အာဆင်နယ်ဟာ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်းမှာ ပထမဆုံးပွဲအဖြစ် ယာယီမန်နေဂျာ ယွန်းဘတ်ကို ဦးဆောင်စေပြီး နော်ဝစ်ကို ယှဉ်ပြိုင်ကစားခဲ့ကာ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။

ကာလတိုအနေအထားမှာ ယွန်းဘတ် ဦးဆောင်မှုဟာ အပြောင်းအလဲ အများကြီး မဖြစ်ခဲ့ပေမယ့် အကောင်းမြင်စရာတွေလည်း ရှိထားခဲ့တာဖြစ်တယ်။ ဒီကစလို့ ဒီဇင်ဘာအကုန်အထိ အာဆင်နယ်ဟာ ပွဲကြပ်တွေ အများအပြားကို ကစားရမှာဖြစ်ဖို့ အသင်းကို ယွန်းဘတ် ဘယ်လောက်ထိ ထမ်းတင်ပေးနိုင်မလဲဆိုတာ မြင်တွေ့ရတော့မှာဖြစ်တယ်။

နော်ဝစ်နဲ့ပွဲအပြီးမှာ အာဆင်နယ်အတွက် ပြောစရာဖြစ်လာခဲ့တာတွေထဲက အချက် နှစ်ချက်ကို ဖော်ပြလိုပါတယ်။

အကောင်းမြင်ပေမယ့် အရင်လိုကျရှုံးမှုတွေ ရှိနေဆဲ

ယွန်းဘတ်အနေနဲ့ အာဆင်နယ်ရဲ့ သရေပွဲအပေါ် အကောင်းမြင်ပါကြောင်း ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။ ယာယီမန်နေဂျာအဖြစ် သူအကောင်းမြင်နေတာက အသင်းရဲ့ ကျဆင်းနေတဲ့ စိတ်ဓါတ်နဲ့ စည်းလုံးမှုတွေကို ပြန်စုစည်းဖို့အတွက် မှန်ကန်တဲ့ လုပ်ရပ်ဆိုရင် ဆက်ပြီးတော့ကော သူဘာတွေလုပ်နိုင်မလဲ?

ရက်အနည်းငယ်အတွင်းမှာပဲ ယွန်းဘတ်ဟာ အမ်မရီလက်အောက်မှာ ရှိနေတုန်းကထက် ပိုပြီး တိုက်စစ်ကို ဦးစားပေးခဲ့တယ်။ လီနိုရဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုများစွာနဲ့အတူ တစ်မှတ်ရရှိခဲ့သလို အာဆင်နယ်ရဲ့ ရဲရင့်မှုတွေကိုလဲ ပြသခဲ့ပါတယ်။ ဒါပေမယ့် အဆင့် ၁၉ က နောဝစ်ချ်ကို သရေကျတာဟာ အာဆင်နယ်ရဲ့ ဂုဏ်သိက္ခာအတွက် လုံလောက်မှုမရှိပါဘူး။ ဒါကို ယွန်းဘတ် သိပါတယ်။

အပြောင်းအလဲကာလမှာ အာဆင်နယ်ရဲ့ တိုးတက်မှု အနည်းငယ်ကို အကောင်းမြင်ပေမယ့်လဲ အရင်လို ကျရှုံးမှုတွေ ရှိနေဆဲပါ။ ထိပ်ဆုံးလေးနေရာအတွက် ပြိုင်ဆိုင်မှုမှာ ကွင်းလယ်က ခိုင်မာမှုမရှိပဲ အရင်လို ပြဿနာတွေ ကြုံနေရတယ်။ အဆိုးဆုံးအဖြစ် အာဆင်နယ်ရဲ့ ခံစစ်ပိုင်းမှာ စိတ်ပျက်စရာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ လီနို စွမ်းစွမ်းတမံ ကြိုးစားတာတောင် ဂိုးတွေ ခွင့်ပြုပေးနေရခြင်းက သက်သေပါပဲ။

ယွန်းဘတ်ဟာ မူစတာဖီနဲ့ ဒေးဗစ်လုဇ်ကို ဗဟိုခံစစ်မှာ ပွဲထုတ်လာပြီး အားလုံးကို အံ့အားသင့်စေခဲ့တယ်။ သူတို့အပြင် ညာနောက်တန်းက ကလန်ချန်ဘားနဲ့ ဗဟိုခံစစ်မှူးတွေက လစ်ဟာမှုတွေ ရှိခဲ့တယ်။ အိုဇေးက ပွဲအပေါ် ထိထိရောက်ရောက် အကျိုးပြုနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဂွမ်ဒူဇီ၊ ရှာကာ၊ ဂျိုးဝဲလ်လော့တို့က တော်ရဲရားကို ကျော်ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့အပေါ် မေးခွန်းထုတ်ရလိမ့်မယ်။ ကာလတိုလေးဟာ ယွန်းဘတ်အတွက် အသင်းတစ်သင်း ဖော်ထုတ်ဖို့ အချိန်မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဖြေသိမ့်စရာက ဖရန့်ဖတ်ကိုရှုံးပြီး အမ်မရီ ထွက်ခွာသွားရတာ မကြာသေးဘူးလေ။

