လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ဟာ ဒီနွေတုန်းက အပြောင်းအရွှေ့ ကိစ္စ အချို့အတွက် ပတ်သက် ဆက်နွယ်မှုတွေ ရှိခဲ့ကြတယ်လို့ လီဗာပူးသတင်းထောက် Neil Jones က ထုတ်ဖော်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ မနှစ်ကရာသီ လိဒ်ယူနိုက်တက်မှာ တောက်ပလာတဲ့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမား ဘမ်းဖိုဒ့်ကို စိတ်ဝင်စားမှု ရှိခဲ့တာပါ။ မန်နေဂျာယာဂင်ကလော့ပ်က ဘမ်းဖိုဒ့်ကို အထင်ကြီးခဲ့သလို ကလပ်ရဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ အဖွဲ့ကလည်း ကလော့ပ်နဲ့ သဘောညီခဲ့ကြပါတယ်။

ဧပရယ်လတုန်းက ကလော့ပ်က “ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကစားသမားလဲဗျာ ” လို့ ဘမ်းဖိုဒ့်ကို ချီးကျူးခဲ့ဖူးတယ်။ အနောက်ယော့ရှိုင်းယားဒေသမှာ တောက်ပလာခဲ့တဲ့ ဘမ်းဖိုဒ့်ရဲ့ ကစားသမားဘဝ ဇာတ်လမ်းဟာ ယာဂင်ရဲ့ နှလုံးအိမ်ကို ထိရှစေခဲ့ဟန်ရှိပါတယ်။

ဒီအပတ် နိုင်ငံတကာ သီတင်းပတ်မှာတော့ ဘမ်းဖိုဒ့်ဟာ အင်္ဂလန်အသင်းအတွက် ပထမဆုံးသော စီနီယာပွဲကစားခွင့်ကို ရရှိခဲ့ပါပြီ။ အလားအလာရှိပေမယ့် စွမ်းဆောင်ရည် မတည်ငြိမ်သူအဖြစ်ကနေ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နံပါတ် ၉ တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ဘီရယ်ဆာလက်အောက် တောက်ပလာခဲ့တဲ့ ဘမ်းဖိုဒ့်ကို လီဗာပူးရဲ့ နွေပစ်မှတ်အဖြစ် အသင်းက စာရင်းသွင်းထားခဲ့ပါတယ်။

ချယ်ဆီးတိုက်စစ်သမားဟောင်းကို နှစ်သက်တဲ့ ယာဂင်ကလော့ပ်ဟာ သူ့ကို ခေါ်ယူပြီး လီဗာပူးအသင်းမှာ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာတို့နောက် ငါးဦးမြောက် အရန်လူအဖြစ် ထားဖို့ပါ စိတ်ကူးခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ လီဗာပူးဘက်ကတင် ဘမ်ဖိုဒ့်ကို စောင့်ကြည့်နေတဲ့ အခြေအနေ မဟုတ်ဘဲ လိဒ်ဘက်ကလည်း ကွင်းလယ်လူ ကာတစ်ဂျုံးကို အငှားခေါ်ယူလိုခဲ့ပါတယ်။ ဒီနွေမှာ အက်စတွန်ဗီလာဘက်က ကာတစ်ဂျုံးကို ပေါင် ၁၅ သန်းဖြင့် ချိတ်ဆက်လိုခဲ့သလိုပဲ လိဒ်ဘက်ကလည်း သူ့ကို အငှားဖြင့် ခေါ်ယူဖို့ ကြံရွယ်ခဲ့သေးတာပါ။

လိဒ်အားကစားဒါရိုက်တာ Orta က ဂျုံးကို ခေါ်ယူဖို့ လီဗာပူးကို ဆက်သွယ်မှု လုပ်ခဲ့ပါတယ်။ ဂျုံးကိုယ်တိုင်က လီဗာပူးမှာ ဆက်နေပြီး သူ့ရဲ့ ပွဲကစားခွင့်အတွက် တိုက်ခိုက်လိုတာကြောင့် ကမ်းလှမ်းမှုတွေ ငြင်းဆန်ခဲ့တာဖြစ်တယ်။

အကယ်လို့သာ လီဗာပူးဘက်က ဘမ်းဖိုဒ့်အတွက် ကမ်းလှမ်းမှုကို လုပ်ခဲ့ရင်တော့ သူတို့ဘက်က ဂျုံးကို ပြန်လည် ခေါ်ယူလိုမှုနဲ့အတူ ဆွေးနွေးမှုက ပိုမို ကြာရှည်ခဲ့မှာပဲဖြစ်ပါတယ်။

ဒီအပတ်မှာတော့ နှစ်သင်း ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး လီဗာပူးဘက်က အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နိုတို့ ပါလာဖို့ မရှိသလို လိဒ်ဘက်ကလည်း ရာဖင်ဟာ ပါဝင်နိုင်ဖို့ မရှိတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ လိဒ္ယူႏုိက္တက္တို႔ဟာ ဒီေႏြတုန္းက အေျပာင္းအေရႊ႔ ကိစၥ အခ်ိဳ႔အတြက္ ပတ္သက္ ဆက္ႏြယ္မႈေတြ ရွိခဲ့ၾကတယ္လို႔ လီဗာပူးသတင္းေထာက္ Neil Jones က ထုတ္ေဖာ္လိုက္ပါတယ္။

