ချယ်ဆီးဟာ ဇန်နဝါရီမှာ ကစားသမားခေါ်ယူမှုတွေ လုပ်နိုင်ချိန်မှာနဲ့ လာမယ့် နွေအပြောင်းအရွှေ့တွေမှာအတွက် အဓိက ခေါ်ယူမှုလုပ်မယ့် ကစားသမား ၅ ဦးစာရင်းကို ပြုစုထားပြီဖြစ်ပါတယ်။

တိုက်စစ်သမားတွေဖြစ်တဲ့ ဇာဟာနဲ့ ဝါနာတို့ဟာ ချယ်ဆီးရဲ့ ထိပ်တန်းပစ်မှတ် ၅ ဦးထဲမှာ ပါဝင်နေတာဖြစ်ပြီး မန်နေဂျာလမ်းပတ်က ကလပ်အသင်းရဲ့ ကင်းထောက်တွေကို အဆိုပါ ကစားသမားနှစ်ဦး ခေါ်ယူခွင့်နဲ့ပက်သက်ပြီး စီစဉ်ခိုင်းမှုတွေ ရှိနေပါတယ်။ နွေတုန်းက ပဲလေစ့်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဇာဟာကို ချယ်ဆီးက ပထမဆုံး ကြိုးစားနိုင်တယ်လို့ သိရတယ်။

အသက် ၂၆ နှစ်အရွယ် ဇာဟာ ဟာ လန်ဒန်အခြေစိုက် ပဲလေစ့်အသင်းရဲ့ အဓိက အသင်းသားဖြစ်ပြီး မြို့ခံပြိုင်ဘက် ချယ်ဆီးကို ပြောင်းလာတာက ခြေစွမ်း အထိုင်ကျမှုမှာ မြန်ဆန်မယ်လို့ ယူဆရမှုတွေ ရှိနေတယ်။ ဝါနာကတော့ လိုက်ဇစ်အတွက် ဒီရာသီ ၁၂ ဂိုး သွင်းထားသူဖြစ်ပြီး ချယ်ဆီးတိုက်စစ်ကို ပိုမိုထက်မြက်လာစေဖို့ ရှုထောင့်သစ်တွေကို ပေးစွမ်းမယ့် ကစားသမားလည်း ဖြစ်ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်ကလည်း ဝါနာကို ခေါ်ယူလိုနေတာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူခွင့်မှာ ချယ်ဆီးကလည်း ပါဝင်ယှဉ်ပြိုင်လိုတာပါ။ ဒါ့အပြင် လိုင်ယွန်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ ပြင်သစ်သား တိုက်စစ်မှူး ဒမ်ဘီလီကိုလည်း ချယ်ဆီးက အလိုရှိတဲ့ ကစားသမား ၅ ဦးစာရင်းထဲ ထည့်တွင်းထားတယ်လို့ သိရတယ်။ ဖူလ်ဟမ်ကစားသမားဟောင်းဖြစ်တဲ့ ဒမ်ဘီလီဟာလည်း လန်ဒန်ကလပ်မှာ အခြေကျဖို့ မျှော်လင့်နိုင်သူမျိုးဖြစ်တယ်။

ချယ်ဆီးရဲ့ ပစ်မှတ် ၅ ဦးထဲက နောက်ထပ် နှစ်ဦးကတော့ လက်စတာမှ ဘယ်အစွန်လူ ချီဝဲလ်နဲ့ ဘရာဇီးကလပ် Athletico Paranaense အသင်းမှ ကွင်းလယ်လူ Bruno Guimaraes ဖြစ်တယ်လို့ သိရတယ်။ သူတို့ နှစ်ဦးလုံးဟာ အသက် ၂၂ နှစ်နဲ့ ၂၁ နှစ်အရွယ် ကစားသမားတွေပဲဖြစ်ပြီး ချယ်ဆီးရဲ့ ပစ်မှတ်တွေအရတော့ ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့ ကစားသမားမျိုးတွေကို ခေါ်ယူလိုခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်မှာတော့ ချယ်ဆီးရဲ့ အပြောင်းအရွှေ့ဆိုင်ရာကိစ္စ အယူခံမှုကို ထပ်မံ စစ်ဆေးမယ်လို့ သိရပြီး ဒီလထဲမှာပဲ အဖြေတစ်ခု ထပ်ထွက်လာဖို့ မျှော်လင့်ထားရတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ဇန္နဝါရီမွာ ကစားသမားေခၚယူမႈေတြ လုပ္ႏုိင္ခ်ိန္မွာနဲ႔ လာမယ့္ ေႏြအေျပာင္းအေရႊ႔ေတြမွာအတြက္ အဓိက ေခၚယူမႈလုပ္မယ့္ ကစားသမား ၅ ဦးစာရင္းကို ျပဳစုထားျပီျဖစ္ပါတယ္။

