မနက်က ကိုပင်ဟေဂင်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာတော့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ထံ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးလာခဲ့ပါတယ်။

ရက်ဖိုဒ့် အနီကဒ်ဖြင့် ထုတ်ပယ်ခံရခြင်းနဲ့အတူ ၄-၃ ဆိုတဲ့ ရလဒ်မျိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတော့ပါဘူး။ လက်ကျန် ၂ ပွဲကို အကောင်းဆုံး ကျော်ဖြတ်ဖို့ အပြင် ပြိုင်ဘက်တွေ ခြေချော်ဖို့လည်း မျှော်လင့်နေရမှာပါ။

၁၉၇၃-၇၄ နောက်ပိုင်း အဆိုးရွားဆုံးသော ရှုံးပွဲမှတ်တမ်းတွေကို ရရှိလာနေခဲ့ပေမယ့် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အလျင်စလို ကြိုးစားဦးမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ဆာအဲလက်စ်က တန်ဟက်ကို နည်းပြရာထူးအတွက် ထောက်ခံပေးနေလို့ပါပဲ။

ယူနိုက်တက်ရဲ့ အတွင်းသတင်းပေးကတော့ “ တန်ဟက်ကို ဆာအဲလက်စ်က အခုထိ အားပေးထောက်ခံနေဆဲပါ။ ကလပ်ကို ရောက်လာကတည်းက ဆာအဲလက်စ်က တန်ဟက်ကို အတော်လေး support ပေးခဲ့ပါတယ်။

ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေအတွက် တန်ဟက်ရဲ့ ကိုင်တွယ်မှုတွေကိုလည်း ဆာအဲလက်စ်က အထင်ကြီးထားပါတယ်။ ကလပ်ထံ ဝင်ရောက်လာတဲ့ ရင်းနှီးမြုပ်နှံမှု အသစ်တွေကိုလည်း တန်ဟက်ကို ဆက်လက် နေရာပေးထားဖို့ ဆာအဲလက်စ်က ထောက်ခံပေးသွားဦးမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ် နေရာအတွက် လေ့လာမှုတွေတော့ ရှိပြီး ရီးရဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ စပို့တင်း နည်းပြတို့ကို သဘောကျမှု ရှိထားတာ ဖြစ်ပါတယ်။