နော်ဝစ်နဲ့ပွဲအပြီး နာက်ထပ် ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲ မတိုင်ခင် ယွန်းဘတ်နဲ့ နည်းပြအဖွဲ့တွေက အသင်းသားတွေကို သူတို့ ကျင့်သုံးမယ့် နည်းစနစ်အကြောင်း လမ်းညွှန်ဖို့ သုံးရက်အချိန်ရတယ်။ အသင်းခေါင်းဆောင်ဟောင်းကြီး မာတီဆက်ကာရဲ့ အကူအညီနဲ့အတူ ယွန်းဘတ်ဟာ လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အားလုံးက တစ်ချိန်တည်းမှာ ပြောင်းမသွားနိုင်ဘူး

နော်ဝစ်ပွဲမှာ အာဆင်နယ်ရဲ့ အနေအထားက မန်နေဂျာပြောင်းလိုက်တာနဲ့ အားလုံး တစ်ပြိုင်နက် ပြောင်းသွားမှာ မဟုတ်ဘူးဆိုတာ ပြသခဲ့တယ်။ ပရိသတ်တွေက အမ်မရီကို ရာထူးကထုတ်ရင် အစစ အရာရာ ပုံစံကောင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေပမယ့် ကလပ်အသင်းတွင်းမှာ ပြင်ဆင်ဖို့ အချိန်အနည်းငယ် ယူရမယ့် ပြဿနာတွေ ရှိနေတယ်။ အသင်းကိုတော့ အံ့အားသင့်မိတယ် ဘာကြောင့်လဲဆိုတော့ ယွန်းဘတ်က ဂန်းနားတိုင်းသိတဲ့ ကစားသမားတွေကို ပွဲထုတ်ခဲ့ပြီး သူတို့တွေက ပိုမကောင်းလာခဲ့ပါဘူး။

ကလန်ချန်ဘားက ညာနောက်ခံလူ မဟုတ်ဘူး။ သူ့ကြည့်ရတာ အချိန်တိုင်း ရုန်းကန်နေရတယ်။ နောက်ထပ် ရွေးချယ်မှုအဖြစ် သူ့ကို ဗဟိုခံစစ်မှာ ထားသင့်တယ်။ ဗဟိုခံစစ်အတွက် မူစတာဖီနဲ့ ဒေးဗစ်လုဇ်က အဖြေမဟုတ်ပါဘူး။ အာဆင်နယ်ဟာ ပီပီအတွက် ပေါင်သန်း ၇၀ ဖြုန်းခဲ့တယ်။ သူဘာလဲဆိုတာ အာဆင်နယ်ပရိသတ်တွေနဲ့ ပြိုင်ဘက်တွေ မြင်တွေ့ရဖို့လိုတယ်။ မန်နေဂျာဟောင်းလက်ထက်က ကစားသမားတွေ မဟုတ်တော့ဘူးဆိုတာကို ပြသမယ့် ကစားသမားမျိုးတွေ လိုနေပါတယ်။

အာဆင်နယ်ဟာ သီတင်းပတ်အကုန်ပွဲအဖြစ် အင်္ဂါနေ့မှာ ဝက်စ်ဟမ်းနဲ့ မတွေ့ခင် ကြာသပတေးနေ့မှာ ဘရိုက်တန်ကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ယွန်းဘတ်အနေနဲ့ ကျဆင်းနေတဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့ အာဆင်နယ်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လောက်ထိ ပေါင်းစည်းပေးနိုင်မလဲဆိုတာက စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ဟာ မန္ေနဂ်ာအမ္မရီကို ရာထူးကေန ထုတ္ပယ္ျပီးေနာက္ပိုင္းမွာ ပထမဆံုးပြဲအျဖစ္ ယာယီမန္ေနဂ်ာ ယြန္းဘတ္ကို ဦးေဆာင္ေစျပီး ေနာ္ဝစ္ကို ယွဥ္ျပိဳင္ကစားခဲ့ကာ ၂-၂ သေရရလဒ္ ထြက္ေပၚခဲ့ျပီျဖစ္ပါတယ္။

