အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်တို့ စောင့်ကြည့်နေတဲ့ ကွင်းလယ်လူ ဂျာအို နီဗက်စ် အတွက် ဘင်ဖီကာ အသင်းဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ အနည်းဆုံး ရရှိချင်နေပါတယ်။
နည်းပြ အာတီတာဟာ အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်းကြီး ကာဇိုလာ ကို နည်းပြအဖွဲ့ဝင်အဖြစ် လာရောက် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
အာဆင်နယ် နောက်ခံလူ ဆာလီဘာ ကတော့ ပရီးမီးယားလိဂ် ကြယ်ပွင့် နောက်ခံလူ ဗာဂျေး ဗန်ဒိုက် လိုပဲ သူ့ကို ပြိုင်ဘက် တိုက်စစ်မှုးတွေက ရှိန်နေကြပြီ လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်အသင်း အိုက်စ်လန် ကို ရှုံးနိမ့်သွားခဲ့ပေမယ့် ဒီကလန် ရိုက်စ်က ၎င်းရဲ့ နိုင်ငံအသင်းဖော် ဂျူနီယာ ဖြစ်သလို ပြိုင်ဘက် ယူနိုက်တက် ကြယ်ပွင့်ဖြစ်တဲ့ ကိုဘေး မိုင်နူး ကို ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်နဲ့ စီးတီး တို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ နယူးကာဆယ် ကွင်းလယ်လူ ဂွီးမားရက်စ် ကတော့ လက်ရှိ ကလပ်မှာ ပျော်ပေမယ့် ပြောင်းရွှေ့ရမလား ဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ် လို့ ပြောဆိုလိုက်ပါတယ်။ နယူးကာဆယ် အသင်းဟာ ဘဏ္ဍာရေး ဟန်ချက် ထိန်းညှိဖို့ ဘရာဇီးသားကို ရောင်းချရဖွယ် ရှိနေကာ ပေါင် သန်း ၁ဝဝ ဈေး ခေါ်ထားပါတယ်။
ဂန်းနားဟောင်း တစ်ဦး ဖြစ်တဲ့ ဆက်ဂ်ညာကတော့ မန်ချက်စတာ ယူနိုက်တက်မှ ရက်ဖို့ဒ်နဲ့ ဗာရန်း တို့ကို အာဆင်နယ် အရ ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။