ဒီအပတ်မှာတော့ လီဗာပူးအသင်းက ဘရာဇီးကစားသမားတွေကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ထုတ်သုံးခွင့်မရဘဲ ပွဲပယ်ခံထားရပါတယ်။

လိဒ်နဲ့ပွဲမှာ အယ်လီဆန် အပါအဝင် ဘရာဇီးသားတွေကို ရွေးချယ်ခွင့်မရှိတဲ့ အနေအထားကို ကလော့ပ်က သဘောကျခြင်း မရှိပါဘူး။ ဒါပေမယ့် အခြေအနေက ဘယ်လိုဆိုတာလည်း သူ သေချာ မသိပါဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုမှုတစ်ခုကို အသင်းဝဘ်ဆိုဒ်ကနေ ပြုလုပ်သွားခဲ့ပါတယ်။

ယာဂင်ကလော့ပ်က “ ကျနော်လည်း ကိုယ်သိသာပဲ ပြောလို့ရတာပါ။ အခု အခြေအနေကတော့ ဘာမှန်းကို မသိပါဘူး။ ကျနေ်ာတို့ ကြည့်ရမှာပေါ့။ သူတို့တွေ ဆွေးနွေးနေကြပါတယ်။

ကျနော် ပြောချင်တာကတော့ဗျာ။ ကိစ္စကြီးကို အရှည်ကြီး ကြည့်ကြရအောင်ပါ။ ဒီတော့ ကျနေ်ာတို့က ကပ်ဘေးကြားမှာ ရောက်နေတာကို အားလုံး သိကြပါလိမ့်မယ်။ ဘဝအတွက် ခက်ခဲသလို ဘောလုံးအတွက်လည်း ခက်ခဲတဲ့ အခြေအနေကြားမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ နိုင်ငံပွဲတွေထက် ပိုကစားရတဲ့ ကလပ်ပွဲတွေလည်း ကျနေ်ာတို့မှာ ရှိပါတယ်။ နွေအားလပ်ရက်မှာတုန်းကလည်း ကိုပါအမေရိကပြိုင်ပွဲအတွက် သူတို့ကို စေလွှတ်ရပါတယ်။ မနှစ်ကဆိုရင် အဲ့လိုပြိုင်ပွဲ မရှိပါဘူး။

ဒါပေမယ့် လူတွေက ကျနေ်ာတို့ရဲ့ သဘောထားတွေ မပါဘဲ ကိစ္စတွေကို ဆုံးဖြတ်ခဲ့ကြတယ်။ ဘယ်သူမှ ကျနေ်ာတို့ကို ဂရုမစိုက်တာပါ။ သူတို့ ကိုပါအမေရိကပွဲတွေ ကစားတယ်။ အဲ့နောက် သူတို့ ကလပ်ပွဲတွေ ကစားတယ်။ ပြီးတော့ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ကျနေ်ာတို့ ပိတ်ရက်အနည်းငယ်ရတယ်။ အဲ့တာပြီးရင် ၃ ရက် တစ်ပွဲလောက် ကစားရဖို့ ဖြစ်လာပါတယ်။

တစ်ဖက်မှာ သောကြာနေ့ မနက်ကြီးကိုပဲ ဘရာဇီးက ပီရူးနဲ့ ကစားရမှာပါ။ ဒါတွေကို ကျနေ်ာတို့ ဝင်စွက်ဖက်ခွင့်ရှိတာ မဟုတ်ဘူးနော် ပွဲရှိတယ်ဆိုတာ သိရုံပဲသိရတာ။ ဘရာဇီးက ပြန်လာရင်လည်း သူတို့က ကွာရန်တင်း ၁၀ ရက် ဝင်ရဦးမယ်။ ဒါကလည်း ကျနေ်ာတို့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကွာရန်တင်း ၁၀ ရက်ဝင်ရမယ်ဆိုတာ ကျနေ်ာတို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး။ ကျနေ်ာတို့ ဘာတစ်ခုမှ ဝင်ပါလို့မရဘဲ ကြားထဲမှာ နေရင်းမှ ဘာဖြစ်နေသလဲဆိုတာပဲ ကြည့်နေခွင့်ရှိခဲ့တာပါ။

ကျနော် ကစားသမားတွေ ပြန်လာရင် ကွာရန်တင်းက ကျပန်း ဟိုတယ်တွေမှာ ၁၀ ရက် နေရပါမယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတွေအဖို့ အဲ့လို ဟိုတယ်မှာ ၁၀ ရက်နေ့ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အဲ့မှာ စားရတဲ့ အစားအသောက်တွေနဲ့ဆိုရင် ကျနေ်ာတို့ အားလုံး ဆုံးရံှုးသွားလိမ့်မယ်။ သူတို့ရဲ့ ကြွက်သားတွေက အစပေါ့။ ဟိုတယ်မှာ ၁၀ ရက် ကွာရန်တင်းဆိုရင် သူတို့ရဲ့ ယခင် ပုံစံ ပြန်ရဖို့ နောက်ထပ် ၁၀ ရက် ပြန်လေ့ကျင့်ရပါမယ်။

ဒီတော့ ကျနေ်ာတို့က ကစားသမားတွေကို မလွတ်တော့ဘူးလို့ ဆုံးဖြတ်ရတယ်။ ကလပ်အချို့ကတော့ အာဂျင်တီးနား ကစားသမားတွေကို စေလွှတ်တာပေါ့။ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ ကစားကြတော့ အရာရှိတွေက ကွင်းထဲ ဝင်ဖမ်းကြရော။ ဘယ်သူမှ ဒီအခြေအနေကို မကြိုက်ပါဘူး။ ပွဲပျက်ခဲ့ပါတယ်။

အခု နောက်ထပ် ကိစ္စဖြစ်လာပြန်ပြီ။ ကလပ်ပွဲတွေ ကစားရမယ့်အချိန်မှ ဘရာဇီး ကစားသမားတွေကို သုံးခွင့် မရှိပါဘူးတဲ့။ ဘာလဲဟလို့ပဲ ကျနော် တွေးမိတော့တယ်။ ဒီကိစ္စတွေမှာ ကျနေ်ာတို့က တာဝန်ရှိတာ မဟုတ်ပါဘူး။ ဒါတွေအားလုံးကို ကျနေ်ာတို့ လုပ်ခဲ့တာလည်း မဟုတ်ဘူး။

အဆုံးမှာတော့ လူတိုင်းက ကလပ်နဲ့ ကစားသမားတွေကိုပဲ အပြစ်ပေးကြပါတယ်။ ဒီတော့ ဒီပိတ်ရက်မှာ သူတို့ကို သုံးနိုင်မလား ကျနော် မသိပါဘူး။ လူတွေ ဆွေးနွေး ဆုံးဖြတ်ကြမှာဖြစ်ပြီး ကျနေ်ာတို့ လက်ခံပေးသွားရမှာပါ။ ပွဲကို အနိုင်ရအောင် ကြိုးစားရမှာပါ။ ေဘောလုံးမှာလည်း ပြဿနာတွေရှိပါတယ်။ ကျနေ်ာတို့မှာ ပြဿနာတွေရှိနေတယ်။ အခုတော့ ကျနေ်ာတို့ ဖြေရှင်းဖို့နည်းလမ်း ရှာရမှာဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။