ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် ၄ အဖြစ် ဒီအပတ်မှာ လီဗာပူးးဟာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ရာ ဖိအားတွေ မခံရစေဖို့ ဒီလိုပွဲကို အနိုင်ယူထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီပွဲပြီးရင်တော့ ချန်ပီယံလိ အုပ်စုတွင်းပြိုင်ဘက် ဆဲလ်ဘတ်၊ နာပိုလီတို့ကို ယှဉ်ပြိုင်ကစားရမှာပါ။ အဲ့ပွဲတွေမတိုင်ခင် အရေးပါတဲ့ အနေအထားအဖြစ် အမှတ်ပေးဖလားပြိုင်ဘက် မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်လို့ လူစာရင်း အပြောင်းအလဲတွေ ရှိလာနိုင်ပြီး အဓိကကစားသမား အချို့ကို အနားပေးသွားမယ့် အလားအလာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

” လီဗာပူးဟာ နောက်ဆုံးဧည့်ခံကစားတဲ့ ဥရောပပွဲ ၂၃ ပွဲကို အရေးမနိမ့်ထားပဲ ၁၇ ပွဲကို အနိုင်ရကာ ၆ ပွဲ သရေကျထားတာဖြစ်တယ်။ ဘယ်ဂျီယံလိဂ်ရဲ့ ဇယားအလယ်မှာ ရုန်းကန်နေရတဲ့ ဂျန့်အတွက်တော့ ဒီလို မှတ်တမ်းကောင်းက အံ့အားသင့်စရာ ဖြစ်ပြီးနိုင်ပြီး တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ အရေးပါတဲ့ အမှတ်ပေးပွဲကစားရမယ့် လီဗာပူးကို ရပ်တန့်နိုင်မှာ မဟုတ်ပဲ သက်သောင့်သက်သာနဲ့ အိမ်ရှင်တွေ အနိုင်ရသွားပါလိမ့်မယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အရင်တစ်ပတ်က ပွဲစဉ် ၃ အဖြစ် ဘယ်ဂျီယံမှာပဲ ဂျန့်ကို ၄-၁ နဲ့ အနိုင်ရခဲ့ကာ ဒီပွဲမှာ ဧည့်သည်အသင်းက လီဗာပူးဘက်ကို ဂိုးသွင်းနိုင်မှာ မဟုတ်ပါဘူး ” လို့ မိုက်ကယ်အိုဝင်က ပွဲအပေါ် သုံးသပ်မှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ဂျန့်ပွဲ ပွဲရလဒ်အတွက် မိုက်ကယ်အိုဝင်က ခန့်မှန်းမှု လုပ်ရာမှာတော့ ပုံစံကောင်းရနေတဲ့ လီဗာပူးကို ဧည့်သည် ဘယ်ဂျီယံကလပ်က လုံးဝ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပဲ အိမ်ရှင်အသင်းက ပေးဂိုးမဲ့နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပြဲစဥ္ ၄ အျဖစ္ ဒီအပတ္မွာ လီဗာပူးးဟာ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ရာ ဖိအားေတြ မခံရေစဖို႔ ဒီလိုပြဲကို အႏုိင္ယူထားဖို႔ လိုအပ္မွာပဲ ျဖစ္ပါတယ္။

လီဗာပူးဟာ ဒီပြဲျပီးရင္ေတာ့ ခ်န္ပီယံလိ အုပ္စုတြင္းျပိဳင္ဘက္ ဆဲလ္ဘတ္၊ နာပိုလီတို႔ကို ယွဥ္ျပိဳင္ကစားရမွာပါ။ အဲ့ပြဲေတြမတိုင္ခင္ အေရးပါတဲ့ အေနအထားအျဖစ္ အမွတ္ေပးဖလားျပိဳင္ဘက္ မန္စီးတီးကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္လို႔ လူစာရင္း အေျပာင္းအလဲေတြ ရွိလာႏုိင္ျပီး အဓိကကစားသမား အခ်ိဳ႕ကို အနားေပးသြားမယ့္ အလားအလာေတြလည္း ရွိေနတာ ျဖစ္ပါတယ္။

” လီဗာပူးဟာ ေနာက္ဆံုးဧည့္ခံကစားတဲ့ ဥေရာပပြဲ ၂၃ ပြဲကို အေရးမနိမ့္ထားပဲ ၁၇ ပြဲကို အႏုိင္ရကာ ၆ ပြဲ သေရက်ထားတာျဖစ္တယ္။ ဘယ္ဂ်ီယံလိဂ္ရဲ႕ ဇယားအလယ္မွာ ရုန္းကန္ေနရတဲ့ ဂ်န္႔အတြက္ေတာ့ ဒီလို မွတ္တမ္းေကာင္းက အံ့အားသင့္စရာ ျဖစ္ျပီးႏုိင္ျပီး တနဂၤေႏြေန႔မွာ မန္စီးတီးနဲ႔ အေရးပါတဲ့ အမွတ္ေပးပြဲကစားရမယ့္ လီဗာပူးကို ရပ္တန္႔ႏုိင္မွာ မဟုတ္ပဲ သက္ေသာင့္သက္သာနဲ႔ အိမ္ရွင္ေတြ အႏုိင္ရသြားပါလိမ့္မယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ အရင္တစ္ပတ္က ပြဲစဥ္ ၃ အျဖစ္ ဘယ္ဂ်ီယံမွာပဲ ဂ်န္႔ကို ၄-၁ နဲ႔ အႏုိင္ရခဲ့ကာ ဒီပြဲမွာ ဧည့္သည္အသင္းက လီဗာပူးဘက္ကို ဂိုးသြင္းႏုိင္မွာ မဟုတ္ပါဘူး ” လို႔ မိုက္ကယ္အိုဝင္က ပြဲအေပၚ သံုးသပ္မႈ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ ဂ်န္႔ပြဲ ပြဲရလဒ္အတြက္ မိုက္ကယ္အိုဝင္က ခန္႔မွန္းမႈ လုပ္ရာမွာေတာ့ ပံုစံေကာင္းရေနတဲ့ လီဗာပူးကို ဧည့္သည္ ဘယ္ဂ်ီယံကလပ္က လံုးဝ ယွဥ္ျပိဳင္ႏုိင္မွာ မဟုတ္ပဲ အိမ္ရွင္အသင္းက ေပးဂိုးမဲ့နဲ႔ အႏုိင္ရသြားလိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့တာပဲ ျဖစ္ပါတယ္။