မန်စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာကတော့ မနေ့ညက စပါးကို ၃-၃ သရေကျတဲ့ပွဲအပြီး ပွဲပြီးခါနီး နောက်ဆုံးမိနစ် ကွင်းထဲက ဖြစ်ရပ်ကို အတော် စိတ်ပျက်စရာ ကောင်းကြောင်း ဝေဖန်ခဲ့ပါတယ်။

၄-၃ ဖြစ်နိုင်တဲ့ အကောင်းဆုံး အခွင့်အရေး တစ်ခုကို မန်စီးတီးတို့ ဖန်တီးနိုင်လု ဖြစ်ခဲ့ပေမယ့် ခံစစ် သမားတွေကို ဂရီလစ် ကျော်ဖြတ်ချိန်မှာပဲ ကွင်းလယ်ဒိုင်က ကွင်းလယ်မှာဖြစ်ခဲ့တဲ့ Foul အတွက် ခရာမှုတ် ပွဲကို ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။

ဂရီလစ်ရဲ့ တိုက်စစ်ငဆင် ကျော်ဖြတ်နေမှုကို ရပ်တန့်စေတဲ့ ဒိုင်လူကြီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဂွာဒီယိုလာက ခုလို ပြောဆိုလာခဲ့တာပါ။

” တခါတလေ ဒိုင်တွေနဲ့ ပတ်သက်ပြီး နားမလည်တော့ပါဘူး။ လူတိုင်း အမှားလုပ်မိတတ်ပါတယ်။ ကျနော် အံ့ဩ တာက ဟာလန်း လဲကျချိန်မှာ ဒိုင်လူကြီးက ခရာမှုတ်ဖို့ လုပ်ပြီးမှ ပြန်ထလာပြီး ဘောလုံး ကစားတော့ ပွဲကို ဆက် ကစားစေခဲ့တယ်။

အဲ့နောက် ဂရီလစ်ထံ ဘောလုံးရောက်သွားမှ ပွဲရပ်ဖို့ ခရာထမှုတ်တာကိုပါ။ ဒီလုပ်ရပ်ကြီးက ရှက်စရာကြီးကွာ လို့ ခံစားရစေတယ်။

ဟာလန်း လဲကျနေတဲ့ အချိန် ခရာမှုတ်ကွာ၊ အဆင်ပြေတယ်။ ဒါပေမယ့် ဆက်ကစားခွင့်ပေးပြီးမှ ပွဲကို ရပ်တန့် လိုက်စေတာကိုတော့ နားမလည်နိုင်ဘူး။ ဒီပွဲက ပွဲကောင်းပါ၊ လူတိုင်း ပျော်ရွှင်ရတယ်။ စပါးကတော့ ပိုပျော်ပြီး ကျနော်တို့တော့ သိပ်မပျော်ရဘူးပေါ့ ” လို့ ပက် က စိတ်ပျက်စွာ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီပွဲ သရေရလဒ်ကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အပြီးမှာ တတိယနေရာကို ဆင်းခဲ့ရပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ်၊ ဒုတိယနေရာက လီဗာပူးနဲ့ ၁ မှတ် ကွာဟနေပြီ ဖြစ်ပါတယ်။