မန်စီးတီးခံစစ်မှူး လာပေါ်တေးက သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ သတင်းပေးမှုနဲ့အတူ အမှတ်ပေးဖလားပြိုင်ဘက် လီဗာပူးအား ဘောလုံးရာသီက မပြီးသေးပါဘူးလို့ သတိပေးမှုလည်း ပြုလုပ်သွားခဲ့ပါတယ်။

ပြင်သစ်သား ခံစစ်မှူးဟာ ဒီရာသီမှာ မန်စီးတီးအတွက် အမှတ်ပေးပွဲ ၄ ပွဲပဲ ကစားပေးနိုင်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့သူဖြစ်တယ်။ သူမပါဝင်ချိန်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးဟာ သုံးပွဲရံှူး၊ တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပြီး လီဗာပူးနောက် ၁၁ မှတ်အကွာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ပြင်သစ်သတင်းဌာနက လာပေါ်တေးရဲ့ ကြံ့ခိုင်မှုကို သတင်းမေးခြင်းနဲ့အတူ ဒီရာသီ မန်စီးတီးက လီဗာပူးကို အမှီလိုက်ဖို့ ဖြစ်နိုင်မလားလို့ မေးခွန်းထုတ်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးက မဖြစ်နိုင်စရာ မရှိဘူးလို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

” မဖြစ်နိုင်စရာ မရှိပါဘူး။ မနှစ်တုန်းကလည်း လီဗာပူးက တူညီတဲ့ အနေအထားနဲ့ ဦးဆောင်ထားခဲ့သေးတာပါပဲ ဒါပေမယ့် ဒီရာသီမှာ ကျနေ်ာတို့ ပြန်လည် ဆယ်မမှုတွေလုပ်ဖို့ အချိန် ရှိနေဆဲပါ။ လီဗာပူးကို လိုက်မှီဖို့နဲ့ ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ ကျနေ်ာတို့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အလုပ်တွေကို အများကြီး အကောင်းဆုံး ကြိုးစားရမှာဖြစ်ပြီး ပွဲတွေကို အရေးမနိမ့်ဖို့ သေချာအောင် လုပ်ရပါမယ် ” လို့ လာပေါ်တေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေနဲ့ ပက်သက်ပြီးလည်း ပြင်သစ်သားက ” ကျနေ်ာရဲ့ တိုးတက်မှု အခြေအနေက အတော်လေး ကောင်းပါတယ်။ အချိန်လိုသေးပေမယ့် ဖြစ်နိုင်သလောက် အမြန်ဆုံး ပြန်လာနိုင်ပြီး အသင်းဖော်တွေနဲ့ ကစားရဖို့ မျှော်လင့်ပါတယ်။ ဘယ်အချိန်လဲဆိုတာ အတိအကျ ကျနော် မပြောနိုင်ပါဘူး။ ဒါပေမယ့် အနည်းဆုံးနဲ့ အမြန်ဆုံးသော တစ်လခွဲနဲ့ ၂ လအတွင်း ပြန်ကစားနိုင်ပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးကလည်း အဓိက ကွင်းလယ်လူ ဖာဘင်ညိုနဲ့ ခံစစ်မှူး မာတစ်တို့ကို ကာလရှည်တွေ လက်လွတ်ထားရတာဖြစ်ပြီး နှစ်သစ်မှပဲ ပြန်ကစားနိုင်မယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးခံစစ္မွဴး လာေပၚေတးက သူ႔ရဲ႕ ၾကံ႕ခိုင္မႈပိုင္းဆိုင္ရာ သတင္းေပးမႈနဲ႔အတူ အမွတ္ေပးဖလားျပိဳင္ဘက္ လီဗာပူးအား ေဘာလံုးရာသီက မျပီးေသးပါဘူးလို႔ သတိေပးမႈလည္း ျပဳလုပ္သြားခဲ့ပါတယ္။

