လီဗာပူးနဲ့ မန်စီးတီးပွဲကြိုမှာ အင်္ဂလန်မီဒီယာတွေက ပွဲတန်ပိုကို ပိုတက်လာစေဖို့အတွက် နှစ်ဘက်မန်နေဂျာတွေထံက ပွဲကြို စိန်ခေါ်စကားတွေ ထွက်ပေါ်လာအောင် လမ်းကြောင်းတွေ ခင်းနေခဲ့ပြီး ဂွာဒီယိုလာကတော့ အဆိုပါ အနေအထားထဲ ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။

မာနေးဟာ သွင်းဂိုးတွေအတွက် အရည်အချင်းရှိပေမယ့် ဒိုင်ဗင်ထိုးသူလို့ ဂွာဒီယိုလာက စွပ်စွဲမှုနဲ့ စကားလုံး တိုက်ပွဲက စတင်လာခဲ့တာပါ။ ယာဂင်ကလော့ပ်ကတော့ အတိတ်တုန်းက ကျော်ကြားလှတဲ့ မန်နေဂျာတွေကြား စကားစစ်ထိုးမှုလို ကိစ္စမှာ ပါဝင်လိုခြင်း မရှိတာကြောင့် မာနေးကို ဂွာဒီယိုလာရဲ့ စွပ်စွဲမှုက မမှန်ပါဘူးလို့ ငြင်းဆိုမှုနဲ့အတူ မီးပွားတွေကို ဆက်မဖြစ်စေလိုတာကြောင့် မန်စီးတီးရဲ့ နည်းစနစ်ဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတွေကို လုံးဝ ထပ်မပြောတော့ဘူးလို့ ဆိုခဲ့ပါတယ်။

ကလော့ပ်က ပြောရာမှာ ” ရိုးရိုးသားသားပြောရရင် ကျနော် မယုံနိုင်ပေမယ့် ကျနော် မြင်ခဲ့ရတယ်။ ဆာဒီယိုနဲ့ အသင်းနဲ့ ပက်သက်ပြီး ပပ်ပြောခဲ့သလားဆိုတာ မသေချာပေမယ့် အဲ့တာက သိပ်မကောင်းတာ သေချာပါတယ်။

မီးလောင်ရာ လေပင့် ကျနော် မလုပ်ချင်ပါဘူး။ အဲ့လိုကိစ္စတွေကိုလည်း ကျနော် စိတ်မဝင်စားဘူး။ နည်းစနစ်ဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်း ကိစ္စတွေကို စကားထဲ ထည့်မပြောဘူးလို့ ကတိပေးပါတယ်။ ဒီလိုပြောလိုက်တာတောင် နည်းနည်းများသွားတာ ဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမယ့် ဒါလောက်ပဲ ကျနော် ပြောလိုပါတယ်။

မန်စီးတီးအကြောင်းကို ကျနော် မမေးပါဘူး။ အင်တာဗျူးကို မလာခင်မှာ အခြားသော အသင်းတွေရဲ့ ရလဒ်နဲ့ ပက်သက်လို့ ကျနော်မှာ ဘာသဲလွန်စမှ ရစရာမရှိဘူး။ ဒါက အမှန်တရားပါပဲ။ ဘယ်သူ့ကိုမှလည်း ကျနော် မမေးဘူး။ ကျနော်မှာ ကစားသမားတွေနဲ့ စကားပြောရင်တယ်။ လူအများကြီးနဲ့ စကားပြောရတယ် အဲ့တာပြီးရင် အင်တာဗျူးကို လာရတယ်။

အင်တာဗျူးတွေ လုပ်ရာမှာ အခြားအသင်းအကြောင်းကို စဉ်းစားဖို့ တစက္ကန့်တောင် မစဉ်းစားပါဘူး။ အဲ့တာပြီးမှ အခြားအသင်းတွေ ဘယ်လိုကစားလဲနဲ့ ပက်သက်ပြီးတော့ ဘေးကို မေးရတယ်။ တစ်ယောက်ယောက်က မန်စီးတီးက ၈၆ မိနစ်က သွင်းဂိုးနဲ့ နိုင်သွားတယ်ပြောတယ်။ ဒါလောက်ပါပဲ။ ဒီတော့ ကိုယ်ပွဲအပြီးမှာ အခြားအသင်းပွဲအကြောင်း သိနေတဲ့ ကိစ္စတွေကို ကျနော် နားမလည်ဘူး။

အခြားအသင်းအကြောင်း စဉ်းစားနေဖို့လည်း ကျနော် ဦးနှောက်က အရမ်းမကောင်းတာ သေချာပါတယ်။ ကိုယ်အသင်းအကြောင်းနဲ့ စီမံရမယ့် ကိစ္စတွေကို စဉ်းစားဖို့လောက်ပဲ လုံလောက်တယ်။ ချန်ပီယံလိဂ်ပွဲအဖြစ် ဂျန့်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျနော်ရဲ့ စိတ်ဝင်စားမှုတွေက အဲ့ပွဲမှာပါပဲ။ ဒါကပဲ ကျနော် လုပ်နိုင်တာ အားလုံးပါ။ ဒါပြီးမှပဲ မန်စီးတီးနဲ့ပွဲအကြောင်း စကားပြောပါမယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီးပြဲၾကိဳမွာ အဂၤလန္မီဒီယာေတြက ပြဲတန္ပိုကို ပိုတက္လာေစဖို႔အတြက္ ႏွစ္ဘက္မန္ေနဂ်ာေတြထံက ပြဲၾကိဳ စိန္ေခၚစကားေတြ ထြက္ေပၚလာေအာင္ လမ္းေၾကာင္းေတြ ခင္းေနခဲ့ျပီး ဂြာဒီယိုလာကေတာ့ အဆိုပါ အေနအထားထဲ ဝင္ေရာက္ခဲ့ျပီျဖစ္ပါတယ္။

