ဒီအပတ် လန်ဒန်ဒါဘီပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ချယ်ဆီးပွဲစဉ်ကို ဝါရင့် သုံးသပ်သူ ပေါမာဆန်က အခုလို ပွဲကြို ရလဒ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်က ” ဒီပွဲကတော့ နှစ်သင်းလုံး အတွက် ပွဲကြီးပွဲကောင်းပါ။ ချယ်ဆီး အနေနဲ့ ဒီပွဲမှာ ပို အားထုတ်မှ ဖြစ်မှာပါ။ ပြီးခဲ့တဲ့ အပတ်ကလည်း အလွဲတွေနဲ့ချည်းပဲ။ ကစားသမားကောင်းတွေ ရှိထားတဲ့ ချယ်ဆီး အသင်း အနေနဲ့ အထိုင်ကျဖို့ နည်းနည်းတော့ အချိန်ယူရဖွယ်ပါ။

ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ကစားတာ ကောင်းခဲ့တယ်။ အဲဒီပွဲမှာ ဦးဆောင်ဂိုး ပေးပြီးမှ လိုက် ကစားနိုင်ခဲ့သလို ဒီတပတ် မှာလည်း ချယ်ဆီးတို့ ခက်ခဲအောင် လုပ်ပြနိုင်ပါတယ်။

အူဘာမီးယန်းနဲ့ ချယ်ဆီးအသင်း ဇာတ်လမ်းကတော့ ပြီးဆုံးသွားပါပြီ။ ကျနော့်ကို တမျိုး မထင်ပါနဲ့၊ သူက ကစားသမားကောင်းပါ။ ဒါပေမယ့် လောလောဆယ်မှာ သူက ချယ်ဆီး လိုအပ်တဲ့သူ ဖြစ်မနေဘူး။

လက်ရှိက ချယ်ဆီးအသင်းသစ်ပါ။ ဂရေဟမ် ပေါ်တာလည်း သူတို့ကို ကိုင်တွယ်ရတာ မကြာသေးဘူး။ ဒါပေမယ့် ဒီအပတ်မှာ ဆင်ခြေတွေ ပေးလို့ မရဘူး။ ကလပ်အတွက်ရော ပရိသတ်တွေ အတွက်ပါ ပွဲကြီးတစ်ပွဲ ဖြစ်တယ်။

ဒီပွဲက မှန်းရခက်ပါတယ်၊ ဒါပေမယ့် ကျနော် ချယ်ဆီးဘက်ကပဲ ရပ်တည်ချင်တယ်။ ဒီပွဲမှာ ဂျာအို ဖီးလစ်လည်း ပြန်ပါလာမယ်။ သူတို့ တိုက်စစ်က ဝက်စ်ဟမ်း အတွက် အားကောင်းလွန်းနေမယ် ” လို့ သုံးသပ်ခဲ့ပါတယ်။

ဒီပွဲအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းကတော့ ဝက်စ်ဟမ်း ၁-၂ ချယ်ဆီးပဲ ဖြစ်ပါတယ်။