တချိန်က ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဆုဖလား ပေါင်းစုံယူကာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ နောက်ခံလူ ဗာရန်း က လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာ ဖြစ်နေတဲ့ သူ့ရဲ့ အခြေအနေအတွက် အတော်လေး စိတ်ပျက်စွာ အတွေးတွေ များနေလိမ့်မယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က သုံးသပ်လာပါတယ်။
ဗာရန်း ဒဏ်ရာ ပြန်သက်သာလာပေမယ့် နည်းပြတန်ဟက်က ခံစစ်မှာ လင်ဒီအော့၊ မက်ဂွဲရားနဲ့ အီဗန်တို့ကို အဓိက ထုတ်သုံးနေတာပါ။ ဗာရန်း ကို ကျော်ပြီး အသက် ၃၅ နှစ်အရွယ် မြောက်အိုင်ယာလန်သား အီဗန် ကို ပွဲထုတ်နေတာ က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဖာဒီနန်က ” ကျနော်တို့ မသိနိုင်ပါဘူး။ ဗာရန်း အရန်စာရင်းကတောင် ပါနေတယ်ဆိုတော့ ကြံ့ခိုင်နေမယ် ထင်ပါတယ်။ အရန်ခုံမှာတောင် ထိုင်နေမှတော့ ကစားနိုင်လို့ပဲပေါ့။ တစ်ယောက်ယောက် ပွဲအစ ၁ မိနစ်မှာတင် ဒဏ်ရာရသွားရင် သူ အစားဝင်ပေးရမှာပဲလေ။
ပွဲနေ့အတွက် လိုက်ပါဖို့ အဆင်သင့်ဖြစ်နေလို့ ကြံခိုင်နေလို့ လူစာရင်းထဲ ပါရတာပါ။ ဘာကြောင့် မထည့်တယ်တော့ မသိပါဘူး။
ချန်ပီယံလိဂ် ၅ ကြိမ် အနိုင်ရခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတွေနဲ့ တွဲကစားခဲ့ပေမယ့် ယူနိုက်တက်မှာ ဂျွန်နီ အီဗန်က သူ့ကို ကျော်ပြီး ပွဲထွက်ခွင့်ရနေတယ်ဆိုတော့ ဗာရန်းက အတော်လေး ကျိတ်မနိုင်ခဲမရ ဖြစ်နေလောက်ပါပြီ။
အီဗန်စ်ကို မလေးမစား သဘော ပြောတာ မဟုတ်ပါဘူး။ အီဗန်စ် ဘယ်လောက်ပဲ လုပ်ပြထားခဲ့သည် ဖြစ်စေ ဂျွန်နီ အီဗန်စ် ဆိုတာ တခါမှတောင် ဗာရန်း ခေါင်းထဲ ဝင်လာဖူးမယ့် သူ မဟုတ်ပါဘူး။ ဂျွန်နီ အီဗန်စ် ဆိုတာ ဗာရန်း ထည့်တောင် မတွေးဖူးခဲ့ဖူးတဲ့ သူ ဖြစ်နေမှာပါ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် အီဗန်ဟာ ယူနိုက်တက်နဲ့ ၁ နှစ် စာချုပ်ပဲ ရှိသူဖြစ်ပြီး သူဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ခွဲရနေတဲ့ ဗာရန်းကို ကျော်ကာ ပွဲကစားခွင့်တွေ ရရှိနေတာက အတော်လေး အတွေးများစရာ ကိစ္စ ဖြစ်လာနေပါတယ်။