လီဗာပူးနဲ့ သတင်းတိုးတိုး ထွက်နေမှုကို တိုနီခရုစ်ရဲ့ အေးဂျင့်က ” တိုနီက ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝ ကုန်ဆုံးမယ်လို့ ထင်ပါတယ်။ သူ မက်ဒရစ်ကနေ ထွက်လိုကြောင်း ကျနော်ကို ဖုန်းဆက်ပြောခဲ့ခြင်း မရှိပါဘူး။ သူနဲ့ သူ့မိသားစုက မက်ဒရစ်မှာ ပျော်နေပါတယ် ” လို့ ဖြေရှင်းလိုက်ပါတယ်။
ဖာမင်နို၊ မီလ်နာ၊ ကိတ်တာ၊ ကာတစ်ဂျုံး၊ ဂိုးမက်စ်၊ အယ်လီးယော့တို့ ပါဝင်တဲ့ လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမား အများစုဟာ နိုင်ငံတကာ သီတင်းပတ်လောက်မှ ပြန်သက်သာလာမှာဖြစ်ပြီး ဒီဇင်ဘာလလောက်မှ ဘောလုံးပွဲတွေမှာ ပြန်လည် ပါဝင်လာမှာဖြစ်ပါတယ်။
အမှတ်ပေးချန်ပီယံအတွက် ရေပန်းစားမှုအပေါ် မေးခံရချိန်မှာ ကလော့ပ်က ” ချန်ပီယံဖြစ်ဖို့ ကျနေ်ာတို့အသင်းကို ဘယ်လိုနေရာမှာပဲ ထားထား ကျနော် ဂရုမစိုက်ဘူး။ ဆုဖလား ပြိုင်ဆိုင်မှုထဲ ကျနေ်ာတို့ ပါချင်တယ်။ ကျနေ်ာတို့ ထိပ်ပိုင်းနားမှာပဲ ရှိနေတယ်။ ချယ်ဆီးနဲ့ စီးတီးရဲ့ အရည်အချင်းတွေအကြောင်း စကားများများ ပြောမနေချင်တော့ပေမယ့် ကျနေ်ာတို့က သိပ်ဆိုးလှတဲ့ အသင်း မဟုတ်ဘူးလို့ ထင်ပါတယ် ” လို့ ဖြေဆိုပါတယ်။
ချန်ပီယံလိဂ် အုပ်စုကြပ်ကို ဖောက်ထွက်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တာက ဒီရာသီမှာ လီဗာပူးအသင်း ကောင်းကောင်း လုပ်ဆောင်နေသလို ဘယ်လို ပြိုင်ဘက်ကိုမဆို ရင်ဆိုင်နိုင်တယ်ဆိုတာ ပြသနေခြင်းလို့ ချိန်ဘာလိန်က ဆိုပါတယ်။
ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးက ” ကလပ် သုံးသင်းအတွက် ကျနော် ဘယ်တော့မှ ကစားပေးမှာ မဟုတ်ဘူး။ မန်စီးတီး၊ လီဗာပူး၊ လိဒ် အသင်းတွေအတွက် ကျနော် ကစားပေးဖို့ဆိုတာ မိုင် တစ်သန်းလောက် ဝေးပါတယ် ” လို့ ဒါဘီပြိုင်ဘက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
ရိုဘိုက နံပါတ်တစ် ဦးစားပေး ဘယ်အစွန်လူဖြစ်ကြောင်းကို ကလော့ပ်က ” ဆီမီးကပ်စ်က ရော်ဘတ်ဆန်ကို တွန်းအားပေးနိုင်သူပါ။ ဒါပေမယ့် ကျနော်အတွက်တော့ ရော်ဘတ်ဆန်ကပဲ ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူ ဖြစ်ပါတယ်။ ရိုဘိုကို အနားပေးဖို့ ရွေးချယ်စရာတွေ ရှိလာတာက ကောင်းတဲ့ ကိစ္စပါပဲ ” လို့ ဖြေပါတယ်။
ဒီနှစ် ဘလွန်းဒီအောဆုရဲ့ ထိပ်သီး ၃ ဦးထဲမှာ ဆာလာ မပါဝင်ခဲ့ဘူးလို့ သတင်းထွက်နေပါတယ်။ ဆာလာဟာ ထိပ်ဆုံး ၆ ဦးထဲမှာတော့ ပါဝင်ခဲ့တယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
မျက်ကွင်းတွေ ညိုမဲနေတာနဲ့ ပတ်သက်လို့ ကိုစတက်က ” အရင် ၃ ရက်လေက်ကထင်တယ် တစ်ဦးချင်း လေ့ကျင့်ရေးမှာ သီယာဂိုနဲ့ ထိမိပြီး ဒီလို ဖြစ်သွားတာပါ ” လို့ ရယ်ရယ်မောမော ပြန်ဖြေပါတယ်။
မန်နေဂျာကလော့ပ်က ချိန်ဘာလိန်ရဲ့ ခြေစွမ်းကို သဘောကျနေပြီး ကစားအားတွေကို ထိန်းသိမ်းကာ လက်ရှိထက် ပိုမို ရင့်ကျက်တဲ့ ခြေစွမ်းကို ပြသပေးဖို့ တောင်းဆိုလိုက်ပါတယ်။