လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ဒီရာသီ ဗန်ဒိုက် ခြေကျလာပေမယ့် သူဟာ ဗီဒစ် ထက် ပိုကောင်းတဲ့သူ ဖြစ်နေသေးတယ်လို့ ပြောဆိုခဲ့တာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာနေပါတယ်။
သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ ဗီဒစ်ကို လီဗာပူး တိုက်စစ်မှုး တောရက်စ် နိုင်စားခဲ့သလိုပဲ လက်ရှိမှာ ဗန်ဒိုက်ကို ရက်ဖို့ဒ်က အပြတ် လုပ်ပြနေကြောင်း ပြန် ထောက်ပြကာ တုန့်ပြန်လာပါတယ်။
ဖာဒီနန်က ‘ ဗန်ဒိုက်က ဗီဒစ်ထက် ပိုကောင်းတယ်လို့ ကာရေဂါ ပြောတာကို ကျနော် မြင်ပါတယ်။ ဘာလို့ သူ အဲ့’ီလိုပြောတာလဲ ဘယ်လို အကြောင်းပြချက်နဲ့လဲ ဆိုတာတွေကို ကျနော် မသိပါဘူး။
သူက ဖာနန်ဒို တောရက်စ်ကိုလည်း ထည့်ပြောတယ်။ တောရက်စ်က ဗီဒစ်နဲ့ ၁၅ ကြိမ် ရင်ဆိုင်ပြီး ၃ ဂိုးသွင်းခဲ့တယ်။ အဲ့ပွဲတွေအတွင်း ဗီဒစ်ဟာ နည်းနည်းလေး ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး ၂ ကြိမ်လောက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒါကြောင့်နဲ့တော့ တောရက်စ်ကို ရင်ဆိုင်တိုင်း ဗီဒစ်က ညှင်းပန်းခံရတယ်လို့ ချဲ့ကား ပြောဆိုနေဖို့ မလိုပါဘူး။
တောရက်စ်က ၁၅ ပွဲမှ ၃ ဂိုးသွင်းတာပါ။ ရက်ဖိုဒ့်က လီဗာပူးကို ၁၃ ပွဲ ရင်ဆိုင်ပြီး ၆ ဂိုး သွင်းထားပါတယ်။ ဆိုလိုတာက ရက်ဖိုဒ့်က ဗန်ဒိုက်ကို နှိပ်စက် ညှင်းပန်းခဲ့တာ မဟုတ်ဘူးလား၊ ဗန်ဒိုက်က ရက်ဖိုဒ့်ကို မထိန်းနိုင်တာ မဟုတ်ဘူးလား?
ဗီဒစ်နဲ့ တောရက်စ်အကြောင်း ပြောရင် ဗန်ဒိုက်နဲ့ ရက်ဖိုဒ့် အကြောင်း ပြန်ပြောလို့ ရနေတာပဲ။ လီဗာပူးကို တွေ့တိုင်း လိုလို ရက်ဖိုဒ့်က ဂိုးတွေ သွင်းနေတာပဲ။ ဒီရာသီ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်အကြောင်း ပြောနေကြချိန် ဗီဒစ် နာမည်ကြီး မပါလာသင့်ပါဘူး။
ဗန်ဒိုက်က အကောင်းဆုံး အချိန်ရှိခဲ့ပါတယ်။ ပြဿနာက သူဒဏ်ရာရသွားတာပဲ။ ဒဏ်ရာကနေ ပြန်သက်သာလာရင် အရင်လို လုပ်ပြနိုင်မလား လူတိုင်း မေးခွန်းထုတ်ကြတာပဲ။ ဗန်ဒိုက်က ဒီရာသီမှာ သူ့ကိုယ်သူ ကြံ့ခိုင်ဖို့ မြန်ဆန်နေဖို့ ကြိုးစားနေရတာပါ ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။