မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် အစောပိုင်း ၃ ပွဲမှာတင် ရမှတ် ၅ မှတ်လျော့ကျခဲ့တဲ့အပေါ် မေးခွန်းထုတ်ခံရရာမှာ သူ့အသင်းနဲ့ ပက်သက်လို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်ကို စိန်ခေါ်ဖို့က လီဗာပူးနဲ့အပြိုင် မန်စီးတီးက ရေပန်းအစားဆုံး ဖြစ်နေပြီး လီဗာပူးက နိုင်ပွဲတွေ ဆက်နေသလောက် မန်စီးတီးက ရလဒ်မကောင်းခြင်းအပေါ် ဂွာဒီယိုလာကို မေးခွန်းထုတ်ခဲ့တာပါ။ ဂွာဒီယိုလာကလည်း လီဗာပူးကို ရည်ရွယ်တဲ့ ပြောဆိုမှုတွေ လုပ်ခဲ့ကာ ပြိုင်ဘက်တွေက ရမှတ်တွေ လုံးဝ မလျော့တာကို သူသိတယ်လို့ ပြောပါတယ်။

ဂွာဒီယိုလာက “ တနင်္ဂနွေနေ့ ညနက်ပွဲအပြီးမှာ ကျနေ်ာတို့ကတော့ တစ်ပွဲလျော့ပြီး ကစားရတာ ဖြစ်နေမှာပါ။ ထိပ်ဆုံးအဆင့်ကို ရောက်လိုတယ်ဆိုရင် ကျနေ်ာတို့ နိုင်ဖို့ လိုအပ်မယ်ဆိုတာ သိခဲ့ပါတယ်။ နိုင်ပွဲတွေ မရသ၍တော့ ကျနေ်ာတို့ ထိပ်ဆုံးကို မရောက်နိုင်ဘူး။

ဒါပေမယ့် ပထမဆုံး သုံးပွဲအပြီးမှာ ငါတို့တော့ ပရီးမီးယားလိဂ်ကို အနိုင်ရရမယ်ဆိုပြီး ကျနော် မစတင်နိုင်ပါဘူး။ ချန်ပီယံဖြစ်တဲ့ကိစ္စက ဖြစ်တာပေါ့။ ကျနေ်ာတို့ ရောက်နေတဲ့ အခြေအနေကိုလည်း သိပါတယ်။ မနှစ်က အဆုံးသတ်ခဲ့တဲ့ နေရာကို သိထားသလို ဒီရာသီမှာ ကျနေ်ာတို့ ချန်ပီယံဆုကို စိန်ခေါ်ရမယ်ဆိုတာ သိထားတယ်။

ဒီရာသီမှာ ကျနေ်ာတို့ ပြန်လာပြနိုင်ရမယ်ဆိုတာ ကျနော်ကော ကစားသမားတွေပါ သိပါတယ်။ အခုချိန်ထိ ကျနေ်ာတို့ လုပ်ထားနိုင်တာကို ကျေနပ်တယ်ဆိုတာထက် ပိုပါတယ်။ အချို့ကိစ္စတွေကိုတော့ ဖြေရှင်းဖို့ လိုတာပေါ့။ ကျနေ်ာတို့က အကောင်းဆုံးတွေ လုပ်နိုင်ဖို့ အနည်းငယ် လိုအပ်နေတယ်။ ကံမကောင်းစွာပဲ ရမှတ် ၅ မှတ် လျော့နည်းထားတယ်။

ပရီမီးယားလိဂ်က ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျနော် သိပါတယ်။ ပြိုင်ဘက်တွေက ရမှတ်တွေ မလျော့ကျဘူး။ ဒါပေမယ့် ဘာဖြစ်လာမလဲဆိုတာကို ကျနော် စဉ်းစားနေမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို ကျနေ်ာတို့ အနိုင်မရတော့ဘူး ဆိုတဲ့ အခြေအနေမှပဲ လက်လျော့မှာပါ။ ကျနော်ရဲ့ ကစားသမားတွေအတွက်ကော ကျနော်ရဲ့ အသင်းအတွက်ပါ ဂုဏ်ယူပါတယ် ” လို့ တုန့်ပြန်ခဲ့တယ်။

ဒီရာသီမှာတော့ လီဗာပူး၊ လက်စတာတို့ဟာ အဖွင့် သုံးပွဲလုံးကို အနိုင်ယူထားသလို အဲဗာတန်ကတော့ အဖွင့် လေးပွဲလုံးကို အနိုင်ရထားတယ်။ မန်စီးတီးကတော့ ၁ ပွဲရံှူး၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့်ရာသီ အစောပိုင်းမှာတင် ရမှတ်ကွာဟမှုတွေ ရှိလာနေခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာဟာ ပရီးမီးယားလိဂ္ အေစာပိုင္း ၃ ပြဲမွာတင္ ရမွတ္ ၅ မွတ္ေလ်ာ့က်ခဲ့တဲ့အေပၚ ေမးခြန္းထုတ္ခံရရာမွာ သူ႔အသင္းနဲ႔ ပက္သက္လို႔ ေက်နပ္တယ္လို႔ ဆိုပါတယ္။

