အင်္ဂလန်ကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်းဖြစ်သလို လက်ရှိမှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ချာတန် ပါမယ်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ သိပ်မကြာခင် ဘောလုံးပြန်ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာပါတယ်။

နယ်သာလန်သား ခံစစ်သမားဟာ ACL ဒဏ်ရာကြောင့် ကာလရှည် အနားယူရမယ်လို့ သိထားရတာပါ။ ဒါပေမယ့်လို့ ဗန်ဒိုက်ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကလပ်ဘက်က အသေးစိတ်တွေ ထုတ်မပြောသလို ဗန်ဒိုက် ကိုယ်တိုင်ကလည်း လေ့ကျင့်ရေး ဗီဒီယိုတွေ တင်နေတာကလွဲလို့ သိပ်ပြီး ထုတ်ပြောလေ့ မရှိဘူး။

သို့ပေမယ့် ဒီဇင်ဘာတုန်းက ထူးထူးခြားခြားအဖြစ် ဗန်ဒိုက်က မကြာခင်မှာ ပြန်လာမယ်ဆိုတဲ့ စကားကို ထုတ်ပြောခဲ့ဖူးပါတယ်။

ပါမယ်က ပြောရာမှာ “ ဗန်ဒိုက်ကို ကျနော် မြင်တဲ့ အနေအထားအရ သူက စက်ဘီးစီးတဲ့ လေ့ကျင့်ရေးကိုလည်း လုပ်လာနိုင်ပြီ ခပ်ရွရွပြေးတာကိုလည်း လုပ်လာနိုင်ပါပြီ။ အကယ်လို့ အဖြောင်းပြေးမှုတွေကို သူလုပ်နိုင်နေပြီဆိုရင် လာမယ့် နှစ်လအတွင်း သူပြန်ကစားနိုင်ပပါတယ်။ သူက သိပ်ထူးချွန်တဲ့ အားကစားသမားနဲ့ ပရိုကောင်းတစ်ဦး ဖြစ်ပါတယ်။

အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် အလန်ရှီးယားက ဒဏ်ရာရခဲ့တယ်။ ဒါပေမယ့်လို့ စံချိန်တင် အမြန်နှုန်းနဲ့ သူက ပြန်သက်သာလာခဲ့ဖူးပါတယ်။ သူ့လို ကစားသမားတွေက ဒဏ်ရာကနေ ပြန်သက်သာလာဖို့ သိပ်မြန်လွန်းပါတယ်။

ဒီအခြေအနေမှာတော့ ဘောလုံးရာသီမှာ ဗန်ဒိုက်ကို ထည့်မတွက်ကြပါဘူး။ ဖေဖော်ဝါရီ အကုန်နဲ့ မတ်လ အစောပိုင်းမှာ ဗန်ဒိုက် ဘောလုံးပြန်ကစားနိုင်တာ မြင်ရမယ်ဆိုရင် ကျနော်ကတော့ အံသြမိမှာ မဟုတ်ဘူး။ အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင် လီဗာပူးက ဈေးကွက်ထဲ ဝင်ဖို့ မလိုသလို သူတို့ မလိုတော့တဲ့ နေရာအတွက် တစ်ယောက်ယောက်အဖို့ ငွေကုန်ကြေးကျ ခံစရာလည်း မလိုပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ACL ဒဏ်ရာကနေ အမြန်ဆုံး ပြန်သက်သာလာခြင်းက ပုံမှန်အားဖြင့် ၆ လဖြစ်ပြီး ကံဆိုးရင်တော့ ၁၀ လထိ ကြာတတ်ပါတယ်။ လူအတော်များများက ဗန်ဒိုက်ဟာ ၅ လခွဲဖြင့် ပြန်ကစားနိုင်မယ်လို့ မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ကစားသမားေဟာင္းနဲ႔ မန္ေနဂ်ာေဟာင္းျဖစ္သလို လက္ရွိမွာ အားကစားသံုးသပ္သူအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ ခ်ာတန္ ပါမယ္က လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ သိပ္မၾကာခင္ ေဘာလံုးျပန္ကစားႏုိင္မယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလာပါတယ္။