လီဗာပူးအသင္းဟာ မႏွစ္ကရာသီ လိဒ္ယူႏုိက္တက္မွာ ေတာက္ပလာတဲ့ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမား ဘမ္းဖိုဒ့္ကို စိတ္ဝင္စားမႈ ရွိခဲ့တာပါ။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဘမ္းဖိုဒ့္ကို အထင္ၾကီးခဲ့သလို ကလပ္ရဲ႕ ကစားသမားေခၚယူမႈဆိုင္ရာ အဖြဲ႔ကလည္း ကေလာ့ပ္နဲ႔ သေဘာညီခဲ့ၾကပါတယ္။

ဧပရယ္လတုန္းက ကေလာ့ပ္က “ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ ကစားသမားလဲဗ်ာ ” လို႔ ဘမ္းဖိုဒ့္ကို ခ်ီးက်ဴးခဲ့ဖူးတယ္။ အေနာက္ေယာ့ရိႈင္းယားေဒသမွာ ေတာက္ပလာခဲ့တဲ့ ဘမ္းဖိုဒ့္ရဲ႕ ကစားသမားဘဝ ဇာတ္လမ္းဟာ ယာဂင္ရဲ႕ ႏွလံုးအိမ္ကို ထိရွေစခဲ့ဟန္ရွိပါတယ္။

ဒီအပတ္ ႏုိင္ငံတကာ သီတင္းပတ္မွာေတာ့ ဘမ္းဖိုဒ့္ဟာ အဂၤလန္အသင္းအတြက္ ပထမဆံုးေသာ စီနီယာပြဲကစားခြင့္ကို ရရွိခဲ့ပါျပီ။ အလားအလာရွိေပမယ့္ စြမ္းေဆာင္ရည္ မတည္ျငိမ္သူအျဖစ္ကေန ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး နံပါတ္ ၉ တိုက္စစ္သမားေတြထဲက တစ္ဦးအျဖစ္ ဘီရယ္ဆာလက္ေအာက္ ေတာက္ပလာခဲ့တဲ့ ဘမ္းဖိုဒ့္ကို လီဗာပူးရဲ႕ ေႏြပစ္မွတ္အျဖစ္ အသင္းက စာရင္းသြင္းထားခဲ့ပါတယ္။

ခ်ယ္ဆီးတိုက္စစ္သမားေဟာင္းကို ႏွစ္သက္တဲ့ ယာဂင္ကေလာ့ပ္ဟာ သူ႔ကို ေခၚယူျပီး လီဗာပူးအသင္းမွာ ဆာလာ၊ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာတို႔ေနာက္ ငါးဦးေျမာက္ အရန္လူအျဖစ္ ထားဖို႔ပါ စိတ္ကူးခဲ့ေသးတာျဖစ္ပါတယ္။

ဒါေပမယ့္လို႔ လီဗာပူးဘက္ကတင္ ဘမ္ဖိုဒ့္ကို ေစာင့္ၾကည့္ေနတဲ့ အေျခအေန မဟုတ္ဘဲ လိဒ္ဘက္ကလည္း ကြင္းလယ္လူ ကာတစ္ဂ်ံဳးကို အငွားေခၚယူလိုခ့ဲပါတယ္။ ဒီေႏြမွာ အက္စတြန္ဗီလာဘက္က ကာတစ္ဂ်ံဳးကို ေပါင္ ၁၅ သန္းျဖင့္ ခ်ိတ္ဆက္လိုခဲ့သလိုပဲ လိဒ္ဘက္ကလည္း သူ႔ကို အငွားျဖင့္ ေခၚယူဖို႔ ၾကံရြယ္ခဲ့ေသးတာပါ။

လိဒ္အားကစားဒါရိုက္တာ Orta က ဂ်ံဳးကို ေခၚယူဖို႔ လီဗာပူးကို ဆက္သြယ္မႈ လုပ္ခဲ့ပါတယ္။ ဂ်ံဳးကိုယ္တိုင္က လီဗာပူးမွာ ဆက္ေနျပီး သူ႔ရဲ႕ ပြဲကစားခြင့္အတြက္ တိုက္ခိုက္လိုတာေၾကာင့္ ကမ္းလွမ္းမႈေတြ ျငင္းဆန္ခဲ့တာျဖစ္တယ္။

အကယ္လို႔သာ လီဗာပူးဘက္က ဘမ္းဖိုဒ့္အတြက္ ကမ္းလွမ္းမႈကို လုပ္ခဲ့ရင္ေတာ့ သူတို႔ဘက္က ဂ်ံဳးကို ျပန္လည္ ေခၚယူလိုမႈနဲ႔အတူ ေဆြးေႏြးမႈက ပိုမို ၾကာရွည္ခဲ့မွာပဲျဖစ္ပါတယ္။

ဒီအပတ္မွာေတာ့ ႏွစ္သင္း ထိပ္တိုက္ေတြ႔ၾကမွာျဖစ္ျပီး လီဗာပူးဘက္က အယ္လီဆန္၊ ဖာဘင္ညိဳ၊ ဖာမင္ႏိုတို႔ ပါလာဖို႔ မရွိသလို လိဒ္ဘက္ကလည္း ရာဖင္ဟာ ပါဝင္ႏုိင္ဖို႔ မရွိတာျဖစ္ပါတယ္။