အာဆင်နယ်တို့ ဒီနွေမှ ခေါ်ယူခဲ့တဲ့ ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ဟာ အသင်း အတွက် အတော် အကျိုး ဖြစ်နေပြီး ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာလည်း အဓိက ကျတဲ့ ဒုတိယ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဂါနာချို ဂိုး ပယ်ဖျက်ခံရပြီး သိပ် မကြာခင်မှာပဲ ဒီကလန်ရိုက်စ်က နာကျင် အချိန်ပိုမှာ ဦးဆောင်ဂိုး ရယူခဲ့ပြီး ယူနိုက်တက်ကို အသဲခွဲခဲ့သလို ပွဲနောက်ဆုံး မိနစ်မှာ ဂျေးဆုက တတိယ ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်။
အဆိုပါပွဲအပြီးမှာ ဒီကလန် ရိုက်စ်က လက်ရှိ အာဆင်နယ်မှာ ခြေစွမ်းပြနေပေမယ့် သူ ကစားချင်တဲ့ စိတ်ကြိုက် ကွင်းလယ်နေရာကို ထုတ်ဖော် ပြောဆိုခဲ့တယ်။
ရိုက်စ်ကတော့ တိုက်စစ်ကို ပိုမို လိုက်ပါခွင့်ရနေတာကိုလည်း သဘောကျပေမယ့် ကွင်းလယ် နံပါတ် ၆ role မှာ ကစားရတာကို ပိုပြီး အားသန်တယ်လို့ ဆိုပါတယ်။
ဒီကလန်ရိုက်စ်ကတော့ ” ကျနော်က နှစ်နေရာလုံးမှာ ကစားရတာကို သက်သောင့်သက်သာ ရှိပါတယ်။ ကွင်းလယ် six role က ကစားရတာကို အတော်လေး ကြိုက်ပါတယ်။ အဲ့တာက ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ ကျနော် အကောင်းဆုံးရှိတဲ့ နေရာလို့ ခံစားရတယ်။
ဒါပေမယ့်လို့ ကွင်းလယ် eight role ကို ပိုကစားနေရပြီး ဧရိယာထဲ ဝင်ဖို့ အခွင့်အရေးတွေ ပိုရလာနေတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် မန်နေဂျာ ကစားစေချင်တဲ့ နေရာကို ကျနော် ကစားသွားမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ ရိုက်စ်ကို ဝက်စ်ဟမ်းကနေ ပေါင် ၁၀၅ သန်းပေးပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကာ အတော်လေးကို အကျိုးရှိတဲ့ လူသစ် ခေါ်ယူမှု ဖြစ်လာနေခဲ့ပါပြီ။