ကာလတိုအေနအထားမွာ ယြန္းဘတ္ ဦးေဆာင္မႈဟာ အေျပာင္းအလဲ အမ်ားၾကီး မျဖစ္ခဲ့ေပမယ့္ အေကာင္းျမင္စရာေတြလည္း ရွိထားခဲ့တာျဖစ္တယ္။ ဒီကစလို႔ ဒီဇင္ဘာအကုန္အထိ အာဆင္နယ္ဟာ ပြဲၾကပ္ေတြ အမ်ားအျပားကို ကစားရမွာျဖစ္ဖို႔ အသင္းကို ယြန္းဘတ္ ဘယ္ေလာက္ထိ ထမ္းတင္ေပးႏုိင္မလဲဆိုတာ ျမင္ေတြ႔ရေတာ့မွာျဖစ္တယ္။

ေနာ္ဝစ္နဲ႔ပြဲအျပီးမွာ အာဆင္နယ္အတြက္ ေျပာစရာျဖစ္လာခဲ့တာေတြထဲက အခ်က္ ႏွစ္ခ်က္ကို ေဖာ္ျပလိုပါတယ္။

အေကာင္းျမင္ေပမယ့္ အရင္လိုက်ရႈံးမႈေတြ ရွိေနဆဲ

ယြန္းဘတ္အေနနဲ႔ အာဆင္နယ္ရဲ႕ သေရပြဲအေပၚ အေကာင္းျမင္ပါေၾကာင္း ပြဲအျပီးမွာ ထုတ္ေျပာခဲ့ပါတယ္။ ယာယီမန္ေနဂ်ာအျဖစ္ သူအေကာင္းျမင္ေနတာက အသင္းရဲ႕ က်ဆင္းေနတဲ့ စိတ္ဓါတ္နဲ႔ စည္းလံုးမႈေတြကို ျပန္စုစည္းဖို႔အတြက္ မွန္ကန္တဲ့ လုပ္ရပ္ဆိုရင္ ဆက္ျပီးေတာ့ေကာ သူဘာေတြလုပ္ႏိုင္မလဲ?

ရက္အနည္းငယ္အတြင္းမွာပဲ ယြန္းဘတ္ဟာ အမ္မရီလက္ေအာက္မွာ ရွိေနတုန္းကထက္ ပိုၿပီး တိုက္စစ္ကို ဦးစားေပးခဲ့တယ္။ လီႏိုရဲ႕ ေကာင္းမြန္တဲ့ ကာကြယ္မႈမ်ားစြာနဲ႔အတူ တစ္မွတ္ရရွိခဲ့သလို အာဆင္နယ္ရဲ႕ ရဲရင့္မႈေတြကိုလဲ ျပသခဲ့ပါတယ္။ ဒါေပမယ့္ အဆင့္ ၁၉ က ေနာဝစ္ခ်္ကို သေရက်တာဟာ အာဆင္နယ္ရဲ႕ ဂုဏ္သိကၡာအတြက္ လုံေလာက္မႈမရွိပါဘူး။ ဒါကို ယြန္းဘတ္ သိပါတယ္။

အေျပာင္းအလဲကာလမွာ အာဆင္နယ္ရဲ႕ တိုးတက္မႈ အနည္းငယ္ကို အေကာင္းျမင္ေပမယ့္လဲ အရင္လို က်ရႈံးမႈေတြ ရွိေနဆဲပါ။ ထိပ္ဆုံးေလးေနရာအတြက္ ၿပိဳင္ဆိုင္မႈမွာ ကြင္းလယ္က ခိုင္မာမႈမရွိပဲ အရင္လို ျပႆနာေတြ ႀကဳံေနရတယ္။ အဆိုးဆံုးအျဖစ္ အာဆင္နယ္ရဲ႕ ခံစစ္ပိုင္းမွာ စိတ္ပ်က္စရာ အားနည္းခ်က္ေတြ ရွိေနတယ္ဆိုတာ လီႏို စြမ္းစြမ္းတမံ ၾကိဳးစားတာေတာင္ ဂိုးေတြ ခြင့္ျပဳေပးေနရျခင္းက သက္ေသပါပဲ။

ယြန္းဘတ္ဟာ မူစတာဖီနဲ႔ ေဒးဗစ္လုဇ္ကို ဗဟိုခံစစ္မွာ ပြဲထုတ္လာၿပီး အားလံုးကို အံ့အားသင့္ေစခဲ့တယ္။ သူတို႔အျပင္ ညာေနာက္တန္းက ကလန္ခ်န္ဘားနဲ႔ ဗဟိုခံစစ္မွဴးေတြက လစ္ဟာမႈေတြ ရွိခဲ့တယ္။ အိုေဇးက ပြဲအေပၚ ထိထိေရာက္ေရာက္ အက်ိဳးျပဳႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဂြမ္ဒူဇီ၊ ရွာကာ၊ ဂ်ိဳးဝဲလ္ေလာ့တို႔က ေတာ္ရဲရားကို ေက်ာ္ၿပီး ပြဲထြက္ခြင့္ရခဲ့တဲ့အေပၚ ေမးခြန္းထုတ္ရလိမ့္မယ္။ ကာလတိုေလးဟာ ယ​ြန္းဘတ္အတြက္ အသင္းတစ္သင္း ေဖာ္ထုတ္ဖို႔ အခ်ိန္မလုံေလာက္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ေျဖသိမ့္စရာက ဖရန္႔ဖတ္ကိုရႈံးၿပီး အမ္မရီ ထြက္ခြာသြားရတာ မၾကာေသးဘူးေလ။

