ယူနိုက်တက်နဲ့ စပါးတို့ဟာ အေဂျက်အသင်း ဂိုးသမားဖြစ်တဲ့ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကစားသမားရဲ့ အေဂျန့်နဲ့ ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်နေကြတယ်လို့ နယ်သာလန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

မနှစ်ကရာသီ နယ်သာလန်ကလပ်နဲ့အတူ တောက်ပလာတဲ့ ဂိုးသမားလေးဟာ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် တောက်ပလာနေခဲ့တာဖြစ်တယ်။ ပြည်တွင်းဆုဖလား နှစ်လုံးကို အနိုင်ရခဲ့သလို ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ကာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှုမှာလည်း အသက် ၂၃ နှစ်အရွယ် ဂိုးသမားက အဓိက ကျခဲ့သူဖြစ်တယ်။

မနှစ်က တောက်ပခဲ့သလိုပဲ ဒီရာသီမှာလည်း ထူးချွန်တဲ့ လက်စွမ်းတွေ ဆက်လက် ပြသနေတဲ့ ကင်မရွန်းလက်ရွေးစင်ကိုတော့ ယူနိုက်တက်၊ စပါးအပြင် ပီအက်ဂျီကပဲ စိတ်ဝင်စားမှုတွေ ရှိနေတာဖြစ်တယ်။ ကလပ်အသင်း သုံးသင်းလုံးကလည်း ဂိုးသမားလေးကို ခေါ်ယူနိုင်ဖို့အတွက် အေးဂျန့်ဖြစ်သူထံ ချိတ်ဆက်မှု စကားပြောမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နယ်သာလန် သတင်းတွေမှာတော့ ကစားသမားလေးရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၃၄.၅ သန်းကနေ ပေါင် ၄၃ သန်းထိ ရှိမယ်လို့ သိရတယ်။ နာမည်ကျော် ဘောလုံးအကယ်ဒမီဖြစ်တဲ့ လာမာစီယာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အေဂျက်ကို ရောက်လာခဲ့တဲ့ အိုနာနာဟာ ၂၀၂၂ ခုနှစ်ထိ နယ်သာလန်ကလပ်မှာ ရှိနေမယ့် စာချုပ်ကိုလည်း ချုပ်ဆိုထားတာဖြစ်ပါတယ်။

မတ်လတုန်းက စာချုပ်သစ်ကို ကာလတိုတစ်ခု ထပ်တိုးခဲ့စဉ် အိုနာနာက သူ့အတွက် ပွဲထွက်ခွင့်တွေ ပုံမှန်လိုအပ်တာကြောင့် ပွဲကစားခွင့်ရမယ့် အေဂျက်နဲ့ သက်တမ်းတိုးတာဖြစ်ကြောင်း ဝန်ခံခဲ့တယ်။ ဥရောပ ထိပ်တန်းကလပ်တွေက သူ့ကို အလိုရှိနေကြတယ်ဆိုတာ နားလည်ထားပေမယ့်လည်း အေဂျက်ကို ပြန်လည်ပေးဆပ်နိုင်ဖို့ စာချုပ်သစ် ချုပ်ခဲ့ခြင်းလို့ သူက ပြောခဲ့ပါသေးတယ်။

စပါးဟာ ဂိုးသမား လိုရစ်နေရာမှာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေသလို ယူနိုက်တက်ကလည်း ကာလရှည် သက်တမ်းတိုးထားတဲ့ ဒီဂီယာကို ထိပ်တိုက် ယှဉ်ပြိုင်နိုင်စွမ်းရှိမယ့် ဂိုးသမားသစ်တစ်ဦးကို ခေါ်ယူလိုလာတာဖြစ်တယ်။ ဥရောပအောင်မြင်မှုရဖို့ တာဆူနေတဲ့ ပီအက်ဂျီကလည်း လူငယ်သွေးသစ်တွေကို စုဆောင်းနေရာမှာ အိုနာနာကို မျက်စိကျလာတယ်လို့ သိရပါတယ်။

ZAWGYI

ယူႏုိက္တက္နဲ႔ စပါးတို႔ဟာ ေအဂ်က္အသင္း ဂိုးသမားျဖစ္တဲ့ အိုနာနာကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကျပီး ကစားသမားရဲ႕ ေအဂ်န္႔နဲ႔ ခ်ိတ္ဆက္မႈေတြ စတင္လုပ္ေဆာင္ေနၾကတယ္လုိ႔ နယ္သာလန္သတင္းေတြက ေဖာ္ျပလာခဲ့ပါတယ္။

