တရုတ် ဗဟိုဘဏ်က အရန်ရွှေ ဖြည့်တင်းမှု ရပ်ဆိုင်းခြင်းကြောင့် ကမ္ဘာ့ရွှေစျေး ကျဆင်းလာနေပါတယ်။ အမြင့်ဆုံးတန်မှာ ရှိနေခဲ့တဲ့ ကမ္ဘာ့ရွှေစျေးဟာ ၂၂၀၀ တန်းကို ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ပြင်ပရွှေစျေးကွက် ဖွင့်လှစ်လာခြင်း မရှိတော့ပါဘူး။ ဒီကနေ့ ရွှေအသင်း သတ်မှတ်တဲ့ ပြည်တွင်းရွှေစျေးဟာ ၄၈ သိန်း အောက်မှာပဲ ဆက်ရှိနေပါတယ်။

ယနေ့ ရွှေဈေး (ဇွန်လ ၇ ရက်၊ သောကြာနေ့ နံနက် ၉ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၂၉၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၉၃၁၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။