမွာပဲ ရွိေနပါတယ္။

ဒီလို အနားယူေနရတဲ့ အေျခအေနမွာ ကိုယ္ရဲ႕ လန္းဆန္းမႈေတြကို ထုတ္သံုးႏုိင္ရမယ္ ျပီးရင္ ပြဲေတြမွာ က်ေန္ာတို႔ လုပ္ခဲ့သလိုပဲ တိုက္ခိုက္ႏုိင္ရမယ္။ ေကာင္ေလးေတြရဲ႕ လန္းဆန္းေနမႈအတြက္ မွန္ကန္တဲ့ အစားအေသာက္ေတြေကာ ကုသမႈေတြေကာ က်ေန္ာတို႔ အစြမ္းကုန္ လုပ္ေပးေနျပီး အဲဗာတန္နဲ႔ပြဲကို ယွဥ္ျပိဳင္ကစားပါမယ္။ စေနေန႔မွာလည္း ဆက္ျပီး ယွဥ္ျပိဳင္ဖို႔ လံုေလာက္ပါတယ္။ ” လို႔ ကေလာ့္က ေျပာပါတယ္။

လီဗာပူးဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၈ ပြဲမွာ ၇ ပြဲထိ အႏုိင္ရေပမယ့္ ပြဲတိုင္းမွာ တစ္ဂိုးအသာေတြနဲ႔ပဲ အနုိင္ရခဲ့တာပါ။ ေနာက္ဆံုး ကစားတဲ့ အမွတ္ေပးပြဲ ၃၁ ပြဲဆက္တိုက္ အေရးမနိမ့္ထားတဲ့ အေပၚမွာ ကေလာ့ပ္ကေတာ့ အျခားေသာ မွတ္တမ္းေတြကို မၾကည့္အားပဲ ကလပ္အသင္း အနုိင္ရဖို႔ပဲ အာရံုစိုက္ေနပါတယ္။

ကေလာ့ပ္က “ စံခ်ိန္ေတြက ျဖစ္ႏုိင္ေပမယ့္ က်ေန္ာစိတ္ထဲမွာ အျခား ရလဒ္ေတြဆိုတာကို မထည့္ထားပါဘူး။ ကိုယ္က ျပင္းထန္တဲ့ တိုက္ခိုက္မႈေတြကို လုပ္ေနရတာပါ။ က်ေန္ာတုိ႔ အစြမ္းကုန္ ၾကိဳးစားလိုျပီး ေကာင္ေလးေတြ လုပ္ႏုိင္ခဲ့တယ္။ ဒါေပမယ့္ ခရစ္စမတ္ မေရာက္ေသးပါဘူး။ ေကာင္ေလးေတြ ျခားနားတဲ့ အေနအထားေတြနဲ႔ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ျပိဳင္ဘက္ေတြကို ေလးစားစြာနဲ႔ က်ေန္ာတုိ႔ လုပ္သလို ျပင္းထန္စြာ ဆက္ျပီး ၾကိဳးစားရပါမယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။