ဒီကလန်ရိုက်စ် အပြောင်းအရွှေ့ ပြီးစီးသွားတဲ့နောက် ဝက်စ်ဟမ်းက ယူနိုက်တက် နောက်ခံလူ မက်ဂွဲရားကို ခေါ်ယူရေး ကြိုးစားလာပါတယ်။ မန်ချက်စတာကလပ် သတ်မှတ်ထားတဲ့ ပေါင် သန်း ၅ဝ ကတော့ အဟန့်အတား ဖြစ်နေဆဲပါ။

စပါးတိုက်စစ်မှုး ကိန်းဟာ ဘိုင်ယန်မြူးနစ်ထံ ဒီနွေမှာ ပြောင်းကို ပြောင်းရွှေ့လာချင်ကြောင်း ဆွေးနွေးမှုတိုင်းမှာ အသိပေးခဲ့တယ် လို့ ဘိုင်ယန် ဂုဏ်ထူးဆောင် အသင်း ဥက္ကဌ ဖြစ်သူက ထုတ်ဖော် ပြောဆိုလာပါတယ်။

အာဆင်နယ်အသင်းဟာ ဗြိတိန်ကစားသမား တစ်ဦးအတွက် ပရီးမီးယားလိဂ် စံချိန်တင်ကြေး ပေါင် ၁၀၅ သန်းဖြင့် ဒီကလန်ရိုက်ကို ခေါ်ယူနိုင်ကြောင်း မနေ့ညက မိတ်ဆက် ကြေညာလိုက်ပါတယ်။

လီဗာပူး ကွင်းလယ်လူ ဖာဘင်ညိုဟာ ဆော်ဒီကလပ်ထံ ပြောင်းရွှေ့လိုကြောင်း လီဗာပူးအသင်းကို အသိပေးခဲ့ပြီ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှုလည်း ရထားခဲ့ပြီလို့ သိရပါတယ်။

ဖာဘင်ညိုနေရာ အစားထိုးဖို့ လီဗာပူး ပစ်မှတ်စာရင်းမှာ ရိုမီယို လာဗီယာ၊ အမရာဘတ်၊ ကယ်ဗင်ဖီးလစ်နဲ့ ဂရာဗင်ဘက်ချ်တို့ ပါဝင်လာပါတယ်။

အင်တာမီလန်ဟာ လူကာကူ ခေါ်ယူရေးကနေ နောက်ဆုတ်သွားပြီဖြစ်ကာ ဂျူဗင်တပ် အသင်းက ဝင်ရောက် စကားပြောနေပါပြီ။

ပီအက်စ်ဂျီ အသင်းဟာ ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်ကာ တရားဝင် ကမ်းလှမ်းမှုတော့ မလုပ်ရသေးပါဘူး။ ကနဦးအဆင့် စကားပြောမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ပီအက်စ်ဂျီတင် မဟုတ်ဘဲ ဘာစီလိုနာကလည်း ခေါ်ယူလိုနေကာ အပြောင်းအရွှေ့ ကိစ္စတွေ ခပ်မြန်မြန် ဖြစ်လာနိုင်ပါတယ်။

ချယ်ဆီးအသင်းက ကိုင်ဆီဒိုကို ခေါ်ယူနိုင်မယ် ရေပန်းစားနေပြီး အခြေအနေ တိုးတက်နေတာကြောင့် ဘရိုက်တန် ကွင်းလယ်လူကို ခေါ်ယူရေးမှာ လီဗာပူးအသင်းက ပါဝင်သွားမှာ မဟုတ်ပါဘူး။

ဘိုင်ယန်မြူးနစ်ဟာ နံပါတ် ၉ တိုက်စစ်မှုးသစ် ရှာဖွေနေကြောင်း နည်းပြ တူချယ်ကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။