မႏွစ္ကရာသီ နယ္သာလန္ကလပ္နဲ႔အတူ ေတာက္ပလာတဲ့ ဂိုးသမားေလးဟာ ဥေရာပရဲ႕ အေကာင္းဆံုး ဂိုးသမားေတြထဲက တစ္ဦးအျဖစ္ ေတာက္ပလာေနခဲ့တာျဖစ္တယ္။ ျပည္တြင္းဆုဖလား ႏွစ္လံုးကို အႏုိင္ရခဲ့သလို ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ႏိုင္ကာ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မႈမွာလည္း အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားက အဓိက က်ခဲ့သူျဖစ္တယ္။

မႏွစ္က ေတာက္ပခဲ့သလိုပဲ ဒီရာသီမွာလည္း ထူးခၽြန္တဲ့ လက္စြမ္းေတြ ဆက္လက္ ျပသေနတဲ့ ကင္မရြန္းလက္ေရြးစင္ကိုေတာ့ ယူႏုိက္တက္၊ စပါးအျပင္ ပီအက္ဂ်ီကပဲ စိတ္ဝင္စားမႈေတြ ရွိေနတာျဖစ္တယ္။ ကလပ္အသင္း သံုးသင္းလံုးကလည္း ဂိုးသမားေလးကို ေခၚယူႏုိင္ဖို႔အတြက္ ေအးဂ်န္႔ျဖစ္သူထံ ခ်ိတ္ဆက္မႈ စကားေျပာမႈေတြ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။

နယ္သာလန္ သတင္းေတြမွာေတာ့ ကစားသမားေလးရဲ႕ ေျပာင္းေရႊ႔ေၾကးဟာ ေပါင္ ၃၄.၅ သန္းကေန ေပါင္ ၄၃ သန္းထိ ရွိမယ္လို႔ သိရတယ္။ နာမည္ေက်ာ္ ေဘာလံုးအကယ္ဒမီျဖစ္တဲ့ လာမာစီယာ အကယ္ဒမီကေန ေပၚထြက္လာခဲ့ျပီး ၂၀၁၅ ခုႏွစ္မွာ ေအဂ်က္ကို ေရာက္လာခဲ့တဲ့ အိုနာနာဟာ ၂၀၂၂ ခုႏွစ္ထိ နယ္သာလန္ကလပ္မွာ ရွိေနမယ့္ စာခ်ဳပ္ကိုလည္း ခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။

မတ္လတုန္းက စာခ်ဳပ္သစ္ကို ကာလတိုတစ္ခု ထပ္တိုးခဲ့စဥ္ အိုနာနာက သူ႔အတြက္ ပြဲထြက္ခြင့္ေတြ ပံုမွန္လိုအပ္တာေၾကာင့္ ပြဲကစားခြင့္ရမယ့္ ေအဂ်က္နဲ႔ သက္တမ္းတိုးတာျဖစ္ေၾကာင္း ဝန္ခံခဲ့တယ္။ ဥေရာပ ထိပ္တန္းကလပ္ေတြက သူ႔ကို အလိုရွိေနၾကတယ္ဆိုတာ နားလည္ထားေပမယ့္လည္း ေအဂ်က္ကို ျပန္လည္ေပးဆပ္ႏုိင္ဖို႔ စာခ်ဳပ္သစ္ ခ်ဳပ္ခဲ့ျခင္းလို႔ သူက ေျပာခဲ့ပါေသးတယ္။

စပါးဟာ ဂိုးသမား လိုရစ္ေနရာမွာ အစားထိုးဖို႔ ဂိုးသမားသစ္ ရွာေဖြေနသလို ယူႏုိက္တက္ကလည္း ကာလရွည္ သက္တမ္းတိုးထားတဲ့ ဒီဂီယာကို ထိပ္တိုက္ ယွဥ္ျပိဳင္ႏုိင္စြမ္းရွိမယ့္ ဂိုးသမားသစ္တစ္ဦးကို ေခၚယူလိုလာတာျဖစ္တယ္။ ဥေရာပေအာင္ျမင္မႈရဖို႔ တာဆူေနတဲ့ ပီအက္ဂ်ီကလည္း လူငယ္ေသြးသစ္ေတြကို စုေဆာင္းေနရာမွာ အိုနာနာကို မ်က္စိက်လာတယ္လို႔ သိရပါတယ္။