တိုက္စစ္သမားေတြျဖစ္တဲ့ ဇာဟာနဲ႔ ဝါနာတို႔ဟာ ခ်ယ္ဆီးရဲ႕ ထိပ္တန္းပစ္မွတ္ ၅ ဦးထဲမွာ ပါဝင္ေနတာျဖစ္ျပီး မန္ေနဂ်ာလမ္းပတ္က ကလပ္အသင္းရဲ႕ ကငး္ေထာက္ေတြကို အဆိုပါ ကစားသမားႏွစ္ဦး ေခၚယူခြင့္နဲ႔ပက္သက္ျပီး စီစဥ္ခုိင္းမႈေတြ ရွိေနပါတယ္။ ေႏြတုန္းက ပဲေလစ့္ကေန ထြက္ခြာဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ ဇာဟာကို ခ်ယ္ဆီးက ပထမဆံုး ၾကိဳးစားႏုိင္တယ္လို႔ သိရတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ဇာဟာ ဟာ လန္ဒန္အေျခစိုက္ ပဲေလစ့္အသင္းရဲ႕ အဓိက အသင္းသားျဖစ္ျပီး ျမိဳ႕ခံျပိဳင္ဘက္ ခ်ယ္ဆီးကို ေျပာင္းလာတာက ေျခစြမ္း အထုိင္က်မႈမွာ ျမန္ဆန္မယ္လို႔ ယူဆရမႈေတြ ရွိေနတယ္။ ဝါနာကေတာ့ လိုက္ဇစ္အတြက္ ဒီရာသီ ၁၂ ဂိုး သြင္းထားသူျဖစ္ျပီး ခ်ယ္ဆီးတိုက္စစ္ကို ပိုမိုထက္ျမက္လာေစဖို႔ ရႈေထာင့္သစ္ေတြကို ေပးစြမ္းမယ့္ ကစားသမားလည္း ျဖစ္ပါတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ကလည္း ဝါနာကို ေခၚယူလိုေနတာျဖစ္ျပီး အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမားကို ေခၚယူခြင့္မွာ ခ်ယ္ဆီးကလည္း ပါဝင္ယွဥ္ျပိဳင္လိုတာပါ။ ဒါ့အျပင္ လိုင္ယြန္အသင္းနဲ႔ ေျခစြမ္းျပေနတဲ့ ျပင္သစ္သား တိုက္စစ္မွဴး ဒမ္ဘီလီကိုလည္း ခ်ယ္ဆီးက အလိုရွိတဲ့ ကစားသမား ၅ ဦးစာရင္းထဲ ထည့္တြင္းထားတယ္လို႔ သိရတယ္။ ဖူလ္ဟမ္ကစားသမားေဟာင္းျဖစ္တဲ့ ဒမ္ဘီလီဟာလည္း လန္ဒန္ကလပ္မွာ အေျခက်ဖို႔ ေမွ်ာ္လင့္ႏုိင္သူမ်ိဳးျဖစ္တယ္။

ခ်ယ္ဆီးရဲ႕ ပစ္မွတ္ ၅ ဦးထဲက ေနာက္ထပ္ ႏွစ္ဦးကေတာ့ လက္စတာမွ ဘယ္အစြန္လူ ခ်ီဝဲလ္နဲ႔ ဘရာဇီးကလပ္ Athletico Paranaense အသင္းမွ ကြင္းလယ္လူ Bruno Guimaraes ျဖစ္တယ္လို႔ သိရတယ္။ သူတို႔ ႏွစ္ဦးလံုးဟာ အသက္ ၂၂ ႏွစ္နဲ႔ ၂၁ ႏွစ္အရြယ္ ကစားသမားေတြပဲျဖစ္ျပီး ခ်ယ္ဆီးရဲ႕ ပစ္မွတ္ေတြအရေတာ့ ငယ္ရြယ္ျပီး အလားအလာေကာင္းတဲ့ ကစားသမားမ်ိဳးေတြကို ေခၚယူလိုျခင္း ျဖစ္တယ္လို႔ ယူဆရပါတယ္။

ႏိုဝင္ဘာလ ၂၀ ရက္မွာေတာ့ ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႔ဆိုင္ရာကိစၥ အယူခံမႈကို ထပ္မံ စစ္ေဆးမယ္လို႔ သိရျပီး ဒီလထဲမွာပဲ အေျဖတစ္ခု ထပ္ထြက္လာဖို႔ ေမွ်ာ္လင့္ထားရတာျဖစ္ပါတယ္။