ချယ်ဆီး ကွင်းလယ် ကစားသမား ကိုင်ဆီဒိုရဲ့ အေးဂျင့်က ဒီနွေမှာ လီဗာပူးထံက ကမ်းလှမ်းမှု ရခဲ့တဲ့ အကြောင်းကို ထုတ်ပြောခဲ့ပြီး ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်း အစီအစဉ်တွေ အပေါ် သူတို့ရဲ့ အထင်ကြီးမှုကို ဖွင့်ဟခဲ့ပါတယ်။
ကိုင်ဆီဒိုရဲ့ အေးဂျင့်က ” အခြေအနေက အရမ်း ရှုပ်ထွေးခဲ့တယ်။ စဉ်းစားကြည့်လေ၊ ယာဂင်ကလော့ပ်လို နည်းပြ၊ လီဗာပူးလို အသင်းက ခေါ်ယူလိုနေတာပါ။
ကျနော်တို့က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်းဆိုတဲ့ အသင်းကြီး တစ်သင်းရဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရတဲ့အကြောင်း ပြောနေတာပါ။ ချယ်ဆီးလို အသင်းကြီး တစ်သင်းပေါ့။
လီဗာပူးက ဒီနေ့ ချယ်ဆီးထက် ပို တည်ငြိမ်မှုရှိတဲ့ ကလပ်တစ်သင်းဖြစ်ပြီး သူတို့မှာ ရှေ့နှစ်နှစ်စာ လောက် အတွက် ပိုကြီးတဲ့ ရည်မှန်းချက်တွေ ပိုကောင်းတဲ့ ပရောဂျက်တွေ ရှိနေတာပါ။
ဒီတော့ လီဗာပူးက ချဉ်းကပ်လာချိန်မှာ ကျနော်တို့နဲ့ ကိုင်ဆီဒိုတို့ တကယ်ကို စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါပေမယ့် တစ်ခုခု ဆုံးဖြတ်ရဖို့ ဖြစ်လာချိန်မှာတော့ ချယ်ဆီးကိုပဲ ဦးစားပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ချယ်ဆီးက ကျွန်တော်တို့ ဘက်မှာ တချိန်လုံး ရှိနေ (ကြိုးစားနေ)ခဲ့လို့ပါ။
အဲဒီနောက် ချယ်ဆီးက လီဗာပူးကို လက်မခံခင် သူတို့ကို အချိန် တစ်နာရီလောက် ပေးလို့ တောင်းဆိုလာတယ်၊ ဒါမှ ကျွန်တော်တို့က ဘရိုက်တန်ကို ပြောပေးပြီး သူတို့ နှစ်သင်းကြား ညှိနှိုင်းနိုင်ဖို့ပေါ့။ တစ်နာရီ ဆိုပေမယ့် ညှိနှိုင်းတာက ၂ ရက်လောက် ကြာပြီး အဆင်ပြေပြေဘဲ ပြီးသွားတယ်။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းက လီဗာပူးထံက ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့်လည်း ကစားသမား သဘောထားကြောင့် နောက်ဆုံးမှာတော့ ကိုင်ဆီဒိုဟာ ချယ်ဆီးအသင်းထံ ပေါင် ၁၁၅ သန်းဖြင့် ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးပိုင်း သိပ်မကွာပေမယ့် ချယ်ဆီးအသင်းဟာ နွေတလျောက်လုံး ကိုင်ဆီဒိုကို လိုက်ခဲ့တဲ့ အသင်း ဖြစ်ပြီး ပိုကောင်းတဲ့ ခံစားခွင့်ပါမယ့် သက်တမ်းရှည် စာချုပ်ကို ပေးခဲ့တာ ဖြစ်ပါတယ်။