ဧပရယ်လ ၄ ရက်နေ့ နံနက် ၁း၃၀ မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါလာမယ့် အဆိုပါပွဲနဲ့ ပက်သက်လို့ ဘီဘီစီမှ အားကစား ခန့်မှန်းသူ လော်ရိုးက သုံးသပ် ခန့်မှန်းမှု ပြုလုပ်သွားခဲ့ပါတယ်။

လော်ရိုးက ” လီဗာပူးရဲ့ ထိပ်ဆုံး ၄ သင်း မျှော်လင့်ချက်အတွက် ဒီပွဲက ပွဲကြီးပွဲကောင်းတစ်ပွဲပါ။ အနီရောင်တွေအတွက်ကတော့ သီတင်းပတ်ကောင်းတစ်ခုကို ပွဲကောင်းတစ်ပွဲဖြင့် စတင်ရမှာဖြစ်တယ်။ ကြားရက်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲကို ကစားသွားရမှာဖြစ်ပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ရာမှာ ဘယ်လို စမ်းသပ်ခံရမှုဖြစ်လာမလဲဆိုတာ လီဗာပူးအသင်း သိပါတယ်။ ဝက်ဟမ်းနဲ့ ၃-၃ သရေကျတဲ့ပွဲမှာ ဂန်းနားတို့က ဘယ်လောက်တောင် ညံ့နိုင်တယ်နဲ့ ဘယ်လောက်ထိ ကောင်းနိုင်လဲဆိုတာကို ကျနော်တို့ မြင်ခွင့်ရထားတယ်။ ]

ဒီပွဲမှာ လီဗာပူးက တစ်ဦးတစ်ယောက်ကိုမှ အနားပေးလို့ မရပါဘူး။ အဲ့လိုလုပ်ချင်ရင်တောင် ကလော့ပ်က လုပ်လို့မရဘူး။ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ နီးနီးကပ်ကပ်နေဖို့ သူတို့ အနိုင်ရဖို့ကို လိုနေပါတယ်။ ဒါကို လုပ်နိုင်မယ်လို့လည်း ထင်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ကတော့ ၅၀-၅၀ ပါပဲ။ ရီးရဲလ်ကလည်း တိုးတက်လာတယ်။ လီဗာပူးက သူတို့ရဲ့ အိမ်ကွင်း ပုံစံဆိုးတွေကို ပြန်ပြောင်းလဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ရှိပါသေးတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အာဆင်နယ်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၁ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဧပရယ္လ ၄ ရက္ေန႔ နံနက္ ၁း၃၀ မွာေတာ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၀ အျဖစ္ အာဆင္နယ္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါလာမယ့္ အဆိုပါပြဲနဲ႔ ပက္သက္လို႔ ဘီဘီစီမွ အားကစား ခန္႔မွန္းသူ ေလာ္ရိုးက သံုးသပ္ ခန္႔မွန္းမႈ ျပဳလုပ္သြားခဲ့ပါတယ္။

ေလာ္ရိုးက ” လီဗာပူးရဲ႕ ထိပ္ဆံုး ၄ သင္း ေမွ်ာ္လင့္ခ်က္အတြက္ ဒီပြဲက ပြဲၾကီးပြဲေကာင္းတစ္ပြဲပါ။ အနီေရာင္ေတြအတြက္ကေတာ့ သီတင္းပတ္ေကာင္းတစ္ခုကို ပြဲေကာင္းတစ္ပြဲျဖင့္ စတင္ရမွာျဖစ္တယ္။ ၾကားရက္မွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲကို ကစားသြားရမွာျဖစ္ပါတယ္။

အာဆင္နယ္ကို ရင္ဆိုင္ရာမွာ ဘယ္လို စမ္းသပ္ခံရမႈျဖစ္လာမလဲဆိုတာ လီဗာပူးအသင္း သိပါတယ္။ ဝက္ဟမ္းနဲ႔ ၃-၃ သေရက်တဲ့ပြဲမွာ ဂန္းနားတို႔က ဘယ္ေလာက္ေတာင္ ညံ့ႏိုင္တယ္နဲ႔ ဘယ္ေလာက္ထိ ေကာင္းႏုိင္လဲဆိုတာကို က်ေနာ္တုိ႔ ျမင္ခြင့္ရထားတယ္။ ]

ဒီပြဲမွာ လီဗာပူးက တစ္ဦးတစ္ေယာက္ကိုမွ အနားေပးလို႔ မရပါဘူး။ အဲ့လိုလုပ္ခ်င္ရင္ေတာင္ ကေလာ့ပ္က လုပ္လို႔မရဘူး။ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ နီးနီးကပ္ကပ္ေနဖို႔ သူတို႔ အႏုိင္ရဖို႔ကို လိုေနပါတယ္။ ဒါကို လုပ္ႏုိင္မယ္လို႔လည္း ထင္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ကေတာ့ ၅၀-၅၀ ပါပဲ။ ရီးရဲလ္ကလည္း တိုးတက္လာတယ္။ လီဗာပူးက သူတို႔ရဲ႕ အိမ္ကြင္း ပံုစံဆိုးေတြကို ျပန္ေျပာင္းလဲႏုိင္ရင္ ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အေရး ရွိပါေသးတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အာဆင္နယ္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၁ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။