ပရီးမီးယားလိဂ္ကို စိန္ေခၚဖို႔က လီဗာပူးနဲ႔အျပိဳင္ မန္စီးတီးက ေရပန္းအစားဆံုး ျဖစ္ေနျပီး လီဗာပူးက ႏုိင္ပြဲေတြ ဆက္ေနသေလာက္ မန္စီးတီးက ရလဒ္မေကာင္းျခင္းအေပၚ ဂြာဒီယိုလာကို ေမးခြန္းထုတ္ခဲ့တာပါ။ ဂြာဒီယိုလာကလည္း လီဗာပူးကို ရည္ရြယ္တဲ့ ေျပာဆိုမႈေတြ လုပ္ခဲ့ကာ ျပိဳင္ဘက္ေတြက ရမွတ္ေတြ လံုးဝ မေလ်ာ့တာကို သူသိတယ္လို႔ ေျပာပါတယ္။

ဂြာဒီယိုလာက “ တနဂၤေႏြေန႔ ညနက္ပြဲအျပီးမွာ က်ေန္ာတို႔ကေတာ့ တစ္ပြဲေလ်ာ့ျပီး ကစားရတာ ျဖစ္ေနမွာပါ။ ထိပ္ဆံုးအဆင့္ကို ေရာက္လိုတယ္ဆိုရင္ က်ေန္ာတို႔ ႏုိင္ဖို႔ လိုအပ္မယ္ဆိုတာ သိခဲ့ပါတယ္။ ႏုိင္ပြဲေတြ မရသ၍ေတာ့ က်ေန္ာတို႔ ထိပ္ဆံုးကို မေရာက္ႏုိင္ဘူး။

ဒါေပမယ့္ ပထမဆံုး သံုးပြဲအျပီးမွာ ငါတို႔ေတာ့ ပရီးမီးယားလိဂ္ကို အႏုိင္ရရမယ္ဆိုျပီး က်ေနာ္ မစတင္ႏုိင္ပါဘူး။ ခ်န္ပီယံျဖစ္တဲ့ကိစၥက ျဖစ္တာေပါ့။ က်ေန္ာတို႔ ေရာက္ေနတဲ့ အေျခအေနကိုလည္း သိပါတယ္။ မႏွစ္က အဆံုးသတ္ခဲ့တဲ့ ေနရာကို သိထားသလို ဒီရာသီမွာ က်ေန္ာတို႔ ခ်န္ပီယံဆုကို စိန္ေခၚရမယ္ဆိုတာ သိထားတယ္။

ဒီရာသီမွာ က်ေန္ာတို႔ ျပန္လာျပႏုိင္ရမယ္ဆိုတာ က်ေနာ္ေကာ ကစားသမားေတြပါ သိပါတယ္။ အခုခ်ိန္ထိ က်ေန္ာတို႔ လုပ္ထားႏုိင္တာကို ေက်နပ္တယ္ဆိုတာထက္ ပိုပါတယ္။ အခ်ိဳ႔ကိစၥေတြကိုေတာ့ ေျဖရွင္းဖို႔ လိုတာေပါ့။ က်ေန္ာတို႔က အေကာင္းဆံုးေတြ လုပ္ႏုိင္ဖို႔ အနည္းငယ္ လိုအပ္ေနတယ္။ ကံမေကာင္းစြာပဲ ရမွတ္ ၅ မွတ္ ေလ်ာ့နည္းထားတယ္။

ပရီမီးယားလိဂ္က ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ က်ေနာ္ သိပါတယ္။ ျပိဳင္ဘက္ေတြက ရမွတ္ေတြ မေလ်ာ့က်ဘူး။ ဒါေပမယ့္ ဘာျဖစ္လာမလဲဆိုတာကို က်ေနာ္ စဥ္းစားေနမွာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ကို က်ေန္ာတို႔ အႏုိင္မရေတာ့ဘူး ဆိုတဲ့ အေျခအေနမွပဲ လက္ေလ်ာ့မွာပါ။ က်ေနာ္ရဲ႕ ကစားသမားေတြအတြက္ေကာ က်ေနာ္ရဲ႕ အသင္းအတြက္ပါ ဂုဏ္ယူပါတယ္ ” လို႔ တုန္႔ျပန္ခဲ့တယ္။

ဒီရာသီမွာေတာ့ လီဗာပူး၊ လက္စတာတို႔ဟာ အဖြင့္ သံုးပြဲလံုးကို အႏုိင္ယူထားသလို အဲဗာတန္ကေတာ့ အဖြင့္ ေလးပြဲလံုးကို အႏုိင္ရထားတယ္။ မန္စီးတီးကေတာ့ ၁ ပြဲရံွဴး၊ ၁ ပြဲသေရ ရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ရာသီ အေစာပိုင္းမွာတင္ ရမွတ္ကြာဟမႈေတြ ရွိလာေနခဲ့ျပီျဖစ္ပါတယ္။