ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေဖြစ်ပါတယ်။
Arsenal vs Chelsea
မနှစ်တုန်းက အမ်းမရိတ်မှာ ချယ်ဆီးက အာဆင်နယ်ကို မလှန်နိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာလည်း တူညီတဲ့ ရလဒ်မျိုး ထွက်ပေါ်ပြီး အမှတ်ပေးဇယားမှာ မန်စီးတီးကို ၄ မှတ် ဖြတ်ထားနိုင်ဖို့ အာဆင်နယ်တို့ မျှော်လင့်နေမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 2-1 Chelsea
Manchester United vs Sheffield United
ယူနိုက်တက်တို့ ဒီပွဲကို နိုင်သွားမှာပါ။ သူတို့အတွက် အသက်ရှုချောင်စေမယ့် ရလဒ်မျိုး ရပါလိမ့်မယ်။ ရှက်ဖီးယူနိုက်တက်က အိုးထရတ်ဖိုဒ့်မှာ ဘာအခွင့်အရေးမှ ရဖို့ မရှိပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manc United 3-0 Sheffield
Everton vs Liverpool
ဂူဒီဆန်ပါခ်ဟာ လီဗာပူးရဲ့ ဖလားအိပ်မက် အဆုံးသတ်အောင်လုပ်ဖို့ တက်ကြွနေပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးကပဲ နှားတဖျားအသာရသွားမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Everton 1-2 Liverpool
Brighton vs Manchester City
ဘရိုက်တန်က စီးတီးကို ပြဿနာတွေ အများကြီး ပေးနိုင်မယ် မထင်ပါဘူး။ သူတို့က မနှစ်ကလို အသင်းမျိုး မဟုတ်တော့ဘဲ ဇယားအလယ်ကအသင်း ပိုဆန်လာပါတယ်။ မန်စီးတီးကပဲ ဒီပွဲကို အနိုင်ရသွားပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Brighton 1-3 Man City
အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Wolves 2-1 Bournemouth
Crystal Palace 2-2 Newcastle United