ျပင္သစ္သား ခံစစ္မွဴးဟာ ဒီရာသီမွာ မန္စီးတီးအတြက္ အမွတ္ေပးပြဲ ၄ ပြဲပဲ ကစားေပးႏုိင္ခဲ့ျပီး ဒူးဒဏ္ရာေၾကာင့္ အနားယူေနခဲ့သူျဖစ္တယ္။ သူမပါဝင္ခ်ိန္မွာ လက္ရွိ ခ်န္ပီယံ မန္စီးတီးဟာ သံုးပြဲရံွဴး၊ တစ္ပြဲသေရ ရလဒ္ကို ပိုင္ဆုိင္ထားခဲ့ျပီး လီဗာပူးေနာက္ ၁၁ မွတ္အကြာကို ေရာက္ရွိေနတာျဖစ္ပါတယ္။

ျပင္သစ္သတင္းဌာနက လာေပၚေတးရဲ႕ ၾကံ႕ခိုင္မႈကို သတင္းေမးျခင္းနဲ႔အတူ ဒီရာသီ မန္စီးတီးက လီဗာပူးကို အမွီလိုက္ဖို႔ ျဖစ္ႏုိင္မလားလို႔ ေမးခြန္းထုတ္ခဲ့ျပီး အသက္ ၂၅ ႏွစ္အရြယ္ ခံစစ္မွဴးက မျဖစ္ႏုိင္စရာ မရွိဘူးလို႔ ျပန္လည္ ေျဖဆိုခဲ့ပါတယ္။

” မျဖစ္ႏုိုင္စရာ မရွိပါဘူး။ မႏွစ္တုန္းကလည္း လီဗာပူးက တူညီတဲ့ အေနအထားနဲ႔ ဦးေဆာင္ထားခဲ့ေသးတာပါပဲ ဒါေပမယ့္ ဒီရာသီမွာ က်ေန္ာတုိ႔ ျပန္လည္ ဆယ္မမႈေတြလုပ္ဖို႔ အခ်ိန္ ရွိေနဆဲပါ။ လီဗာပူးကို လိုက္မွီဖို႔နဲ႔ ပရီးမီးယားလိဂ္ကို အႏုိင္ရဖို႔ က်ေန္ာတို႔ လုပ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အလုပ္ေတြကို အမ်ားၾကီး အေကာင္းဆံုး ၾကိဳးစားရမွာျဖစ္ျပီး ပြဲေတြကို အေရးမနိမ့္ဖို႔ ေသခ်ာေအာင္ လုပ္ရပါမယ္ ” လို႔ လာေပၚေတးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ၾကံ႕ခိုင္မႈဆိုင္ရာ အေျခအေနနဲ႔ ပက္သက္ျပီးလည္း ျပင္သစ္သားက ” က်ေန္ာရဲ႕ တိုးတက္မႈ အေျခအေနက အေတာ္ေလး ေကာင္းပါတယ္။ အခ်ိန္လိုေသးေပမယ့္ ျဖစ္ႏုိင္သေလာက္ အျမန္ဆံုး ျပန္လာႏုိင္ျပီး အသင္းေဖာ္ေတြနဲ႔ ကစားရဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘယ္အခ်ိန္လဲဆိုတာ အတိအက် က်ေနာ္ မေျပာႏုိင္ပါဘူး။ ဒါေပမယ့္ အနည္းဆံုးနဲ႔ အျမန္ဆံုးေသာ တစ္လခြဲနဲ႔ ၂ လအတြင္း ျပန္ကစားႏုိင္ပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးကလည္း အဓိက ကြင္းလယ္လူ ဖာဘင္ညိဳနဲ႔ ခံစစ္မွဴး မာတစ္တို႔ကို ကာလရွည္ေတြ လက္လြတ္ထားရတာျဖစ္ျပီး ႏွစ္သစ္မွပဲ ျပန္ကစားႏုိင္မယ္လို႔ သိထားရတာျဖစ္ပါတယ္။