နယ္သာလန္သား ခံစစ္သမားဟာ ACL ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူရမယ္လို႔ သိထားရတာပါ။ ဒါေပမယ့္လို႔ ဗန္ဒိုက္ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး ကလပ္ဘက္က အေသးစိတ္ေတြ ထုတ္မေျပာသလို ဗန္ဒိုက္ ကိုယ္တိုင္ကလည္း ေလ့က်င့္ေရး ဗီဒီယိုေတြ တင္ေနတာကလြဲလို႔ သိပ္ျပီး ထုတ္ေျပာေလ့ မရွိဘူး။

သို႔ေပမယ့္ ဒီဇင္ဘာတုန္းက ထူးထူးျခားျခားအျဖစ္ ဗန္ဒိုက္က မၾကာခင္မွာ ျပန္လာမယ္ဆိုတဲ့ စကားကို ထုတ္ေျပာခဲ့ဖူးပါတယ္။

ပါမယ္က ေျပာရာမွာ “ ဗန္ဒိုက္ကို က်ေနာ္ ျမင္တဲ့ အေနအထားအရ သူက စက္ဘီးစီးတဲ့ ေလ့က်င့္ေရးကိုလည္း လုပ္လာႏုိင္ျပီ ခပ္ရြရြေျပးတာကိုလည္း လုပ္လာႏုိင္ပါျပီ။ အကယ္လို႔ အေျဖာင္းေျပးမႈေတြကို သူလုပ္ႏုိင္ေနျပီဆိုရင္ လာမယ့္ ႏွစ္လအတြင္း သူျပန္ကစားႏုိင္ပပါတယ္။ သူက သိပ္ထူးခၽြန္တဲ့ အားကစားသမားနဲ႔ ပရိုေကာင္းတစ္ဦး ျဖစ္ပါတယ္။

အတိတ္ကို ျပန္ၾကည့္မယ္ဆိုရင္ အလန္ရွီးယားက ဒဏ္ရာရခဲ့တယ္။ ဒါေပမယ့္လို႔ စံခ်ိန္တင္ အျမန္ႏႈန္းနဲ႔ သူက ျပန္သက္သာလာခဲ့ဖူးပါတယ္။ သူ႔လို ကစားသမားေတြက ဒဏ္ရာကေန ျပန္သက္သာလာဖို႔ သိပ္ျမန္လြန္းပါတယ္။

ဒီအေျခအေနမွာေတာ့ ေဘာလံုးရာသီမွာ ဗန္ဒိုက္ကို ထည့္မတြက္ၾကပါဘူး။ ေဖေဖာ္ဝါရီ အကုန္နဲ႔ မတ္လ အေစာပိုင္းမွာ ဗန္ဒိုက္ ေဘာလံုးျပန္ကစားႏုိင္တာ ျမင္ရမယ္ဆိုရင္ က်ေနာ္ကေတာ့ အံၾသမိမွာ မဟုတ္ဘူး။ အဲ့လိုျဖစ္လာခဲ့မယ္ဆိုရင္ လီဗာပူးက ေစ်းကြက္ထဲ ဝင္ဖို႔ မလိုသလို သူတို႔ မလိုေတာ့တဲ့ ေနရာအတြက္ တစ္ေယာက္ေယာက္အဖုိ႔ ေငြကုန္ေၾကးက် ခံစရာလည္း မလိုပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ACL ဒဏ္ရာကေန အျမန္ဆံုး ျပန္သက္သာလာျခင္းက ပံုမွန္အားျဖင့္ ၆ လျဖစ္ျပီး ကံဆိုးရင္ေတာ့ ၁၀ လထိ ၾကာတတ္ပါတယ္။ လူအေတာ္မ်ားမ်ားက ဗန္ဒိုက္ဟာ ၅ လခြဲျဖင့္ ျပန္ကစားႏုိင္မယ္လို႔ မွတ္ခ်က္ေပးေနၾကတာ ျဖစ္ပါတယ္။