မာေနးဟာ သြင္းဂိုးေတြအတြက္ အရည္အခ်င္းရွိေပမယ့္ ဒိုင္ဗင္ထိုးသူလို႔ ဂြာဒီယိုလာက စြပ္စြဲမႈနဲ႔ စကားလံုး တိုက္ပြဲက စတင္လာခဲ့တာပါ။ ယာဂင္ကေလာ့ပ္ကေတာ့ အတိတ္တုန္းက ေက်ာ္ၾကားလွတဲ့ မန္ေနဂ်ာေတြၾကား စကားစစ္ထိုးမႈလို ကိစၥမွာ ပါဝင္လိုျခင္း မရွိတာေၾကာင့္ မာေနးကို ဂြာဒီယိုလာရဲ႕ စြပ္စြဲမႈက မမွန္ပါဘူးလို႔ ျငင္းဆိုမႈနဲ႔အတူ မီးပြားေတြကို ဆက္မျဖစ္ေစလိုတာေၾကာင့္ မန္စီးတီးရဲ႕ နည္းစနစ္ဆုိင္ရာ ျပစ္မႈက်ဴးလြန္ျခင္းေတြကို လံုးဝ ထပ္မေျပာေတာ့ဘူးလို႔ ဆိုခဲ့ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” ရိုးရိုးသားသားေျပာရရင္ က်ေနာ္ မယံုႏုိင္ေပမယ့္ က်ေနာ္ ျမင္ခဲ့ရတယ္။ ဆာဒီယိုနဲ႔ အသင္းနဲ႔ ပက္သက္ျပီး ပပ္ေျပာခဲ့သလားဆိုတာ မေသခ်ာေပမယ့္ အဲ့တာက သိပ္မေကာင္းတာ ေသခ်ာပါတယ္။

မီးေလာင္ရာ ေလပင့္ က်ေနာ္ မလုပ္ခ်င္ပါဘူး။ အဲ့လိုကိစၥေတြကိုလည္း က်ေနာ္ စိတ္မဝင္စားဘူး။ နည္းစနစ္ဆိုင္ရာ ျပစ္မႈက်ဴးလြန္ျခင္း ကိစၥေတြကို စကားထဲ ထည့္မေျပာဘူးလို႔ ကတိေပးပါတယ္။ ဒီလိုေျပာလိုက္တာေတာင္ နည္းနည္းမ်ားသြားတာ ျဖစ္ေကာင္းျဖစ္ပါမယ္။ ဒါေပမယ့္ ဒါေလာက္ပဲ က်ေနာ္ ေျပာလိုပါတယ္။

မန္စီးတီးအေၾကာင္းကို က်ေနာ္ မေမးပါဘူး။ အင္တာဗ်ဴးကို မလာခင္မွာ အျခားေသာ အသင္းေတြရဲ႕ ရလဒ္နဲ႔ ပက္သက္လို႔ က်ေနာ္မွာ ဘာသဲလြန္စမွ ရစရာမရွိဘူး။ ဒါက အမွန္တရားပါပဲ။ ဘယ္သူ႔ကိုမွလည္း က်ေနာ္ မေမးဘူး။ က်ေနာ္မွာ ကစားသမားေတြနဲ႔ စကားေျပာရင္တယ္။ လူအမ်ားၾကီးနဲ႔ စကားေျပာရတယ္ အဲ့တာျပီးရင္ အင္တာဗ်ဴးကို လာရတယ္။

အင္တာဗ်ဴးေတြ လုပ္ရာမွာ အျခားအသင္းအေၾကာင္းကို စဥ္းစားဖို႔ တစကၠန္႔ေတာင္ မစဥ္းစားပါဘူး။ အဲ့တာျပီးမွ အျခားအသင္းေတြ ဘယ္လုိကစားလဲနဲ႔ ပက္သက္ျပီးေတာ့ ေဘးကို ေမးရတယ္။ တစ္ေယာက္ေယာက္က မန္စီးတီးက ၈၆ မိနစ္က သြင္းဂိုးနဲ႔ ႏုိင္သြားတယ္ေျပာတယ္။ ဒါေလာက္ပါပဲ။ ဒီေတာ့ ကိုယ္ပြဲအျပီးမွာ အျခားအသင္းပြဲအေၾကာင္း သိေနတဲ့ ကိစၥေတြကို က်ေနာ္ နားမလည္ဘူး။

အျခားအသင္းအေၾကာင္း စဥ္းစားေနဖို႔လည္း က်ေနာ္ ဦးေႏွာက္က အရမ္းမေကာင္းတာ ေသခ်ာပါတယ္။ ကိုယ္အသင္းအေၾကာင္းနဲ႔ စီမံရမယ့္ ကိစၥေတြကို စဥ္းစားဖို႔ေလာက္ပဲ လံုေလာက္တယ္။ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဂ်န္႔နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး က်ေနာ္ရဲ႕ စိတ္ဝင္စားမႈေတြက အဲ့ပြဲမွာပါပဲ။ ဒါကပဲ က်ေနာ္ လုပ္ႏုိင္တာ အားလံုးပါ။ ဒါျပီးမွပဲ မန္စီးတီးနဲ႔ပြဲအေၾကာင္း စကားေျပာပါမယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။