ချယ်ဆီးအသင်းဟာ ကြားရက် ချန်ပီယံလိဂ် ပွဲမှာ အေဂျက်ကို အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ယခင်အပတ် အေဂျက် အိမ်ကွင်းမှာ ကစားခဲ့ရာမှာတော့ ချယ်ဆီးက ၁-၀ နဲ့ နိုင်ယူထားခဲ့တာပါ။

ဒီတပတ် အကောင်းဆုံး ချန်ပီယံလိဂ် အုပ်စုပွဲ ဖြစ်တဲ့ ချယ်ဆီး – အေဂျက်ပွဲကတော့ ယနေ့ည မြန်မာစံတော်ချိန် ၂း၃၀ မှာ ကစားမှာပဲ ဖြစ်ပါတယ်။ ဒီပွဲအတွက် စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြပေးပါမယ်။

” ကောင်းလိုက်တဲ့ပွဲပါ။ ဒီတလောမှာ အေဂျက် ဘယ်လောက် လုပ်နိုင်လဲ ကျနေ်ာတို့ မြင်ထားပြီးပြီ။ သူတို့က နွေမှာ အဓိက ကစားသမား သုံး လေးယောက်လောက် ရောင်းထုတ်ထားတာ ဖြစ်လို့ အားနည်းသွားပေမယ့် အသင်း နည်းပြရဲ့ အတွေးအခေါ်နဲ့ ကစားပုံကို ပြောင်း မသွားစေခဲ့ပါဘူး။ ချယ်ဆီးကတော့ အေဂျက်ကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ် အနိုင်ရလဒ်ကို ဖော်ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းကြား ခြေစွမ်းကွာခြားမှု များများစားစား မရှိပါဘူး။ ”

” ချယ်ဆီးအတွက် အေဂျက်နဲ့ ယှဉ်ရာမှာ အခက်အခဲလေးတွေတော့ တွေ့နိုင်ပါတယ်။ အေဂျက်လိုအသင်းကို ဘောလုံးနဲ့ ကျော်လွှားသွားလို့ မရပါဘူး။ ဒါပေမယ့် ဘောလုံးမပါဘဲ အကွက်ရွှေ့နိုင်ပါတယ်။ အေဂျက်ကို နည်းစနစ်ပိုင်း အသာရဖို့ ချယ်ဆီးကလည်း အသေအချာ ပြင်ဆင် ထားမှာ ဖြစ်တာကြောင့် ဒီမှာ ပွဲကောင်း မြင်ရဖို့ ရှိပါတယ်။”

” နှစ်သင်းစလုံးမှာ အားနည်းချက် လိုအပ်ချက်လေးတွေတော့ ရှိနေသေးတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးကပဲ နောက်ထပ် ရလဒ်ကောင်း ယူသွားနိုင်လိမ့်မယ် ထင်ပါတယ်။ ” လို့ ချာလီ က သုံးသပ်ထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး ၂-၁ အေဂျက်ပဲ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲမွာ ေအဂ်က္ကို အိမ္ကြင္း စတန္းဖို႔ဒ္ ဘရစ္ခ်္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ယခင္အပတ္ ေအဂ်က္ အိမ္ကြင္းမွာ ကစားခဲ့ရာမွာေတာ့ ခ်ယ္ဆီးက ၁-၀ နဲ႕ နိုင္ယူထားခဲ့တာပါ။

ဒီတပတ္ အေကာင္းဆံုး ခ်န္ပီယံလိဂ္ အုပ္စုပြဲ ျဖစ္တဲ့ ခ်ယ္ဆီး – ေအဂ်က္ပြဲကေတာ့ ယေန႕ည ျမန္မာစံေတာ္ခ်ိန္ ၂း၃၀ မွာ ကစားမွာပဲ ျဖစ္ပါတယ္။ ဒီပြဲအတြက္ စကိုင္းစေပါ့မွ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကို ေဖာ္ျပေပးပါမယ္။

” ေကာင္းလိုက္တဲ့ပြဲပါ။ ဒီတေလာမွာ ေအဂ်က္ ဘယ္ေလာက္ လုပ္နုိင္လဲ က်ေန္ာတို႔ ျမင္ထားျပီးျပီ။ သူတို႔က ေႏြမွာ အဓိက ကစားသမား သံုး ေလးေယာက္ေလာက္ ေရာင္းထုတ္ထားတာ ျဖစ္လို႔ အားနည္းသြားေပမယ့္ အသင္း နည္းျပရဲ႕ အေတြးအေခၚနဲ႕ ကစားပံုကို ေျပာင္း မသြားေစခဲ့ပါဘူး။ ခ်ယ္ဆီးကေတာ့ ေအဂ်က္ကို အေ၀းကြင္းမွာ အံ့အားသင့္ဖြယ္ အနုိင္ရလဒ္ကို ေဖာ္ေဆာင္ထားခဲ့ပါတယ္။ ဒါေပမယ့္ နွစ္သင္းၾကား ေျခစြမ္းကြာျခားမႈ မ်ားမ်ားစားစား မရွိပါဘူး။ ”

” ခ်ယ္ဆီးအတြက္ ေအဂ်က္နဲ႕ ယွဥ္ရာမွာ အခက္အခဲေလးေတြေတာ့ ေတြ႔နုိင္ပါတယ္။ ေအဂ်က္လိုအသင္းကို ေဘာလံုးနဲ႕ ေက်ာ္လႊားသြားလို႔ မရပါဘူး။ ဒါေပမယ့္ ေဘာလံုးမပါဘဲ အကြက္ေရႊ႕နုိင္ပါတယ္။ ေအဂ်က္ကို နည္းစနစ္ပိုငး္ အသာရဖို႔ ခ်ယ္ဆီးကလည္း အေသအခ်ာ ျပင္ဆင္ ထားမွာ ျဖစ္တာေၾကာင့္ ဒီမွာ ပြဲေကာင္း ျမင္ရဖို႔ ရွိပါတယ္။”

” နွစ္သင္းစလံုးမွာ အားနည္းခ်က္ လိုအပ္ခ်က္ေလးေတြေတာ့ ရွိေနေသးတာ ျမင္နုိင္ပါတယ္။ ဒါေပမယ့္ ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးကပဲ ေနာက္ထပ္ ရလဒ္ေကာင္း ယူသြားနိုင္လိမ့္မယ္ ထင္ပါတယ္။ ” လို႔ ခ်ာလီ က သံုးသပ္ထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၁ ေအဂ်က္ပဲ ျဖစ္ပါတယ္။