အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီဟာ ဒီနွေမှာ ရခဲ့တဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ပီပီကို ခေါ်ယူခဲ့ပေမယ့် တကယ်တမ်း ခေါ်ယူခဲ့သင့်တာက မက်ဂွဲရားဖြစ်တယ်ဆိုတဲ့ ထောက်ပြမှု ထွက်လာခဲ့ပါတယ်။

အဆိုပါ မှတ်ချက်ကို ပြောဆိုခဲ့တာက ချာတန်အသင်းမန်နေဂျာ Lee Bowyer ဖြစ်ပြီး တကယ်တမ်းမှာ အာဆင်နယ်ဟာ တိုက်စစ်ထက် ခံစစ်ကို ပိုလိုအပ်ခဲ့တာလို့ သူက မြင်ပါတယ်။ အာဆင်နယ်က အံ့အားသင့်လောက်တဲ့ အနေအထားအဖြစ် ပီပီကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ခံစစ်အတွက်တော့ ချယ်ဆီးထံက လူးဝစ်ကို ပေါင် ၈ သန်းပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးကို ငွေကြေအင်အား တစ်လုံးတည်း သုံးနိုင်ခြင်းလည်း မရှိခဲ့ပဲ ပီပီအတွက် ငွေပေးချေမှုမှာ အရစ်ကျပုံစံတွေ ပါဝင်ခဲ့တာပါ။ မက်ဂွဲရားကတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၀ သန်းနဲ့အတူ ယူနိုက်တက်ကို ခံစစ်သမားအတွက် ကမ္ဘာစံချိန်တင်ကြေးနဲ့ ရောက်ရှိသွားခဲ့တာဖြစ်တယ်။ Lee Bowyer ကတော့ တကယ်တမ်းမှာ မက်ဂွဲရားဟာ အာဆင်နယ်ကို ရောက်သင့်တာဖြစ်ပြီး လန်ဒန်ကလပ်က ခံစစ်သမား လိုအပ်ခဲ့တာလို့ ဆိုပါတယ်။

စကိုင်းရဲ့ ဆွေးနွေးခြင်း အစီအစဉ်ကနေပဲ Lee Bowyer က ” ခံစစ်ပိုင်းမှာ အာဆင်နယ်က အားနည်းလွန်းတယ်။ သူတို့ ပေးဂိုးတွေ အများအပြားကို ခွင့်ပြုခဲ့ရပြီး အာဆင်နယ် ဗဟိုခံစစ်သမားတွေက ဒီနှစ်တွေထဲမှာ ပြဿနာတွေအများကြီး ရင်ဆိုင်ထားရပါတယ်။ ဒါက ဒီရာသီမှ မဟုတ်ပဲ အချိန်အတော်လည်း ကြာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်က နွေအပြောင်းအရွှေ့မှာ တောင်ပံသမားတစ်ဦးကို ပေါင် ၇၅ သန်း သုံးပြီး ခေါ်ယူတာထက် အဲ့သည် ပြောင်းရွှေ့ကြေးတွေကို အသုံးပြုပြီး ဗဟိုခံစစ်သမားကိုပဲ ခေါ်ယူခဲ့သင့်တာပါ။ မက်ဂွဲရားက အာဆင်နယ်နဲ့ ကိုက်ညီပါတယ်။ သူတို့ ဘာလို့များ မခေါ်ခဲ့သလဲ မသိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာ အူႏုိင္းအမ္မရီဟာ ဒီေႏြမွာ ရခဲ့တဲ့ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေတြနဲ႔ ပီပီကို ေခၚယူခဲ့ေပမယ့္ တကယ္တမ္း ေခၚယူခဲ့သင့္တာက မက္ဂြဲရားျဖစ္တယ္ဆိုတဲ့ ေထာက္ျပမႈ ထြက္လာခဲ့ပါတယ္။

အဆိုပါ မွတ္ခ်က္ကို ေျပာဆိုခဲ့တာက ခ်ာတန္အသင္းမန္ေနဂ်ာ Lee Bowyer ျဖစ္ျပီး တကယ္တမ္းမွာ အာဆင္နယ္ဟာ တိုက္စစ္ထက္ ခံစစ္ကို ပိုလိုအပ္ခဲ့တာလို႔ သူက ျမင္ပါတယ္။ အာဆင္နယ္က အံ့အားသင့္ေလာက္တဲ့ အေနအထားအျဖစ္ ပီပီကို ေပါင္ ၇၅ သန္းနဲ႔ ေခၚယူခဲ့ျပီး ခံစစ္အတြက္ေတာ့ ခ်ယ္ဆီးထံက လူးဝစ္ကို ေပါင္ ၈ သန္းေပးျပီး ေခၚယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္စီးတီးကို ေငြေၾကအင္အား တစ္လံုးတည္း သံုးႏုိင္ျခင္းလည္း မရွိခဲ့ပဲ ပီပီအတြက္ ေငြေပးေခ်မႈမွာ အရစ္က်ပံုစံေတြ ပါဝင္ခဲ့တာပါ။ မက္ဂြဲရားကေတာ့ ေျပာင္းေရႊ႔ေၾကး ေပါင္ ၈၀ သန္းနဲ႔အတူ ယူႏုိက္တက္ကို ခံစစ္သမားအတြက္ ကမၻာစံခ်ိန္တင္ေၾကးနဲ႔ ေရာက္ရွိသြားခဲ့တာျဖစ္တယ္။ Lee Bowyer ကေတာ့ တကယ္တမ္းမွာ မက္ဂြဲရားဟာ အာဆင္နယ္ကို ေရာက္သင့္တာျဖစ္ျပီး လန္ဒန္ကလပ္က ခံစစ္သမား လိုအပ္ခဲ့တာလို႔ ဆိုပါတယ္။

စကိုင္းရဲ႕ ေဆြးေႏြးျခင္း အစီအစဥ္ကေနပဲ Lee Bowyer က ” ခံစစ္ပိုင္းမွာ အာဆင္နယ္က အားနည္းလြန္းတယ္။ သူတို႔ ေပးဂိုးေတြ အမ်ားအျပားကို ခြင့္ျပဳခဲ့ရျပီး အာဆင္နယ္ ဗဟိုခံစစ္သမားေတြက ဒီႏွစ္ေတြထဲမွာ ျပႆနာေတြအမ်ားၾကီး ရင္ဆုိင္ထားရပါတယ္။ ဒါက ဒီရာသီမွ မဟုတ္ပဲ အခ်ိန္အေတာ္လည္း ၾကာခဲ့ျပီျဖစ္ပါတယ္။

အာဆင္နယ္က ေႏြအေျပာင္းအေရႊ႔မွာ ေတာင္ပံသမားတစ္ဦးကို ေပါင္ ၇၅ သန္း သံုးျပီး ေခၚယူတာထက္ အဲ့သည္ ေျပာင္းေရႊ႔ေၾကးေတြကို အသံုးျပဳျပီး ဗဟိုခံစစ္သမားကိုပဲ ေခၚယူခဲ့သင့္တာပါ။ မက္ဂြဲရားက အာဆင္နယ္နဲ႔ ကိုက္ညီပါတယ္။ သူတို႔ ဘာလို႔မ်ား မေခၚခဲ့သလဲ မသိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။