ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲကြို လီဗာပူးအသင်းရဲ့ ကွင်းဖွင့် လေ့ကျင့်ရေး အစီအစဉ်မှာတော့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် မပါဝင်ခဲ့ပါဘူး။ သူဟာ ဒဏ်ရာရနေတဲ့ အနေအထား မဟုတ်ဘူးလို့လည်း မာဆေးဆိုဒ်သတင်းတွေအရ သိရတယ်။

ကွင်းဖွင့်လေ့ကျင့်ရေးမှာ အခြားသော ကစားသမားတွေအားလုံး ပပါဝင်ခဲ့ပေမယ့် ဟန်ဒါဆန် မပါခဲ့တာဖြစ်တယ်။ အဆိုပါ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး မကြာခင်မှာပဲ ယာဂင်ကလော့ပ်က အန်ဖီးကွင်းမှာ မီဒီယာတွေ့ဆုံမှုကို ဂိုးသမား အယ်လီဆန်နဲ့အတူ တက်ရောက်လာခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ မပါပေမယ့် ဟန်ဒါဆန်ဟာ နောက်ဆုံး ပြင်ဆင်မှုတွေမှာ ပါဝင်လာဖွယ်ရှိတယ်လို့လည်း သိရတယ်။

ဒီရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၁၂ ပွဲကို ပွဲထွက်လူစာရင်းကနေ ပါဝင်ထားတဲ့ ဟန်ဒါဆန်ဟာ အရင်လကလည်း ဂျန့်နဲ့ အဝေးကွင်းပွဲမှာ အရန်စာရင်းမှာပဲ ရှိနေခဲ့ဖူးပါတယ်။ ယာဂင်ကလော့ပ်က ကွင်းလယ်မှာ ကီတာ၊ ချိန်ဘာလိန်တို့ကို ဖာဘင်ညိုနဲ့အတူ ထည့်သွင်းခဲ့ပြီး ၄-၁ နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်။ လေ့ကျင့်ရေးမှာ ဟန်ဒါဆန် မပါပေမယ့် မီလ်နာ၊ လယ်လာနာ၊ ဖာဘင်ညို အပါအဝင် ကွင်းလယ်လူတွေအားလုံး ပါဝင်ခဲ့ပါတယ်။

သီတင်းပတ်အကုန်မှာ လီဗာပူးဟာ မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်လို့ ဂျန့်နဲ့ပွဲမှာ လူစာရင်း အပြောင်းအလဲ လုပ်လာမယ်လို့ ယူဆရတယ်။ လူတိုင်း စောင့်ကြည့်နေတဲ့ အဓိက နေရာကတော့ ကွင်းလယ်ဖြစ်ပြီး လှုပ်အားနှုန်းကောင်းပြီး အစွန်သမားတွေကို တိုက်စစ်စိတ်တိုင်းကျ လိုက်ခွင့်ရဖို့ ကူညီနိုင်တဲ့ ကွင်းလယ်လူတွေအစား ကွင်းလယ်ကနေ တိုက်စစ်ကို ပိုမိုလိုက်ပါနိုင်တဲ့ ကစားသမားတွေကို ထည့်သွင်းမလားလို့လည်း စောင့်ကြည့်ခံနေရတယ်။

မန်နေဂျာကလော့ပ်က “ ပြဿနာက တနင်္ဂနွေနေ့ပွဲ မဟုတ်ပါဘူး။ အင်္ဂါနေ့ကနေ တနင်္ဂနွေဆိုတာက အချိန်တွေ အများကြီး ရှိပါတယ်။ ပြဿနာဖြစ်ပြီး ကျနော်တို့ စဉ်းစားနေရတာက စနေပွဲအပြီး အင်္ဂါနေ့ ယှဉ်ပြိုင်ရမှုဖြစ်တယ်။ ဒါက ပွဲတွေမှာ အနားပေးရမှု တိုတောင်းပါတယ်။ ဒီတော့ ကျနော်တို့ စဉ်းစားဖို့ လိုပါတယ် ” လို့ ပြောဆိုထားတာဖြစ်တယ်။

ZAWGYI

ဂ်န္႔နဲ႔ ခ်န္ပီယံလိဂ္ပြဲၾကိဳ လီဗာပူးအသင္းရဲ႕ ကြင္းဖြင့္ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ မပါဝင္ခဲ့ပါဘူး။ သူဟာ ဒဏ္ရာရေနတဲ့ အေနအထား မဟုတ္ဘူးလို႔လည္း မာေဆးဆိုဒ္သတင္းေတြအရ သိရတယ္။