ေနာ္ဝစ္နဲ႔ပြဲအျပီး နာက္ထပ္ ပြဲျဖစ္တဲ့ ဘ႐ိုက္တန္နဲ႔ပြဲ မတိုင္ခင္ ယြန္းဘတ္နဲ႔ နည္းျပအဖြဲ႔ေတြက အသင္းသားေတြကို သူတို႔ က်င့္သံုးမယ့္ နည္းစနစ္အေၾကာင္း လမ္းညႊန္ဖို႔ သုံးရက္အခ်ိန္ရတယ္။ အသင္းေခါင္းေဆာင္ေဟာင္းၾကီး မာတီဆက္ကာရဲ႕ အကူအညီနဲ႔အတူ ယြန္းဘတ္ဟာ ေလ့က်င့္ေရးကြင္းမွာ ေကာင္းေကာင္း လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။

အားလံုးက တစ္ခ်ိန္တည္းမွာ ေျပာင္းမသြားႏုိင္ဘူး

ေနာ္ဝစ္ပြဲမွာ အာဆင္နယ္ရဲ႕ အေနအထားက မန္ေနဂ်ာေျပာင္းလိုက္တာနဲ႔ အားလံုး တစ္ျပိဳင္နက္ ေျပာင္းသြားမွာ မဟုတ္ဘူးဆိုတာ ျပသခဲ့တယ္။ ပရိသတ္ေတြက အမ္မရီကို ရာထူးကထုတ္ရင္ အစစ အရာရာ ပံုစံေကာင္းေတြ ထြက္ေပၚလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပပမယ့္ ကလပ္အသင္းတြင္းမွာ ျပင္ဆင္ဖို႔ အခ်ိန္အနည္းငယ္ ယူရမယ့္ ျပႆနာေတြ ရွိေနတယ္။ အသင္းကိုေတာ့ အံ့အားသင့္မိတယ္ ဘာေၾကာင့္လဲဆိုေတာ့ ယြန္းဘတ္က ဂန္းနားတိုင္းသိတဲ့ ကစားသမားေတြကို ပြဲထုတ္ခဲဲ့ၿပီး သူတို႔ေတြက ပိုမေကာင္းလာခဲ့ပါဘူး။

ကလန္ခ်န္ဘားက ညာေနာက္ခံလူ မဟုတ္ဘူး။ သူ႔ၾကည့္ရတာ အခ်ိန္တိုင္း ႐ုန္းကန္ေနရတယ္။ ေနာက္ထပ္ ေရြးခ်ယ္မႈအျဖစ္ သူ႔ကို ဗဟိုခံစစ္မွာ ထားသင့္တယ္။ ဗဟိုခံစစ္အတြက္ မူစတာဖီနဲ႔ ေဒးဗစ္လုဇ္က အေျဖမဟုတ္ပါဘူး။ အာဆင္နယ္ဟာ ပီပီအတြက္ ေပါင္သန္း ၇၀ ျဖဳန္းခဲ့တယ္။ သူဘာလဲဆိုတာ အာဆင္နယ္ပရိသတ္ေတြနဲ႔ ျပိဳင္ဘက္ေတြ ျမင္ေတြ႕ရဖို႔လိုတယ္။ မန္ေနဂ်ာေဟာင္းလက္ထက္က ကစားသမားေတြ မဟုတ္ေတာ့ဘူးဆိုတာကို ျပသမယ့္ ကစားသမားမ်ိဳးေတြ လိုေနပါတယ္။

အာဆင္နယ္ဟာ သီတင္းပတ္အကုန္ပြဲအျဖစ္ အဂၤါေန႔မွာ ဝက္စ္ဟမ္းနဲ႔ မေတြ႕ခင္ ၾကာသပေတးေန႔မွာ ဘ႐ိုက္တန္ကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။ ယြန္းဘတ္အေနနဲ႔ က်ဆင္းေနတဲ့ ပရိသတ္ေတြရဲ႕ ယံုၾကည္မႈနဲ႔ အာဆင္နယ္အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကို ဘယ္ေလာက္ထိ ေပါင္းစည္းေပးႏုိင္မလဲဆိုတာက စိတ္ဝင္စားစရာပဲျဖစ္ပါတယ္။