မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲအဖြစ် မနေ့ညက အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ခဲ့ရာ ၄-၃ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ အိုနာနာရဲ့ အာရုံစူးစိုက်မှု အားနည်းခြင်းကြောင့် အဖွင့်ဂိုး ပေးခဲ့ပေမယ့် နည်းပြတန်ဟက်ကတော့ ဆာနေးရဲ့ နေရာလွတ်ကို ပိတ်ဖို့ရာ ပျက်ကွက်ပြီး ကန်ချက်ကို ရပ်ကြည့်နေခဲ့တဲ့ အဲရစ်ဆန်နဲ့ ရက်ဖိုဒ့်တို့ကို ယူနိုက်တက် နည်းပြက အပြစ်တင်ခဲ့ပါတယ်။
” ကျနော်တို့ ကိုယ့်ဘာသာ ကံကောင်းအောင် လုပ်နိုင်ဖို့ လိုတာပေါ့။ ဒါက အသင်းလိုက်ပါ။ အမှားတွေ လုပ်မိခဲ့ရင် အသင်းအနေနဲ့ တုန့်ပြန်ပြရပါမယ်။ အမှားတွေ လုပ်မိရင်တောင် ပြန်လာနိုင်မယ်ဆိုပြီး ယုံကြည်နေရမယ်။
အိုနာနာရဲ့ အမှား မတိုင်ခင်မှာ ပြိုင်ဘက် ကစားသမားက လွယ်လွယ်ကူကူ ကန့်ခွင့်ရခဲ့တာ မဖြစ်သင့်ပါဘူး။ ဟုတ်တယ်၊ အိုနာနာကလည်း သူဘောလုံးကို တားဆီးရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဆာနေးရဲ့ ကန်ချက်က ဖြစ်မလာသင့်တာပါ။
ဒုတိယဂိုးကလည်း အခြားတစ်ဘက်မှာ အလားတူပါပဲ။ ကစားသမားတွေက ကျနော်တို့ ဧရိယာထဲ ခပ်လွယ်လွယ် ဝင်လာတယ်၊ အဆုံးသတ်သွားတယ်၊ ဒါမဖြစ်သင့်ပါဘူး ” လို့ တန်ဟက်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘိုင်ယန်ကို အဝေးကွင်းမှာ ၃ဂိုးထိ သွင်းတာတောင် မနိုင်ခဲ့တဲ့ ပွဲရလဒ် အပေါ်လည်း နည်းပြ တန်ဟက်က စိတ်ပျက်နေခဲ့ပါတယ်။