ဧပရယ်နဲ့ မေလ ဝန်းကျင်တွေမှာ ကမ္ဘာ့ရွှေစျေးဟာ တအောင်စကို ၂၃၀၀-၂၄၀၀ ဒေါ်လာထိ တရှိန်းထိုး မြင့်တက်လာခဲ့ကာ အမြင့်ဆုံး စျေးတန်းကို ရောက်ရှိခဲ့ပါတယ်။

ကမ္ဘာ့ရွှေဟာ ကနဦးမှာတည်းက ရုရှား-ယူကရိန်း အရေးနဲ့ ဂါဇာ အရေးတို့လို စစ်ပွဲကြီးတွေကြောင့် အမြင့်ဆုံးတန်းကို ရောက်နေနေခဲ့တာပါ။ ကမ္ဘာ့ရွှေ မြင့်တက်နေချိန် တရုတ်ဗဟိုဘဏ်က သူတို့ရဲ့ အရံရွှေတွေကို တိုးမြင့်ထည့်သွင်းခဲ့ခြင်းကလည်း စျေးကွက်ကို မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ပါတယ်။

စစ်ပွဲကြီး ၂ ခုကြောင့် စျေးတန်းတစ်ခု ထိုးတက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဟာ နောက်ပိုင်းမှာ တရုတ်ရဲ့ ဝယ်လိုအားကြောင့် စံချိန်တင်ပမာဏအဖြစ် ၂၄၀၀ ဒေါ်လာတန်းကို ဖောက်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း ကမ္ဘာ့ရွှေဟာ အတက်အကျတွေ ရှိလာနေခဲ့ပေမယ့် ဇွန်လ ၇ ရက် သောကြာနေ့မှာ တရုတ်ဗဟိုဘဏ် POBC က အရန်ရွှေ ဖြည့်တင်းမှုကို ရပ်နားတော့မယ်လို့ ကြေညာခဲ့ရာက ကမ္ဘာ့ရွှေစျေးဟာ တအောင်စကို ၂၂၉၃ ဒေါ်လာထိကို ပြန်ကျသွားခဲ့ပါပြီ။

၁၈ လကြာ ဆက်တိုက်ရှိနေခဲ့တဲ့ တရုတ်ရဲ့ ဝယ်လိုအား မရှိတော့ခြင်းကြောင့် ကမ္ဘာ့ရွှေဟာ ဒီကရှေ့ အမြင့်ဆုံး စျေးတန်းတွေကို ပြန်ရောက်လာဖွယ် မရှိတော့ဘဲ ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။