အာဆင်နယ် အသင်းဟာ စနေနေ့ကပဲ သူတို့ရဲ့ ကစားသမားသစ် အဖြစ် ဒီကလန် ရိုက်စ်ကို မိတ်ဆက် ကြေညာပေးခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်သား ကွင်းလယ်သမားက ဝက်စ်ဟမ်းကနေ အာဆင်နယ် အသင်းဆီ ပြောင်းလာရာမှာ အဓိက ကျခဲ့တဲ့ အကြောင်း တစ်ချက်ကို ပွဲဦးထွက် အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

” ကျနော် ဒီတလော ဘောလုံးရာသီတွေမှာ အာဆင်နယ်ကို စောင့်ကြည့်နေဖြစ်ခဲ့တာပါ။ သူတို့ ကျော်ဖြတ်ခဲ့ရတဲ့ အနေအထားတွေကိုရောပေါ့။

ပြီးခဲ့တဲ့ရာသီ မတိုင်ခင် အရင် ရာသီတုန်းက သူတို့ အဆင့် ၅ နဲ့ ပြီးခဲ့တာပါ။ ဒါပေမယ့် မီခေးလ် အကောင်အထည် ဖော်နေတဲ့ စတိုင်ကို ကျနေ်ာတို့ မြင်တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့ရာသီကတော့ တကယ်ကို ထူးချွန်ခဲ့တာပဲ။ မန်စီးတီးကလွဲလို့ အသင်းတိုင်းကို အလဲထိုး အငိုက်ဖမ်းနိုင်ခဲ့တယ်။

မီခေးလ်နဲ့ သူ့ရဲ့ အလုပ် လုပ်ဟန်၊ ဒီ လူစာရင်း၊ ငယ်ရွယ်ပြီး ခွန်အားတွေ ပြည့်ဝနေတဲ့ လူငယ်တွေနဲ့ ဒီကလပ် အသင်းဗျာ။ ပြီးတော့ အာဆင်နယ်က သူတို့ရဲ့ အရင် အောင်မြင်မှုတွေ ပြန်ရယူဖို့ စိန်ခေါ်မှုတွေ ရှိနေတာက ကျနော့် အတွက် သိပ် အဓိပ္ပါယ် ရှိနေတယ်။

သူ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ Amazon documentary မှာလည်း ပါခဲ့တယ်။ သူ ကစားသမားတွေနဲ့ ဆက်ဆံပုံ အလုပ်လုပ်ပံ။ နောက်ပြီး နည်းပြ တစ်ယောက် အနေနဲ့တင် မဟုတ်ဘဲ ကစားသမားတွေကို စိတ်ဓာတ် ရေးရာ အရ ဘယ်လောက် ခွန်အားပေး၊ တိုးတက်စေနိုင်သလဲ တွေ့နေရတယ်ဗျာ။

ကျနော် အာဆင်နယ်ကို ပြောင်းလာဖြစ်တာမှာ သူက သိပ်ကြီးမားတဲ့ အကြောင်းအချက် အဖြစ် ပါဝင်ပါတယ်။ သူက ကျနော့် အကောင်းဆုံး အရည်အသွေးတွေကို ဖော်ထုတ်နိုင်လိမ့်မယ်။

ကျနော် အခုထက် လယ်ဗယ်တွေ တက်အောင် တိုးတက်နိုင်သေးတယ်လို့ ထင်ပါတယ်။ သူက ကျနော့်ကို အခုထက် အဆင့် မြှင့်တင်ပေးနိုင်မယ့် မန်နေဂျာ လို့ ခံစားနေရတယ်။ သူနဲ့ အတူ အလုပ်လုပ်ရမှာ သိပ်ကို စိတ်လှုပ်ရှားနေပါပြီ။ ” လို့ ရိုက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။