လီဗာပူးအသင်းဟာ အသင်းပြောင်းခွင့် တောင်းဆိုလာတဲ့ ဖာဘင်ညိုကို ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ထွက်ခွင့်ပေးဖွယ် ရှိနေကာ သူ့နေရာမှာ ပြန်အစားထိုးဖို့ လူသစ် ရှာနေပြီ ဖြစ်ပါတယ်။

သောကြာနေ့ညမှာ တရားဝင် ကမ်းလှမ်းမှု ဝင်ရောက်လာခြင်းကြောင့် လီဗာပူးဘက်က ဂျာမနီ ခရီးစဉ်ကနေ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ဖယ်ထုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖာဘင်ညိုဟာ ဂျာမနီထံ ခရီးထွက်ဖို့ ငြင်းဆန်ခြင်း မရှိပေမယ့် ပုဂ္ဂိုလ်ရေး ကမ်းလှမ်းမှုကို လက်ခံထားခဲ့တာ ဖြစ်ပါတယ်။ ဖာဘင်ညို ထွက်ခွာသွာမှာနဲ့အတူ လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ် နေရာအတွက် အစားဖြည့်မှု ပြန်လုပ်ရတော့မှာပါ။

ကလော့ပ်ကတော့ ဖာဘင်ညို နေရာမှာ လူငယ် တစ်ဦးထက် အတွေ့အကြုံရှိ ကစားသမားမျိုး အလိုရှိနေပါတယ်။

ဆောက်သမ်တန်က ပေါင် သန်း ၅၀ စျေးခေါ်ထားတဲ့ လာဗီယာ၊ ဖီအိုရင်တီးနားမှ အမာရာဘတ်၊ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်နဲ့ မန်စီးတီးမှ ကယ်ဗင် ဖီးလစ်တို့ကို ကွင်းလယ်ခံစစ်အတွက် ချိန်ရွယ်လာခဲ့ကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက် James Pearce က The Athletic ကနေ ဖော်ပြခဲ့ပါတယ်။