ကြင္းဖြင့္ေလ့က်င့္ေရးမွာ အျခားေသာ ကစားသမားေတြအားလံုး ပပါဝင္ခဲ့ေပမယ့္ ဟန္ဒါဆန္ မပါခဲ့တာျဖစ္တယ္။ အဆိုပါ ေလ့က်င့္မႈေတြ ျပဳလုပ္ေနျပီး မၾကာခင္မွာပဲ ယာဂင္ကေလာ့ပ္က အန္ဖီးကြင္းမွာ မီဒီယာေတြ႔ဆံုမႈကို ဂိုးသမား အယ္လီဆန္နဲ႔အတူ တက္ေရာက္လာခဲ့ပါတယ္။ ေလ့က်င့္ေရးမွာ မပါေပမယ့္ ဟန္ဒါဆန္ဟာ ေနာက္ဆံုး ျပင္ဆင္မႈေတြမွာ ပါဝင္လာဖြယ္ရွိတယ္လို႔လည္း သိရတယ္။

ဒီရာသီ ျပိဳင္ပြဲစံု ၁၆ ပြဲမွာ ၁၂ ပြဲကို ပြဲထြက္လူစာရင္းကေန ပါဝင္ထားတဲ့ ဟန္ဒါဆန္ဟာ အရင္လကလည္း ဂ်န္႔နဲ႔ အေဝးကြင္းပြဲမွာ အရန္စာရင္းမွာပဲ ရွိေနခဲ့ဖူးပါတယ္။ ယာဂင္ကေလာ့ပ္က ကြင္းလယ္မွာ ကီတာ၊ ခ်ိန္ဘာလိန္တို႔ကို ဖာဘင္ညိဳနဲ႔အတူ ထည့္သြင္းခဲ့ျပီး ၄-၁ နဲ႔ အႏုိင္ရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္တယ္။ ေလ့က်င့္ေရးမွာ ဟန္ဒါဆန္ မပါေပမယ့္ မီလ္နာ၊ လယ္လာနာ၊ ဖာဘင္ညိဳ အပါအဝင္ ကြင္းလယ္လူေတြအားလံုး ပါဝင္ခဲ့ပါတယ္။

သီတင္းပတ္အကုန္မွာ လီဗာပူးဟာ မန္စီးတီးကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္လုိ႔ ဂ်န္႔နဲ႔ပြဲမွာ လူစာရင္း အေျပာင္းအလဲ လုပ္လာမယ္လို႔ ယူဆရတယ္။ လူတိုင္း ေစာင့္ၾကည့္ေနတဲ့ အဓိက ေနရာကေတာ့ ကြင္းလယ္ျဖစ္ျပီး လႈပ္အားႏႈန္းေကာင္းျပီး အစြန္သမားေတြကို တိုက္စစ္စိတ္တိုင္းက် လိုက္ခြင့္ရဖို႔ ကူညီႏုိင္တဲ့ ကြင္းလယ္လူေတြအစား ကြင္းလယ္ကေန တိုက္စစ္ကို ပိုမိုလိုက္ပါႏုိင္တဲ့ ကစားသမားေတြကို ထည့္သြင္းမလားလို႔လည္း ေစာင့္ၾကည့္ခံေနရတယ္။

မန္ေနဂ်ာကေလာ့ပ္က “ ျပႆနာက တနဂၤေႏြေန႔ပြဲ မဟုတ္ပါဘူး။ အဂၤါေန႔ကေန တနဂၤေႏြဆိုတာက အခ်ိန္ေတြ အမ်ားၾကီး ရွိပါတယ္။ ျပႆနာျဖစ္ျပီး က်ေနာ္တုိ႔ စဥ္းစားေနရတာက စေနပြဲအျပီး အဂၤါေန႔ ယွဥ္ျပိဳင္ရမႈျဖစ္တယ္။ ဒါက ပြဲေတြမွာ အနားေပးရမႈ တိုေတာင္းပါတယ္။ ဒီေတာ့ က်ေနာ္တုိ႔ စဥ္းစားဖို႔ လိုပါတယ္ ” လို႔ ေျပာဆိုထားတာျဖစ္တယ္။