ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်ပဲ ရထားတဲ့နောက် ချယ်ဆီးဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ဒီနွေမှာ ကစားသမား ခေါ်ယူ အင်အားဖြည့်မှုတွေ အများကြီး လုပ်ထားပေမယ့် ချယ်ဆီးအသင်းဟာ အခြားသော ထိပ်သီးတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ်တို့ နည်းတူ တာထွက် မကောင်းဘဲ စိတ်ပျက်စရာ ရလဒ်တွေပဲ ရနေခဲ့ပါတယ်။

အချက်အလက် ဆရာကြီး ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ Opta က ထုတ်ပြန်လိုက်တဲ့ စူပါကွန်ပျူတာ ရဲ့ တွက်ချက်မှုမှာ ချယ်ဆီးဟာ အတော်လေး လျော့ပေါ့တွက်ခံရတဲ့ အသင်းဖြစ်လာခဲ့တယ်။

ဒီရာသီ ချယ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ချေဟာ ဝ % ပဲ ရှိတယ်လို့ Opta က ဆို ပါတယ်။

ဒါ့အပြင် ဒုတိယနေရာမှာ ရပ်တည်နိုင်ဖို့ကလည်း ဝ % ပဲရှိထားကာ top four ထဲ ဝင်ဖို့ကတော့ ၁% ပဲရှိတယ်လို့ တွက်ချက်ခံရတာပါ။ နည်းပြ ပိုချက်တီနိုရဲ့ အသင်းဟာ ဇယားအလယ်မှာပဲ ရပ်တည်ဖို့ ရာနှုန်းများကြောင်း စူပါကွန်ပြူတာက ဆိုပါတယ်။

ဒီအနေအထားကို ဖောက်ထွက်ပြီး ပိုချက်တီနိုရဲ့ အသင်းသားတွေ စွမ်းစွမ်းတမံ လုပ်ပြနိုင်မလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။