ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အမှတ်ပေးဇယား ထိပ်ဆုံး တစ်နေရာအတွက် ယှဉ်ပြိုင်ရမယ့် လီဗာပူးပွဲမှာ သူ့အသင်း အဓိက ကစားသမား ၃ ဦး ပြန်လာမယ်လို့ ထုတ်ပြောလာပါတယ်။

ဇန်နဝါရီလ ၁၇ ရက်မှာတော့ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက် ယှဉ်ပြိုင်ကြမှာပါ။ နှစ်သင်းလုံးက ရမှတ်တူအဖြစ် ၃၃ မှတ် ရထားကြတာဖြစ်ကာ မနက်ဖြန်မှာ ယူနိုက်တက်က ဘန်လေဖြင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ယူနိုက်တက်မှာ လင်ဒီအော့၊ လုရှောနဲ့ ပေါ့ဘာတို့ သုံးဦးက ဒဏ်ရာရနေတာဖြစ်ပြီး လီဗာပူးကို ရင်ဆိုင်ရမယ့်ပွဲမှာ သူတို့ သုံးဦး ပြန်ပါလာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုးရှားက ပြောလာခဲ့တာဖြစ်တယ်။

ဆိုးရှားက “ သူတို့ ပြန်ပါလာမယ်လို့ မျှော်လင့်ထားပါတယ်။ လီဗာပူးကို ရင်ဆိုင်ရမယ့် ပွဲအတွက်တော့ သူတို့ သေချာပေါက် ပြန်ပါလာမယ်လို့ ကျနော် မျှော်လင့်နေပါတယ်။ ဘန်လေနဲ့ပွဲမှာ သူတို့ ပြန်ပါမလားကိုယ်တော့ မသေချာပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့တုန်းက သူတို့ ပြန်လေ့ကျင့်ခဲ့လို့ တနလာၤနေ့မှာ အခြေအနေ ကြည့်ရပါမယ် ” လို့ ထုတ်ပြောခဲ့တယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့ အမှတ်ပေးဇယားအတွက် အပြိုင်အဆိုင် ဖြစ်ခဲ့တဲ့ နောက်ဆုံးရာသီက ၂၀၀၈-၂၀၀၉ ဘောလုံးရာသီတုန်းကဖြစ်တယ်။ အဲ့တုန်းက ပထမရာသီဝက်မှာ လီဗာပူးက အသာရခဲ့ပေမယ့် နောက်ပိုင်းမှာ ဘင်နီတက်စ်က ယူနိုက်တက်မန်နေဂျာဟောင်း ဆာအဲလက်စ်နဲ့ စကားလုံး တိုက်ပွဲကြောင့် ရလဒ်တွေ ထိခိုက်လာခဲ့ကာ ရာသီကုန်မှာ ဒုတိယနေရာပဲ ရခဲ့ပါတယ်။

အဲ့ကာလနောက်ပိုင်းမှာ နှစ်သင်းဟာ အမှတ်ပေးဖလား အပြိုင်ဖြစ်လာခြင်း မရှိတော့ဘဲ မန်စီးတီး၊ ချယ်ဆီး အသင်းတွေနဲ့ပဲ ဆုဖလား ပြိုင်ဆိုင်မှုတွေ လုပ်ခဲ့ကြရတာဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ပြိုင်ဘက်ဟောင်း နှစ်သင်း ဒီရာသီမှာ အကျိတ်အနယ် ပြန်ဖြစ်လာမလားဆိုတာက လာမယ့် သီတင်းပတ်တွေမှာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက အမွတ္ေပးဇယား ထိပ္ဆံုး တစ္ေနရာအတြက္ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးပြဲမွာ သူ႔အသင္း အဓိက ကစားသမား ၃ ဦး ျပန္လာမယ္လို႔ ထုတ္ေျပာလာပါတယ္။

ဇန္နဝါရီလ ၁၇ ရက္မွာေတာ့ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ထိပ္တိုက္ ယွဥ္ျပိဳင္ၾကမွာပါ။ ႏွစ္သင္းလံုးက ရမွတ္တူအျဖစ္ ၃၃ မွတ္ ရထားၾကတာျဖစ္ကာ မနက္ျဖန္မွာ ယူႏုိက္တက္က ဘန္ေလျဖင့္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ယူႏုိက္တက္မွာ လင္ဒီေအာ့၊ လုေရွာနဲ႔ ေပါ့ဘာတို႔ သံုးဦးက ဒဏ္ရာရေနတာျဖစ္ျပီး လီဗာပူးကို ရင္ဆိုင္ရမယ့္ပြဲမွာ သူတို႔ သံုးဦး ျပန္ပါလာႏုိင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ဆိုးရွားက ေျပာလာခဲ့တာျဖစ္တယ္။

ဆိုးရွားက “ သူတို႔ ျပန္ပါလာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ လီဗာပူးကို ရင္ဆိုင္ရမယ့္ ပြဲအတြက္ေတာ့ သူတို႔ ေသခ်ာေပါက္ ျပန္ပါလာမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ေနပါတယ္။ ဘန္ေလနဲ႔ပြဲမွာ သူတို႔ ျပန္ပါမလားကိုယ္ေတာ့ မေသခ်ာပါဘူး။ ဒါေပမယ့္ တနဂၤေႏြေန႔တုန္းက သူတို႔ ျပန္ေလ့က်င့္ခဲ့လို႔ တနလာၤေန႔မွာ အေျခအေန ၾကည့္ရပါမယ္ ” လို႔ ထုတ္ေျပာခဲ့တယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ အမွတ္ေပးဇယားအတြက္ အျပိဳင္အဆိုင္ ျဖစ္ခဲ့တဲ့ ေနာက္ဆံုးရာသီက ၂၀၀၈-၂၀၀၉ ေဘာလံုးရာသီတုန္းကျဖစ္တယ္။ အဲ့တုန္းက ပထမရာသီဝက္မွာ လီဗာပူးက အသာရခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဘင္နီတက္စ္က ယူႏုိက္တက္မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္နဲ႔ စကားလံုး တိုက္ပြဲေၾကာင့္ ရလဒ္ေတြ ထိခိုက္လာခဲ့ကာ ရာသီကုန္မွာ ဒုတိယေနရာပဲ ရခဲ့ပါတယ္။

အဲ့ကာလေနာက္ပိုင္းမွာ ႏွစ္သင္းဟာ အမွတ္ေပးဖလား အျပိဳင္ျဖစ္လာျခင္း မရွိေတာ့ဘဲ မန္စီးတီး၊ ခ်ယ္ဆီး အသင္းေတြနဲ႔ပဲ ဆုဖလား ျပိဳင္ဆုိင္မႈေတြ လုပ္ခဲ့ၾကရတာျဖစ္ပါတယ္။ အဂၤလန္ရဲ႕ ျပိဳင္ဘက္ေဟာင္း ႏွစ္သင္း ဒီရာသီမွာ အက်ိတ္အနယ္ ျပန္ျဖစ္လာမလားဆိုတာက လာမယ့္ သီတင္းပတ္ေတြမွာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။