မန်ချက်စတာ ဒါဘီမှာတော့ နည်းပြ တန်ဟက်ရဲ့ အသင်းဟာ မန်စီးတီးကို အဘက်ဘက်ကနေ လုံးဝ မယှဉ်နိုင်ဘဲ ၃-ဝ နဲ့ ဂိုးပြတ် ရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

တကယ်တမ်းကတော့ ဒီပွဲ ၃ ဂိုးလောက်နဲ့ ပြီးသွားတာကို ယူနိုက်တက်တို့ ကျေနပ်ရမယ့် သဘော ဖြစ်နေပါတယ်။ ဒုတိယပိုင်း ခြေစွမ်းမှာ မန်စီးတီးက သိသိသာသာ သာလွန်ခဲ့ပြီး ဂိုးသမား အိုနာနာ ကောင်းလွန်းနေလို့ ဂိုးအရမ်း မပြတ်ခဲ့တာပါ။

မန်ယူကစားသမားဟောင်း ရွိုင်ကိန်းကဆိုရင် ” နှစ်သင်းက အဆင့်မှ မတူတာပဲကွာ။ မန်ယူ ကစားသမားတွေက နေရာတိုင်းကို ညံ့နေတော့တာ၊ နည်းစနစ်ပိုင်းအရကော နည်းဗျူဟာပိုင်းကော သာမှ မသာခဲ့တာ၊ မန်ယူနိုက်တက်အသင်း ပြန်လာဖို့ အများကြီး လုပ်ရဦးမှာပါပဲ ” လို့ ထုတ်ပြောခဲ့တယ်။

သရဲနီဟောင်းကြီး ဂယ်ရီနဗီးကဆိုရင် ” ဒုတိယပိုင်း ခြေစွမ်းအရ မန်စီးတီးတို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်၊ ယူနိုက်တက်ကလည်း ရှုံးဖို့ ထိုက်တန်ခဲ့ပါတယ် ” လို့ ပွဲချိန်တွင်းမှာ ပြောဆိုသွားတာပါ။

မန်စီးတီးရဲ့ ကစားကွက်ကို ဘယ်လို ခုခံရမယ် ဆိုတာကော၊ ဘယ်လို ကောင်တာ ပြန်ဆင်ရမယ် ဆိုတာကိုပါ ယူနိုက်တက်တို့ လုံးဝ မတွေးတတ်တော့အောင်ကို ဒီပွဲက တဖတ်သတ်ကြီး ဖြစ်ခဲ့ပါတယ်။

မန်စီးတီး ကစားသမားဟောင်း မီဂါ ရစ်ချက်ကတော့ ” ဒါက ဘောလုံးပိုင်းဆိုင်ရာ သင်ခန်းစာပဲ။ မယုံနိုင်စရာပါပဲဗျာ။ ခံစစ်ကနေ ကွင်းလယ်တက် ကစားရာမှာ ဂျွန်စတုန်းက သိပ်ကောင်းတာပဲ။ မန်ယူနိုက်တက်က ဘာလုပ်လို့ လုပ်ရမယ်ကို မသိတော့ဘူး ဖြစ်ခဲ့ရတယ် ” လို့ ဂုဏ်ယူစွာ ပြောဆိုသွားခဲ့ပါတယ်။