အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ၂၆ ဦးပါ အပြီးသတ် လူစာရင်းကို ရွေးထုတ်လိုက်ပြီဖြစ်ကာ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်ကြမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အင်္ဂလန်လူစာရင်းမှာ ဟယ်ရီ မက်ဂွဲရား မပါဝင်တော့ဘဲ သူ့မှာ ခြေသလုံး ဒဏ်ရာ ရှိနေတာကြောင့် လူစာရင်းကနေ ဖယ်ထုတ်ခဲ့တာလို့ နားလည်ရပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ မန်စီးတီး တိုက်စစ်သမား ဂရီလစ်ကိုလည်း လူစာရင်းထဲက ဖယ်ထုတ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားကို ယူရိုထံ မခေါ်သွားတာအတွက်တော့ သဘောမကျကြောင်း ပြသမှုတွေလည်း ရှိလာခဲ့တာပါ။
တယ်လီဂရပ်ရဲ့ ဖော်ပြချက်အရ ဂရီလစ်ကို ဖယ်ထုတ်ကြောင်း ကြားသိအပြီးမှာ အင်္ဂလန်အသင်းရဲ့ ကစားသမားတစ်ဦးက ဘာကြောင့် မရွေးချယ်ခဲ့တာလည်း သိရဖို့ ဆောက်ဂိတ်ကို မေးမြန်းခဲ့တယ်လို့ သိရတယ်။
အချို့သော အင်္ဂလန် အသင်းသားတွေကလည်း ယူရိုထံ ပါဝင်ခွင့်မရှိတဲ့ ဂရီလစ်ကို ဝိုင်းပြီး နှစ်သိမ့်ပေးခဲ့ကြပါတယ်။ ဂရီလစ်ကတော့ ပြိုင်ပွဲမှာ မပါရတာကို အံ့ဩထိတ်လန့်ခဲ့ပေမယ့် စောဒကတက်ဖို့ မရှိပါဘူး။
အင်္ဂလန်နည်းပြအဖွဲ့ကတော့ လူစာရင်း ရွေးချယ်မှုကို ပရော်ဖက်ရှင်နယ် ဆန်ဆန်လုပ်ဆောင်ခြင်းလို့ အသိပေးထားခဲ့ပြီး ဂရီလစ်ကလည်း ယူရိုမှာ အသင်းအောင်မြင်စေဖို့ ဆုတောင်ပေးခြင်းနဲ့ အဆုံးသတ်ခဲ့ကြတယ်လို့လည်း အဆိုပါသတင်းက ဖော်ပြခဲ့ပါတယ်။
နည်းပြဆောက်ဂိတ်ဟာ ဒီတစ်ကြိမ် ယူရိုအတွက် လူစာရင်းမှာတော့ အဒမ် ဝါတန်၊ မိုင်နူး၊ အီဇီတို့လို ကြယ်ပွင့်တွေကို ထည့်သွင်းသွားတာ ဖြစ်ပါတယ်။