နိုင်ငံတကာ သီတင်းပတ် အပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည် စတင်ချိန်မှာတော့ လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားကြတော့မှာပါ။ ပွဲချိန်ကတော့ စက်တင်ဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၀ နာရီမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးကတော့ လိဒ်နဲ့ လီဗာပူးအသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” လိဒ်တို့က ဒီရာသီ တိုက်ပွဲသံ တညံညံနဲ့ ပါပဲ။ ကျနော်ကတော့ ခြုံပြီး အဲဒီလိုပဲ မြင်ပါတယ်။ သူတို့ကို ရုန်းကန်နေရတယ်လို့ မတွေ့ရတာကြောင့် ဒီလိုပဲ ဆိုပါရစေ။ ဘီရယ်ဆာရဲ့ အသင်း ကစားပုံကို ကြည့်ရတာ အကောင်းမြင်စရာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် သူတို့က ပြိုင်ဘက်တွေ အငိုက်ဖမ်းရ လွယ်နေဆဲ အသင်းဖြစ်ပြီး ကျနော်က ဒါကို ပြောင်းလဲ သင့်တယ် ထင်ပါတယ်။

သူတို့ မပြောင်းလဲနိုင်သေးတာကြောင့် ကျနော်ကတော့ လီဗာပူးဘက်ကပဲ ရှိချင်တယ်။ လီဗာပူးအသင်းက ဂိုးရှေ့မှာ အခွင့်ကောင်းတွေ အများကြီး ရဦးမှာပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လိဒ် ယူနိုက်တက် ၁-၂ လီဗာပူး ဖြစ်ပါတယ်။

ZAWGYI

နိုင္ငံတကာ သီတင္းပတ္ အျပီး ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္ စတင္ခ်ိန္မွာေတာ့ လီဗာပူးအသင္းဟာ လိဒ္ယူနိုက္တက္ကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားၾကေတာ့မွာပါ။ ပြဲခ်ိန္ကေတာ့ စက္တင္ဘာ ၁၂ ရက္၊ တနဂၤေႏြေန႔၊ ည ၁၀ နာရီမွာ ျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးကေတာ့ လိဒ္နဲ႕ လီဗာပူးအသင္းတို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” လိဒ္တို႔က ဒီရာသီ တိုက္ပြဲသံ တညံညံနဲ႕ ပါပဲ။ က်ေနာ္ကေတာ့ ျခံဳျပီး အဲဒီလိုပဲ ျမင္ပါတယ္။ သူတို႔ကို ရုန္းကန္ေနရတယ္လို႔ မေတြ႔ရတာေၾကာင့္ ဒီလိုပဲ ဆိုပါရေစ။ ဘီရယ္ဆာရဲ႕ အသင္း ကစားပံုကို ၾကည့္ရတာ အေကာင္းျမင္စရာေတြ အမ်ားၾကီး ရွိေနပါတယ္။ ဒါေပမယ့္ သူတို႔က ျပိဳင္ဘက္ေတြ အငိုက္ဖမ္းရ လြယ္ေနဆဲ အသင္းျဖစ္ျပီး က်ေနာ္က ဒါကို ေျပာင္းလဲ သင့္တယ္ ထင္ပါတယ္။

သူတို႔ မေျပာင္းလဲနိုင္ေသးတာေၾကာင့္ က်ေနာ္ကေတာ့ လီဗာပူးဘက္ကပဲ ရွိခ်င္တယ္။ လီဗာပူးအသင္းက ဂိုးေရွ႕မွာ အခြင့္ေကာင္းေတြ အမ်ားၾကီး ရဦးမွာပါ။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ လိဒ္ ယူနိုက္တက္ ၁-၂ လီဗာပူး ျဖစ္ပါတယ္။