ရန်ကုန် သာကေတနဲ့သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ သန်လျင် အမှတ် ၃ တံတားသစ်မှာ ဒီကနေ့ ဇွန်လ ၈ ရက်နေ့က စပြီးတော့ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။

လမ်းအသုံးပြုသူတစ်ဦးက “ သန်လျင် အမှတ် (၃)တံတားကြီးဖွင့်လိုက်ပါပြီး လောလောဆယ် တံတားဖြတ်ခ မကောက်သေးပါဘူး” လို့ ပြောကြားထားပါတယ်။

အခြားတစ်ဦးကတော့ “ သာကေတအဝိုင်းဘက်ကနေ သန်လျင်ဘက်ကို တံတားပိတ်ရင် နာရီဝက်၊ တစ်နာရီကြာတဲ့ခရီး အခုတံတားအသစ်ကြီး ဖွင့်လိုက်တဲ့အတွက် 5မိနစ်လောက်ပဲ ကြာတော့တယ်” လို့ မှတ်ချက်ပေးထားပါတယ်။

အဆိုပါ တံတားသည် အရှည် ၃၅၀၀ မီတာရှိပြီး ပင်မတံတား အကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိကာ တံတားခံနိုင်ဝန် (ခွင့်ပြုအလေးချိန်) မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်တယ်လို့လည်းဆိုပါတယ်။

အဲဒီ တံတားကို ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် တည်ဆောက်ခဲ့တာ ဖြစ်သလို ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံအင်ဂျင်နီယာများက တည်ဆောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။