အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်က လိဒ်စ်ကို ရင်ဆိုင်ကစားရင် သရေကျခဲ့တာဆိုပေမယ့် သွင်းဂိုး ၂ ကြိမ်လုံဟာ အနောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်စ်တို့ နောက်တစ်ကြိမ် ထိပ်တိုက် တွေ့နေပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မန်ယူက အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ရင် ပရီးမီးယားလိဂ်ဖလားကိုပါ စိန်ခေါ်နိုင်လိမ့်မယ်လို့ ယူဆခံထားရတဲ့ မန်ယူတို့ ဒီတစ်ကြိမ်မှာကော အခြေအနေ ကောင်းမလားကို ဝါရင့် သုံးသပ်သူ ပေါမာဆန်က အခုလို ခန့်မှန်း ဖော်ပြသွားပါတယ်။
ပေါမာဆန်က ” မန်ချက်စတာ ယူနိုက်တက်က လောလောဆယ် သူတို့ အကောင်းဆုံး ကွင်းလယ်သမား နှစ်ဦးကို ဆုံးရှုံးထားရပါတယ်။ ဒါကို လိဒ်စ်နဲ့ ပြီးခဲ့တဲ့ ပွဲမှာ ပြသခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရအောင်ဗျာ။ သူတို့ ကစားပုံနဲ့ ဆိုရင် သက်တောင့် သက်သာ အနိုင်ရခဲ့သင့်တာ။ ကပ်စ်မဲရိုး၊ အဲရစ်ဆန်တို့သာ ပါရင် သူတို့ အဲဒီပွဲ နိုင်ခဲ့မှာ။
ရော်နယ်ဒို ထွက်သွားတည်းက မန်ချက်စတာ ယူနိုက်တက်က တိုးတက်လာတယ်။ တခြား ကစားသမားတွေက သူတို့ အစွမ်းအစ ကို ထုတ်ပြလာကြတယ်။ ရက်ဖို့ဒ်ဆို ဂိုးသွင်းတာကို မရပ်နိုင်တော့ဘူး။ ဘရူနို ဖာနန်ဒက်စ် ကလည်း လူသစ် တစ်ယောက်လိုပဲ။ သူက ရော်နယ်ဒို လောင်းရိပ်မိနေခဲ့တာ ထင်ပါတယ်။
လိဒ်စ် က ဒီကြားရက်မှာ အဖိုးတန် တစ်မှတ် ရယူနိုင်ခဲ့တယ်။ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်က သရေ ထပ်ကျ ခံမှာ မဟုတ်တော့ဘူး။ အရင်ပွဲကလို ပုံစံမျိုး ထပ်မြင်ရတော့မှာ မဟုတ်ဘူး။ ဒီပွဲတော့ မန်ချက်စတာ ယူနိုက်တက် နိုင်မယ် လို့ ကျနော် ယုံကြည်ချက် ရှိနေတယ်။ ဒီပွဲကို အေးဆေးနိုင်အောင် ကန်ပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့ပါတယ်။
ဒီပွဲအတွက် ပေါမာဆန်က လိဒ်စ် ၀-၃ မန်ယူလို့ ခန့်မှန်းသွားပါတယ်။